Monday, May 5, 2008

နအဖသံရုံးကသူတွေရဲ့  သူရဲဘောကြောင်သော ခိုးကြောင်ခိုးဝှက်လုပ်ရပ်များ။

ဂျာမဏီနိုင်ငံရှိ နအဖသံရုံးမှသူတွေ ခိုးကြောင်ခိုးဝှက်လုပ်နေတာ ကြည့်ကြပါဗျို့ ။ ဓါတ်ပုံအား ပုံကြီးချဲ့ ကြည့်ပါ။























မိတ်ဆွေအပေါင်းတို့ခင်ဗျာ....

၂၀၀၈ခုနှစ် မေလ (၂) ရက်နေ့က မြန်မာနအဖသံရုံးရှေ့တွင် အခြေခံဥပဒေ မူကြမ်းကို ဆန့်ကျင်တဲ့ အနေနဲ့ ဆန္ဒပြခဲ့ကြပါတယ်။ ရဟန်း၊ ကျောင်းသား နဲ့ ပြည်သူကို ရက်စက်စွာ သတ်ဖြတ်ခဲ့တဲ့ နအဖရဲ့ တပည့်တပန်းတွေဖြစ်တဲ့ နအဖသံရုံးမှ လူများရဲ့ သတ္တိနည်းပါး၊ သူရဲဘောကြောင်သူတို့ ရဲ့ လုပ်ရပ်အတိုင်း ခိုးကြေင်ခိုးဝှက် ဓာတ်ပုံခိုးရိုက်နေတဲ့ သက်သေခံဓာတ်ပုံကို တွေ့ရမှာဖြစ်ပါတယ်။ နအဖကလည်း ဒီလို သတ္တိမဲ့ တပည့်တပန်းတွေ မွေးထားတယ် ဆိုတာသိစေချင်ပါတယ်။ ယောက်ကျားဆိုတာ ပြောင်ပြောင်တင်းတင်း လုပ်ရဲတဲ့ သတ္တိရှိရမယ်ဆိုတာ သူတို့ တွေ မသိရှာဖူး။

အခုနေအထားကို စဉ်းစားကြည့်ကြပါဗျာ။ သူတို့က လက်နက်ကိုင်အာဏာရှင်အုပ်စု။ ကျွန်တော်တို့က လက်နက်မဲ့ ပြည်သူတွေ၊ ငြိမ်းချမ်းစွာ ဒီမိုကရေစီ တောင်းခံတဲ့လူတွေပါ။ ဘာလို့ သူတို့ကြောက်နေကြတာလဲ။ ဒီနေရာမှာ ဖြစ်နိုင်ခြေအချက်တွေ ရှိပါတယ်။ ဘယ်လိုဆိုဆို ဂျာမဏီရှိ နအဖသံရုံးမှာ နအဖအုပ်စုမှ သူရဲဘောကြောင်တဲ့ သံအမှုထမ်းများ ရှိတယ်ဆိုတာ သိစေချင်လို့ ဖော်ပြလိုက်ပါတယ်။ နောက်ဆုံးတခုအနေနဲ့ လက်နက်ကိုင် နအဖဟာ လက်နက်မဲ့ ပြည်သူများကို ကြောက်နေတယ်ဆိုတာ ထင်ထင်ရှားရှား သက်သေပြနေပါတယ် ။

အောက်မှာဖေါ်ပြထားတဲ့ ပုံတွေကတော့ ဂျာမဏီနိုင်ငံမှ မျိုးချစ်မြန်မာများ နအဖ၏ အလိမ်အညာ မဲဆန္ဒခံယူပွဲနှင့် အတုအယောင် အခြေခံဖွဲ့ စည်းပုံဥပဒေအား ကန့် ကွက်ကြစဉ်။





























(ပေးပို့ လာသူ ကိုမြင့်ဇော်အား အထူးကျေးဇူးတင်ရှိပါတယ်) ။

 
/* EOT ----------------------------------------- */