Tuesday, May 27, 2008

ယနေ့  ဆန္ဒပြပွဲတွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့သူတစ်ဦးမှ ပြောပြချက်။

ကျွန်တော်တို့  ချီတက်ဆန္ဒပြဖို့  ဆိုင်းဘုတ်တွေ ပြင် ဆင် နေ ကြ တယ်။ နေ့ လည် (၁) နာ၇ီကျော်ကျော်လောက်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ် ရုံးရှေ့ မှာ တန်းစီပြီ စတင်ဆန္ဒ ပြ ကြ ပါတယ်။ ပြီး တာ နဲ့  အရှေ့  ဘက် ရွှေဂုံတိုင် မီး ပွုင့်  ဘက် ကို စီတန်း ပြီး လမ်း လျှောက် ကြ တယ်။ အဲ့ ဒီအချိန် မှာ မိုးက လည်း ပို ကောင်း လာ တယ်။ ကင် မရာ သမားတွေ လဲ မိုးထဲ မှာ ပဲ အပြေး အလွှား ရိုက် နေ ကြ တယ်။ ကျွန်တော်တို့  တရုတ်ဘုံ ကျောင်းရှေ့  ရောက် တော့  လုံထိန်းကားတစီး ထွက် လိုက် လာ တယ်။ သူတို့  က လမ်း တဖက် မှာ ကျွန်တော်တို့  လူငယ်တွေက ဒီဘက် မှာ ဆန္ဒပြချီတက်နေကြတယ်။

လုံထိန်း ကားတွေက ဗဟန်း ဆက် သွယ်ရေး ရုံးရှေ့  မှာတင် (၆) စီးလောက် ရှိပါတယ်။ နောက် အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ်ရုံးရှေ့  က လမ်းကြားလေးမှာ ရဲ ကားက (၆)စီး၊ မီးသတ်ကားလည်း ရပ်ထားပါတယ်။ ယုဇနဟိုတ.ယ်ရှေ့  မှာ အချုပ်ကားပါတွေ့ ရပါတယ်။

ပြီးတော့  ရွေဂုံတိုင် မီး ပွိုင့်  ရောက် တော့  ကျွန်တော်တို့ ထဲက ဆိုင်းဘုတ်ကိုင်လာ တဲ့  အဖွဲ့ က လမ်း ရဲ့ ဘယ် ဘက် ကို ကွေ့ လိုက် တယ်။ ဒီလို နဲ့  အိပ်ဇဲ တာဝါ ရှေ့ ရောက် လာ တယ်။ အဲ့ ဒီ မှာ ဗဟန်း ဆက် သွယ် ရေး စခန်း ရှေ့  မှာ ကြိုတင် စောင့်  နေတဲ့ လုံ ထိန်း ကား တစ်စီး ထွက် လာ တယ်။ နောက် နံပါတ် (၁၀၅) လိုင်းကားပေါ် မှာ အရပ် ၀တ်တွေ နဲ ရဲတွေ လိုက် ချ လာ တယ်။

ဟာမစ် တစ် မှတ် တိုင် ရှေ့  လဲ ရောက် ရော ရဲ ကားတွေ လုံ ထိန်း ကားတွေက ရပ် လိုက်ပြီး၊ အထဲက သူတို့  တွေ ကားပေါ် က ဆင်းလာကြတယ်။ ပြီးတော့  လူငယ်တွေ တန်းစီလျှောက် နေတဲ့ လမ်းအနောက်ဘက်ခြမ်းကို ကူးလာကြတယ်။

ပထမဦးဆုံးကတော့ ရှေ့ ဆက်ချီတက်ဆန္ဒမပြကြဖို့  တားတယ်။ နောက်တော့ ဒိုင် နာ ကား ပေါ် ကို ဆန္ဒပြတဲ့သူတွေကို ဆွဲ တင် သွားကြ တော့ တာ ပါဘဲ။

 
/* EOT ----------------------------------------- */