Thursday, May 22, 2008

ဒုက္ခသည်တွေခမျာ ဒုက္ခရောက်နေတာ ကူညီမယ့်သူ မရှိလို့  ကိုယ်ထူကိုယ်ထ လုပ်နေတဲ့ အခြေအနေ။

မေလ ၂၀၊ ရက် နေ့  တွင် ကော့ မှုး မြို့  နယ် အရှေ့  ခြမ်း တွင် တွေ့  မြင် ခဲ့ ရ သော မြင် ကွင်း များဖြစ် ပါ သည်။ ယနေ့  အထိမုန်တိုင်း ကြပြီး (၁၈) ရက်ကြာ ပြီးသည့် တိုင်အောင် အကူ အညီဆို၍ ပြော ပ လောက် အောင် မရ လဲ မိမိအသက် မိမိရှာ ကြံ မွေးနေရ သည့်  ဒု က္ခသည် များဖြစ် ပါသည်။ စားစရာ ဆန် မရှိ ၊သွားစရာ လမ်း မရှိသည့်  နေရာ မျိုး တွင် လယ်ကွင်း များ မှာ လဲ ရေ မြုတ်၊ အိုးအိမ် များ မှာလဲ ပျက်စီးနေသောကြောင့်  အကူ အညီ ကိုမျှော်လင့် တကြီးစောင့်  စားနေကြ သည် ဒုက္ခ သည် များပုံ ဖြစ် ပါသည်။

မြို့ ပေါ် ရက်ကွက် များတွင် သာ ဟန်ပြကယ်ဆယ်ရေး စခန်းများဖွင့်  လှစ် ထားသော် လည်း သွားလာရ ခက် ခဲ သည့်  ကျေးရွာများတွင် တော့  ယနေ့  အထိ ဘာအကူ အညီ မှ မရ ရှိသေး ပါ။ သောက် သုံးရေ အတွက် မိုးရေ ကိုသာ အားထားနေရ ပြီး ၊စားစရာ အတွက် ဆန် နှင့်  အခြား ရိက္ခာ များအရေး တကြီးလိုအပ် နေပါသည်။ အာဏာ ပိုင် များ၏လစ်လျု ရှု့  ခြင်းခံ ထား ရ သော ကျေး ရွာ များကို စက်တပ် လှေ များ ဖြင့်  ရောက် ရှိလာသည် မျာ မှာတော့ ဒုက္ခ သည် များ မျောင့်  တကြီး စောင့်  စားသည့်  စားနပ် ရိတ်က္ခာ များမဟုတ်ပဲ ဆန္ဒ ခံ ယူ ပွဲတွင် အသုံးပြု မည့် ဆန္ဒ မဲ ပုံးများသာ ဖြစ်နေသဖြင့်  ကျေးရွာ လူထု မှ ဒေါသတကြီးဖြစ်နေကြ ပါ သည်။ ၎င်း မဲပုံးများကို ကြီးကြပ် သယ်ဆောင် လာ သည့်  သူ များက တော့  တပ် မ (၇၇) မှာ အရာ ရှိတချို့  နှင့်အင် အား (၂၅)ယောက် ခန့်  ဖြစ် ပါ သည်။













































 
/* EOT ----------------------------------------- */