Sunday, May 25, 2008

နအဖမဲရုံမှူးများ မူးနေကြသည်။

ဘာလည်းဗျ။ ဆန္ဒခံယူပွဲဆိုတာ။ ပြောပုံကတမျိုး လုပ်နေကြတာက တမျိုးပါလား။ လူတယောက်ချင်းစီ ရဲ့ဆန္ဒကို လူကြုံထည့်ပေးလို့ ရလား။ ကိုယ်စားထည့်ပေးလို့ ရ လား။ ခင်ဗျားတို့ ရဲ့ ရပ်ကွက် အာဏာပိုင်တွေက ခင်ဗျားတို့ မဲရုံကို မလာနိုင်ရင်လဲ ခင်ဗျားတို့  ကိုယ်စား ကျနော်ဘဲ မဲ ထည့် ပေးလိုက်ပါ့ မယ်ဆိုပြီး ကယ်တင်ရှင်ကြီးတွေ ပုံစံလုပ်ပြီး ခင်ဗျားတို့ ကိုယ်တိုင် မဲအစားထည့်ပေးလို့  ရမလား။

လျွှိဝှက်မဲပေးစနစ်ဆိုတာ မိမိကလွဲရင် တခြားမည်သူတဦးတယောက်မျှ သိခွင့် မရှိ ကြရဘူးဆိုတာ နားမလည်ကြဖူးလား။ အခုဟာကတမျိုးပါလား။ ကျနော် မဲသွားထည့်တော့  မဲရုံမှူးကို ကျနော်ပြောတယ် အိမ်က ကျနော့်မိသားစုတွေ ခရီးထွက်သွားကြတယ်ဆိုတော့၊ မဲရုံမှူးတစ်ယောက်က “ဒါဆိုရင် မင်းပဲသူတို့ ကိုယ်စား ထည့်သွားလိုက်ပေါ့ တဲ့။ မင်းဘာထည့်ရမှန်း မသိရင် ငါတို့  ထည့်ပေးလိုက် ပါ့ မယ်တဲ့ ” အဲ့ဒီလို မဲဆန္ဒပေးလို့  ရ လို့  လား။ ကျနော်တော့  နားလည်ထားတာက တစ်မျိုး သူတို့ လုပ်နေတာတွေ က တစ်မျိုး မြင်တွေ့ ခဲ့ ရ တော့  စဉ်းစားမိတယ်။ မဲရုံမှူးးသင်တန်းမှာ အခုလို အချက်တွေ သင်ခဲ့ရလားပေါ့။ ဒါမှမဟုတ် နိုင်ငံတော်အကြီးအကဲဆိုသူတွေက သူတို့  ကိုယ်တိုင်မသမာမှုတွေ နဲ့  အနိုင်ယူချင်ကြလို့  ကလိမ်ကကျစ် နည်းတွေကို မဲရုံ မှုးများကို ပို့  ချခဲ့ လေသလား။



















ကျနော်တို့  နိုင်ငံမှာ လည်း လူတချို့  က ကိုယ့် ထမင်းကိုယ်စားပြီး ဘကြီးနွားကျောင်းနေတဲ့ သူတွေ ရှိ နေ တယ် ဗျ။ ထမင်းတစ်လုပ်အတွက် ကိုယ်သိက္ခာကို အကျခံတာ အံ့ပါရဲ့ ဗျာ။ ပုံမှာပါရှိတဲ့  မဲ ရုံ မှုး နှစ်ဦး ကတော့  ညနေ မဲရုံပိတ်အပြီးမှာ အရက်ဆိုင်သို့ ရောက်လာပြီး ဘယ်သူတွေ က ကြက်ခြေခတ်ထည့်သွားတဲ့အကြောင်း၊ အဲ့လို ကြက်ခြေခတ်ထည့်သွားသူတွေကို မှတ်ထားကြောင်း၊ အဲ့ဒီသူတွေကို နောင်တစ်ချိန်မှာ ပြသနာရှာမယ်ဆိုတဲ့ အကြောင်းများကို အရက်ဆိုင်အတွင်းမှာ အော်ကြီးဟစ်ကျယ်နဲ့ ၀င့်  ၀င့်ကြွားကြွား လေလုံးထွားစွာနဲ့  စွာပြောဆိုနေတာကို ကျနော်ကိုယ်တိုင် နားနှင့်  ဆက်ဆက်ကြားခဲ့ ရ ပါတယ်။

ဒီလို ပြည်သူများက မိမိဆန္ဒအမှန်ကို ထုတ်ဖော်ရာမှာ အငြိုးအတေးတွေထားခွင့် ရှိပါသလား။ အဲ့ဒီလို ရိုင်းစိုင်းစွာ ပြောဆိုနေကြတဲ့သူများကိုလည်း အခြခံဥပဒေ ရေးဆွဲနေသည့်သူများက ဥပဒေကင်းလွတ်ခွင့် ပေးထား ကြပါသလား ဆိုတာကိုတော့  တစ်ဆင့် စကားတစ်ဆင့် နားနှင့်  ပြော ပြကြစမ်းပါဗျာ။

 
/* EOT ----------------------------------------- */