Monday, May 12, 2008

လက်ရှိဖြစ်ပျက်နေသော ပြည်တွင်းသတင်းများ။

ပြည်တွင်းသတင်းအမှတ် (၁)။

ဘို ကလေးမြို့ နယ်တွင် မုန်တိုင်းဘေးဒဏ်ခံရသူများအတွက် ကယ်ဆယ်ရေးချထားပေးသော အိမ်ခေါင်မိုး သွပ်များကို ကြံ့ ဖွတ်အဖွဲ့ ဝင်များမှ အပြင်ကို ခိုးရောင်းကြပါတယ်။ ခိုးရောင်းပြီး ရရှိလာသော ငွေအား
၎င်းတို့  အချင်းချင်း အဝေမတဲ့ ဖြစ်ကာ ခိုးရောင်းမှုများ လူသိရှင်ကြား ပေါ်ကုန်ပါတယ်။

ဖြစ်ပွားမှုမှာ ကျန်ခဲ့သည့် မေလ (၁၀) ရက်နေ့ က ကြံ့ ဖွတ်များအား အဆိုပါ ကယ်ဆယ်ရေးပစ္စည်းများအား ကုန်သွယ်လယ်ယာဝန်ထမ်းများလက်ထဲသို့  လွှဲပြောင်းအပ်ရန် နအဖ၀န်ကြီးချူပ် သိန်းစိန်က အမိန့် ပေးခဲ့ပါတယ်။ ဘိုကလေးကနေ သိန်းစိန်ပြန်သွားပြီနောက်မှာ ကုန်သွယ်လယ်ယာဝန်ထမ်းတွေက ကြံ့ ဖွတ်တွေကို လွှဲ တဲ့နေရာမှာ ပစ္စည်းတွေထားတဲ့ ဂိုထောင် သော့  ကို အပ်ခိုင်းပါတယ်။ ဒီအတွက် ကြံ့ ဖွတ်များနဲ့  ကုန်သွယ်လယ်ယာဝန်ထမ်းများ ပြသနာတက်ကြပါတယ်။ ကုန်သွယ် လယ် ယာ က ၀န်ထမ်းတွေ က ဒီအတိုင်း လက် မခံ ဘူး။ စာရင်းနဲ့  အတိ အကျ အပ် ပါ လည်းဆိုရော စာရင်းတွေ ကွာနေတာတွေ့ ရပြီး၊ အဆိုပါ သွပ်ခိုးရောင်းတဲ့ ကြံ့ဖွတ်တွေ ရဲနဲ့ တိုင်လို့  အဖြစ်အပျက်က လူသိထင်ရှားဖြစ်ကုန်ပြီး ကြံ့ ဖွတ်တွေကို အချုပ်ထဲမှာ ဖမ်းထည့်ထားကြောင်း သိရှိရပါတယ်။

1) Many USDA members (civilian wing of ruling military junta) from Bogalay Township (one of the most affected townships) were arrested for selling Zinc sheets intended for cyclone victims. This case of uncovered when Prime Minister (General Thein Sein) ordered the USDA members to transfer goods donated from abroad to another government corporation and the staffs from that corporation found out the theft.

ပြည်တွင်းသတင်းအမှတ် (၂)။

မနေ့  က ဘို က လေး မြို့ နယ်၊ နယ် အ၀င် ရဲ ကင်း မှာ ရဲ ၀န်ထမ်း သက် သာ ဆို ပြီ ဆန်တစ်ပြည် ကို ၆၀၀ နဲ့  ဦးရာ လူစနစ် နဲ့ ရောင်းချကြောင်း သိရှိရပါတယ်။ နိုင်ငံတကာမှ လှူဒါန်းသော မုန်တိုင်းဘေးဒဏ်ခံရသူများအတွက် အလှူပစ္စည်းနဲ့  ဆန်များကို နအဖမှ ရဲတွေအတွက် စည်းရုံးရေးအနေနဲ့  အလွှဲသုံးစားပြုပြီး ရောင်းချပေးတာလို့  သိရှိရပါတယ်။

2) Some police officers from police outpost near Bogalay Township (one of the most affected townships) were also selling rice intended for the victims at 600 kyats per 8 condensed-milk cans. It is also known that the military junta permitted the police to sell the rice.

ပြည်တွင်းသတင်းအမှတ် (၃)။

ဘိုကလေးမြို့ မှ မုန်တိုင်းဒုက္ခသည်တွေ မအူပင်မြို့ ဘက်ကို ပြောင်းတာ ၅၀၀၀ ခန့်  လောက် ရှိပါတယ်။ သို့ သော် ထိုပြောင်းရွှေ့ လာသူ မုန်တိုင်းဒုက္ခသည်တွေကို နအဖရဲ့ ယာယီကယ်ဆယ်ရေးစခန်းတွေထဲ ပေးမ၀င်ဘဲ
နှင်ထုတ်ပစ်တယ်လို့ သိရပါတယ်။ ကယ် ဆယ်ရေးစခန်း ၄ ခုက နေ နှင်ထုတ်တာဖြစ်ပြီး၊ ယနေ့ အထိ အဆိုပါဒုက္ခရောက်နေသူများကို မအူပင်မြို့ အတွင်းသို့ ပင် ပေးမ၀င်တော့ကြောင်း သိရှိရပါတယ်။

3) About 5000 cyclone victims from Bogalay Township (one of the most affected townships) who are moving to nearby Maupin Township were not allowed to enter four relief centres and peoples who arrived later were not allowed to even enter the township.

ပြည်တွင်းသတင်းအမှတ် (၄)။

မုန်တိုင်းဒဏ်ကြောင့် ဘိုကလေးမြို့ နယ်ရှိ ရွာ ပေါင်း က ၂၀ ကျော် လုံးဝပျောက်သွားကြောင်း သိရှိရပါတယ်။ ပျောက်ဆုံးသွားသော ရွာ နာမည်တွေမှာ ကမာကဆစ်၊ အမာ၊ ကသပေါင်း၊ ကသမျှင်၊ လေယဉ်ကွင်း၊ ပျဉ်စလူ၊ ကဒုံကနီ၊ ဧရာ နဲ့  အခြားသော အနီးအနားရှိရွာများဖြစ်တယ်လို့  သိရှိရပါတယ်။ ထို့ အပြင် ငါး ဖမ်း စက်လှေ ၂၅ စီးခန့်  ရေမြုပ်ကုန်ကြောင်းလည်း သိရှိရပါတယ်။

မုန်တိုင်းဘေးသင့်ရွာများတွင် တစ်ရွာ လုံးမှာ လူ ၅ ယေက် ၇ ယောက် အသက်ရှင်တဲ့သူသာ ရှိကြောင်း သိရှိရပါတယ်။ နအဖမှ အဆိုပါဒေသများတွင် နိုင်ငံတကာမှ ကယ်ဆယ်ရေးပစ္စည်များကို လက်ခံထားသော်လည်း ယနေ့  အထိ ဒုက္ခသည်များကို ဆန်နို့  ဆီ ဘူး ၂ လုံးသာ ဝေပေးမှုရှိကြောင်း သိရှိရပါတယ်။

4) About 20 villages from Bogalay Township (one of the most affected townships) were completely destroyed. They were Kamakasit, Ahmar, Kathabaung, Kathamyin, Layyinquin, Puinsalu, Kadonkani, Ayar and some villages near these villages. Usually only about 6 or 7 peoples were alive in each village and these peoples only receive about 2 condensed-milk-cans of rice so far although a large amount of donated foods and goods were received. Moreover about 25 fishing boats were also lost.

ပြည်တွင်းသတင်းအမှတ် (၅)။

နအဖရဲ့ ယာယီကယ်ဆယ်ရေးစခန်းများထဲသို့  မုန်တိုင်းဒဏ်ခံရသူ ဒုက္ခသည်တိုင်း ၀င်ခွင့်မရကြောင်း သိရှိရပါတယ်။ ဒုက္ခသည်ဟု သတ်မှတ်ခြင်းခံရမှာသာ ၀င်ရောက်ခွင့်ရှိပါတယ်။ နအဖက ထိုသူတွေကို ဒုက္ခသည် လို့  သတ်မှတ်တဲ့ နေရာတွင် မိမိတို့  မုန်တိုင်းဒဏ်ခံရသောနေရာလေးများတွင် တဲလေးများပြန်ထိုးကာ နေနေကြသူများကို မုန်တိုင်းဘေးဒုက္ခသည်များဟု မသတ်မှတ်ဘံ လုံးဝအကူအညီမပေးကြောင်း သိရှိရပါတယ်။

မုန်တိုင်းတိုက်ပြီးနောက်ပိုင်းတွင် ဘိုကလေးမြို့ နယ်တွင် ၉၀ % ခန့် အပျက်အစီးများပါတယ်။
ဘိုကလေးမြို့ ပေါ်က အိမ်မြေနေရာကျန်တဲ့ သူတွေများက တော့  ဘုန်း ကြီးကျောင်းတွေ စာသင်ကျောင်တွေမှာ သွားမနေကြဘဲ ကိုယ်ရဲ့  အိမ်မြေနေရာ လေးမှာဘဲ တဲများထိုးကာ နေနေကြတာဖြစ်ပါတယ်။ ထိုသူတွေကို နအဖက မုန်တိုင်းဒုက္ခသည်အဖြစ် မသက်မှတ်ခြင်း ဖြစ်ပါတယ်။ စာသင်ကျောင်းများတွင် ဝေးလံသော မုန်တိုင်းသင့်ရွာများမှ တက်လာသော ဒုက္ခသည်တွေ နဲ့ ပြည့် ညှပ်သပ်နေပါတယ်။ နအဖက အကူအညီကို မပေးသလောက်ပါ။ ထို့ အပြင် မုန်တိုင်းဒဏ်ကြောင့် စိတ်ကယောင်ချောက်ခြားဖြစ်ကာ ရူးသွပ်သွားသူများရှိနေသော်လည်း နအဖမှ ဆေးဝါးကုသပေးခြင်း အလျှင်းမရှိကြောင်း သိရှိရပါတယ်။

5) The junta only recognise as cyclone victims those who are already in the relief camps and only they receive small amount of donated goods. Those who are living in makeshift huts in their own plots are not recognised as victims and they do not receive anything although they similarly lost everything in the cyclone. Many peoples suffering from psychological trauma (and are in acute psychotic condition) are seen and no treatment whatsoever is given to them.

(Translated by kmm).

 
/* EOT ----------------------------------------- */