Thursday, May 1, 2008

နအဖတီရှပ်တွေ ကြက်ခြေခတ်ဖြစ်သွားခြင်း။

နအဖက ၀ါဒဖြန့် ချီရေးအတွက် စက်မှု (၁) ၀န်ကြီးဌာနကို အမှန်အမှတ်အသား () ကို တီရှပ်အင်္ကျီတွေမှာ ဆေးနဲ့ ရိုက်ခိုင်းပါတယ်။

တီရှပ်ရဲ့ အရှေ့ ဘက်နဲ့  အနောက်ဘက်နှစခုလုံးမှာ အမှန်အမှတ်သား ရိုက်ပြီး၊ ရေလျှော်ပြီး တီရှပ်တွေကို အခြောက်ခံထုတ်လှမ်းတော့၊ တီရှပ်တွေက အရှေ့ ဘက်နဲ့ အနောက်ဘက်ရေစိုပြီး ကပ်နေတယ်။ နောက်ဆုံး တီရှပ်တွေခြောက်လည်းခြောက်ရော အမှန်အမှတ်အသားကနေ ကန့် ကွက်တဲ့ (X) အမှတ်အသားကြီး ဖြစ်သွားပါသတဲ့ဗျား။

အော် တီရှပ်တောင် အသက်ရှိရင် ငါလည်း ကန့် ကွက်တာကွလို့ ဘဲ ပြောမလား၊ ဒါမှမဟုတ် နအဖရဲ့ တိုးတက်လှပါတယ်ဆိုတဲ့ စကိမှု (၁) ရဲ့  အညံ့စား တီရှပ်နဲ့  ဆေးကြောင့်လား၊ ဒါမှ မဟုတ် အလုပ်သမားတွေကို တစ်နေ့ က ကြိမ်းမောင်းခဲ့တဲ့ နအဖ၀န်ကြီးကိုဘဲ မကျေနပ်လို့  အလုပ်သမားတွေ ပညာသားပါပါနဲ့  ဆုံးမဖို့  လုပ်တာလား၊ ဒါမှမဟုတ် အတိတ်နမိတ်ကဘဲ ပြည်သူ့ ဝန်ထမ်းတွေကို ကန့် ကွက်ကြဖို့  လမ်းညွန်ပြနေတာဘဲလား တစ်ခုခုတော့ တစ်ခုခုပါဘဲ။

သေချာတာကတော့ အဲ့ဒီ ကြက်ခြေခတ်အမှတ်အသားဖြစ်သွားတဲ့ တီရှပ်တွေကို နအဖ၀န်ကြီးခမျာ သူကိုယ်တိုင်တောင် ထုတ်တောင်ဝတ်ရဲမှာ မဟုတ်ဖူး။

 
/* EOT ----------------------------------------- */