Friday, May 9, 2008

သြစတြေလျနိုင်ငံရှိ နအဖသံရုံးကားအား ရေဗူးဖြင့်ပြစ်ပေါက်ရာ ကားအမိုးကို တည့်တည့်ထိ။

သြစတြေလျနိုင်ငံရှိနအဖသံရုံးရှေ့ တွင် မျိုးချစ်မြန်မာ ၁၀၀ ကျော်မှ နအဖမဲဆန္ဒပေးပွဲအား ဆန္ဒပြကန့် ကွက်ကြကြောင်း သိရှိရသည်။

မုန်တိုင်းဘေးအန္ဒရာယ်ကျရောက်မှုနှင့်ပတ်သက်ပြီး ဘေးဒဏ်ပိုခံရမှုတွင် နအဖ၏ပေါ့ဆတာဝန်ကင်းမဲ့မှုကြောင့် ဖြစ်ကြောင်း ပြစ်တင်ရှုတ်ချကြကြောင်း သိရှိရသည်။

ငြိမ်းချမ်းစွာဆန္ဒပြနေစဉ် နအဖသံရုံးဝင်းထဲမှ ယာယီသံရုံးတာဝန်ခံကားထွက်လာကြောင်း၊ ကားထဲမှ သံရုံးတာဝန်ခံမှ အထဲမှနေပြီး မောက်မာသောမျက်နှာဖြင့် ဆန္ဒပြသူများအားဆက်ဆံကြောင်း သိရှိရသည်။

ထိုသံရုံးကားအား ဆန္ဒပြသူ မြန်မာကျောင်းသူတစ်ဦးမှ ရေဘူးဖြင့်ပြစ်ပေါက်ရာ မောင်းနေသော သံရုံးကားခေါင်းမိုး တည့်တည့်ပေါ်သို့ ထိသွားကာ ရေများရွှဲစိုသွားကြောင်း၊ ယာယီသံရုံးခံမှာ အထိတ်တလန့် ဖြစ်ကာ သံရုံးဝင်းအတွင်းသို့  ပြန်လည်မောင်းဝင်ပြေးသွားကြောင်း သိရှိရပါသည်။

သြစတြေလျ အဓိကရုန်းနှိမ်နင်းရေးရဲများမှ အင်အားအများအပြားဖြင့် ဆန္ဒပြရန်ခွင့်ပြုထားသောနေရာအတွင်းထိ ၀င်ရောက်ဆွဲရမ်းကာ အတင်းအဓမ္မဖမ်းဆီးရာ၊ ထိုကျောင်းသူအား ဆန္ဒပြသူများမှ ၀ိုင်းဝန်းကာကွယ်သော်လည်း ရဲများ၏ တွန်းချရမ်းကားမှုများကြောင့် ရေဘူးဖြင့်ပြစ်ပေါက်သူကျောင်းသူတစ်ဦးနှင့် ကျောင်းသားနှစ်ဦးအား ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရှိပါသည်။ ကျောင်းသူ သုံးဦး ထိခိုက်ဒဏ်ရာရရှိကြောင်း သိရှိရပါသည်။

ယခုအဖြစ်အပျက်နှင့် ပတ်သက်ပြီး သြစတြေလျနိုင်ငံ Green ACT ပါတီမှအမတ်ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ တွေ့ ရှိရသဖြင့် လိုအပ်သည်ထက် ပိုမိုအကြမ်းဖက်သည့် သြစတြေလျရဲများနှင့် နအဖသံရုံးအား ပြစ်တင်ရှုတ်ချကြောင်းနှင့် သြစတြေလျနိုင်ငံ ၀န်ကြီးချုပ်အား ဖုန်းဖြင့် ယခုကိစ္စအား ဖြေရှင်းပေးရန် အဆိုပါအမတ်မှ တောင်းဆိုကြောင်း သိရှိရပါသည်။

၎င်းအပြင် ဒဏ်ရာရရှိသူ ကျောင်းသူ သုံးဦးမှ အကြမ်းဖက်သည့် ရဲများအား ပြန်လည်တရားစွဲဆိုထားကြောင်းနှင့် နအဖသံရုံးအား နောက်နေ့ များတွင် ဆက်လက်ဆန္ဒပြမည်ဖြစ်ကြောင်း သိရှိရပါသည်။

(သတင်းပေပို့ လာသူ ကိုမိုးအား ကျေးဇူးတင်ရှိပါသည်)။

 
/* EOT ----------------------------------------- */