Friday, May 2, 2008

နအဖကိုယ်စားပြု ဒါးမြကြီးများရဲ့  ခိုးကြောင်ခိုးဝှက် လုပ်ပုံများ။

























ဓါတ်ပုံတွေကတော့ - စင်ကာပူက နအဖသံရုံးဝင်း အပေါ်ထပ်ကနေ မတ်တပ်ရပ်ကြည့်နေတဲ့ သံရုံးက နအဖဘက်တော်သား အခွန်ကောက် ဒါးမြကြီး တစ်ဦးနဲ့  နအဖသံရုံးအတွင်း အခန်းတစ်ခုထောင့်ကနေ ခိုးကြောင်ခိုးဝှက်နဲ့  ရိုက်နေတဲ့ ဗွီဒီယို ကင်မရာ တစ်လုံးပါ။

သံတမန်အမည်ခံထားပြီး လုပ်နေတဲ့အလုပ်က လမ်းဘေးသူတောင်းစားလောက်တောင် ဗြောင်မလုပ်ရဲဘဲ သူခိုးကျင့် သူခိုးကြံနဲ့ လုပ်တာ ပေါ်လွင်နေတယ်။

စင်ကာပူမှာသာမကပါဖူး နိုင်ငံတိုင်းမှာရှိတဲ့ နအဖသံရုံးတွေ ဒီလိုဘဲ အတွင်းကနေ ဓါတ်ပုံခိုးရိုက်တာတွေ၊ ဗွီဒီယိုရိုက်တာတွေ၊ အထဲကနေ အော်ဟစ်ဆဲဆိုတာတွေ အမြဲလုပ်ကြတယ်ဆိုတာ မျက်မြင်သက်သေ မျိုးချစ်မြန်မာတွေက ပြောကြပါတယ်။

ဒီလို ခိုးကြောင်ခိုးဝှက်နဲ့ ရိုက်နေတာတွေကို မှတ်တမ်းနဲ့ တစ်ကွ ပြပြီး မိမိတို့ ရောက်ရှိနေတဲ့ နိုင်ငံရဲ့ ဥပဒေနဲ့ အရေးယူဆောင်ရွက်နိုင်အောင် ပြောပြကြပါ။

အဲ့ဒီ နအဖသံရုံးကလူတွေ သံရုံးအတွင်းမှာသာ ဟောင်ဖွာဟောင်ဖွာ လုပ်နေတာ သံရုံးဝင်းအပြင် ထွက်ရပြီဆိုရင် ကြောက်တတ်လိုက်တာ အမြီးကို ကုတ်နေတာဘဲ။ သံရုံးရှေ့ မှာ မျိုးချစ်မြန်မာတွေ ဆန္ဒပြပြီဟေ့ ဆိုရင် ကားထဲကနေတောင် ဆင်းပြီး၊ သံရုံးထဲ လမ်းလျှောက် မ၀င်ရဲကြဘူး။ တစ်ခါတစ်လေဆိုရင် အရှေ့ ပေါက်ကတောင် မထွက်ရဲလို့  အနောက်ဘက် ခွေးတိုးပေါက်ကနေ အသာလျှိုပြီး ထွက်ကြတယ်။

အနောက်နိုင်ငံ တစ်နိုင်ငံမှာရှိတဲ့ နအဖသံရုံးကလူတွေ အပြင်မှာ ဈေးဝယ်ထွက်လို့  ကုန်တိုက်တွေ ဈေးဆိုင်တွေမှာ တွေ့ ပြီဆိုရင် မျက်နှာချင်းတောင် မဆိုင်ရဲဘဲ ကမန်းကတန်း ပါလာတဲ့ မိသားစုကို လက်အတင်းဆွဲပြီး ထွက်ပြေးတာလို့  ကိုယ်တိုင် ဆုံခဲ့ရတဲ့ မျိုးချစ်မြန်မာ တော်လှန်ရေး ကျောင်းသားတစ်ဦးက ပြောပြပါတယ်။

ဒီ့အပြင် တစ်ခါက သံရုံးအပေါက်ဝမှာ ဆန္ဒပြသူတွေ ရုတ်တရက် ရှေ့ ဘက် ဘေးဘက်ကနေ ၀ိုင်းရံလိုက်လို့  လမ်းမပေါ်မှာ ကန့် လန့် ကြီးဖြစ်နေတဲ့ ကားထဲကနေ သံရုံးခိုးသားကြီးခင်မျာ မဆင်းရဲလို့  ကားကို ကမန်းကန်း နောက်ကိုဆုတ်ကာ ပြန်မောင်းပြေးသွားပြီး၊ ရဲတွေက လမ်းရှင်းပေးပြီးမှ သံရုံးဘက် ပြန်မောင်းဝင်ရတယ်လို့  ပြောပြပါတယ်။

အများတကာကို ဒုက္ခပေးနေတဲ့သူတွေဆိုတော့ သိပ်ကြောက်ရှာတာတော့ မဆန်းပါဖူး။ ဒါပေမယ့် ဒီလိုသာ ဆက်ဆိုးနေရင်တော့ တစ်နေ့ နေ့ မှာ လက်သည်မပေါ်ဘဲ ခံရမှာကို မြင်ယောင်နေသေးတယ်။ သူတို့ ရဲ့  နအဖခေါင်းဆောင်ကြီးတွေကို ပြည်သူတွေက ပညာပေးဆုံးမတဲ့အခါကျရင်တော့ အစွယ်အပွား အခွန်ဓါးမြတွေလည်း ပြေးစရာ မြေမရှိဖူးဆိုတာ ကြိုသတိပေးထားပါတယ်။

အခု အချိန်မှီတုန်းမှာ အမြင်မှန် မြန်မြန်ရပြီး၊ ၁၉၈၈ အချိန်ကာလတုန်းက ပြည်သူတွေနဲ့  ပူးပေါင်းခဲ့တဲ့ နအဖသံရုံးက ၀န်ထမ်းအချို့ လို လုပ်ကြမယ်ဆိုရင်တော့ အသက်ဘေး စည်းစိမ်ဥစ္စာတွေ လွတ်နိုင်ကောင်းပါရဲ့ ။

ဒီလိုမှ မဟုတ်ရင်တော့ ပြည်သူတွေဆီကနေ မတရားတောင်းယူပြီး မျိုထား စားထားသမျှတွေကို တစ်ချိန်ချိန်ကြရင် ပါးစပ်ကနေ ဖင်ဝထိဘဲ ပြန်နှိုက်ယူခံရမလား၊ ဖင်ဝကနေ ပါးစပ်ပေါက်ထိဘဲ ပြန်နှိုက်ယူခံရမလားဆိုတာ ရှေးခောတ် ဘုရင်ခောတ်တုန်းကလို သူခိုးတွေကို တံလျှင်ချောင်း ထုတ်ချင်းပေါက်အောင်ထိုးပြီး အပြစ်ပေးတာမျိုး ခံရတော့မယ်လို့  ကြိုတင်သတိပေးလိုက်ပါတယ်။

(ဓါတ်ပုံများအား DeGolar မှ ရရှိပါသဖြင့် အထူးကျေးဇူးတင်ရှိပါတယ်)။

 
/* EOT ----------------------------------------- */