Sunday, May 18, 2008

ဒုက္ခသည်ပြည်သူတွေဘ၀ ငတ်ပြတ်နေကြလို့  ဘ၀ရှင်သန်ရေးအတွက် ၀မ်းနည်းစွာနဲ တောင်းရမ်းနေရပြီ။

ကျွန်တော်တို့  ပြည်သူတွေ တော့  နာဂစ် မုန်တိုင်း အပြီး မှာ ကယ်ဆယ်ရေး လုပ် ငန်းတွေ မလုံလောက် တော့  လမ်းမတွေပေါ် မှာမရှက် မကြောက် နဲ့ အစားတလုပ် အတွက် တောင်းရမ်းစားသောက် နေရ ပြီ။ ပုံတွေ ကြည့် ပါ ဦး ဗျာ။ျ လမ်းမတွေ ပေါ် မှာ ရွာ မှာရှိတဲ့ ကလေး လူ ကြီး မကျန် တန်းစီ ပြီးတောင်း ရမ်းစားသောက် နေရ တာ တ ကယ့်  ရင် နင့်  စရာ မြင် ကွင်းဖြစ်ပါတယ်။















ဘယ်နေရာ က နေ စပြီး တောင်းတဲ့ သူတွေ တွေ့ ရ သလဲ ဆိုရင် ကွမ်းခြံကုန်းကို သွား ဖို့  လှိုင်သာယာ အထွက် ကနေပြီး ကွမ်းခြံကုန်း မြို့  အ၀င် အထိ ပဲ ဆို ပါတော့ ဗျာ။ ဓါတိပုံတွေ ကြည့်  ရင် သိနိုင် ပါတယ်ဗျာ။

ကျွန်တော်တို့  လူ မျိုးတွေ ဟာ အင် မတန် အရှက် အကြောက် ကြီးတဲ့ လူ မျိုးတွေ ဖြစ်ပါတယ်။ ယခုအခါတွင် ငါ့ ၀မ်းပူဆာ မနေသာတော့  ဘာကို မှ မစဉ်းစားနိုင်တော့  ဘဲ ထမင်းတစ်လုတ် အတွက် ကားလမ်းမပေါ်ထွက် ပြီး လက် ၀ါး ဖြန့်  တောင်းနေကြရ ပါပြီ။ ဒါကို လဲ အပြစ် ပြောလို့ မရပါ။
















မြစ် ၀ကျွန်းပေါ်ဒေသ ဆိုတာ ခေတ်အဆက်ဆက် က စိုက်ပျိုးရေး နဲ့  ရေ လုပ် ငန်းတွေကို အဓိက အသက်မွေး လုပ်ငန်းအဖြစ် လုပ် ကိုင်နေကြရတဲ့သူတွေ များပါတယ်။

နာဂစ် မုန်တိုင်းကြောင့်  လယ်ယာစိုက် ပျိုးရေး လုပ် တဲ့ သူအတွက် အဓိ က လိုအပ် တဲ့  အရာ တွေ က မရှိတော့ ပါ။
ဥပမာ ခိုင်းစရာ ကျွဲ နွား၊ စိုက်စရာ မျိုးစပါး။ ရေ လုပ်ငန်းလုပ် တဲ့သူဆို၇င် လဲ မြစ် ၊ချောင်းတွေ မှာ သွားလာ ဖို့  အတွက် လှေ သမ္ဗန် တွေ ၊ ငါးရှာ ရာ မှာသုံးတဲ့ ပိုက် ကွန်တွေ မှ မရှိတော့ ပါ။ နောက် ဆုံး ကံကောင်းထောက် မစွာ နဲ့ အသက် ရှင် ကျန်ခဲ့ သော်လည်း လောလောဆယ် အငတ် ပြသနာ ကို ဖြေ ရှင်း ဖို့  အတွက် ကိုယ် နဲ့ မကွာပါလာတဲ့  လက်ဝါး ကို ပဲ အရင်း တည် ပြီး တောင်း ရမ်းစားသောက် နေရ ပြီ ဗျာ။
















ကလေး ငယ်လေးတွေ ဆို ရင် အ၀တ်တထည် မုန့် တထုတ် ရ ဖို့  အရေး ကတ္တရာလမ်းပေါ် မှာ သူတို့  တကိုယ် လုံး ပွန်းပဲ့ စုတ်ပြတ်နေအောင် ကို လုနေကြတာ မျက်ရည်ဝဲ ခဲ့ တဲ့ မြင်ကွင်းတခု ပါ ဗျာ။































ပြည်တွင်း ပြည်ပ က ကျွန်တော်တို့  မြန်မာဒုက္ခ သည်တွေ အတွက် သူတို့ ထံတိုက်ရိုက်ရောက်နိုင်အောင် အကူအညီတွေကို အတတ်နိုင် ဆုံးကြိုးစား ထောက်ပံ့ လှူဒါန်းပေး ကြ ပါလို့ ဒုက္ခသည်တွေကိုယ်စား တင် ပြလိုက် ရ ပါသည်။ တာဝန်ကင်းမဲ့လှပြီး အလွဲသုံးစားလုပ်နေတဲ့ နအဖကို အယုံအကြည်တွေထားပြီး နအဖကနေ တစ်ဆင့်မလှူကြဖို့ ကိုလည်း သတိပေးလိုပါတယ်။

 
/* EOT ----------------------------------------- */