ကံတ၇ားကိုတော့ လက်မခံလို့ကို မရတော့ဘူး။ ရတနာသုံးပါးကို ပြစ်မှားရင်တော့ အနှေးနဲ့ အမြန်ခံရတာချည်းဘဲ။ ဒီလိုပြောလို့ ပြည်သူကိုအပြစ်ပြောတာမဟုတ်ဘူးနော်။ အာဖဂန် အစိုးရက ရှေ့ဟောင်းဘုရားတွေဖျက်စီပြီး သိပ်မကြာခင် ပြည်သူတွေ စစ်ဘေးသင့်တယ်။
အခုလဲ ဖြူစင်တဲ့ ရဟန်သံဃာတွေရဲ့ ပြည်သူတွေ ကောင်းစားဖို့ မေတ္တာပို့တာကို ရဟန်းတုတွေပါလို့ ကြေငြာပြီး သေနတ်နဲ့ပြစ် ဒုတ်နဲ့ရိုက်တယ်။ ကံကောင်းနေတဲ့အချိန်ဆိုတော့ သူတို့ဘက်ကဘဲ မှန်သလိုလိုနဲ့ မသိတဲ့ ပြည်သူတွေ ထင်ယောင်ထင်မှား ဖြစ်ကြတယ်။ အခုတော့ ပြည်သူတွေ ကပ်ဘေးသင့်ပါပြီ။ တခါမှ မကြုံဘူးတဲ့ဘေး ကျုပ်တို့ ပြည်ကိုမှ တည့်တည့် လာ၇တယ်လို့ဗျာ။
ဒါတိုက်ဆိုင်မှုလို့ ပြောလို့မရဘူး။ သူတော်ကောင်းတွေက မျက်နှာသာ မပေးတော့ဘူး။ လောကကမှာ အားပြင်းတဲ့အဆိပ်ရည်ကို သောက်မိရင် သောက်တဲ့သူ တစ်ယောက်ပဲသေတယ်။ ရတနာသုံးပါးကို စော်ကားမိတဲ့ အဆိပ်မျိုးဟာတော့ တမိသားစု တဆွေမျိုး တနိုင်ငံလုံး ထိတယ်တဲ့။ အခုတော့ နအဖသောက်ခဲ့အဆိပ်ဟာ တိုင်းသူပြည်သားတွေကိုပါ ရောထိနေပါပြီ။ အာဖဂန်မှာလိုပါဘဲ။ အများပြည်သူတွေ ဒီလောက်ဆိုရင် ပြည်သူတွေ နားလည်သင့်လောက်ပါပြီ။ ဒီလိုမှ မဟုတ်ဘဲ အကြောက်တရားလွမ်းမိုးပြီး၊ အာဏာတစ်ခုထဲကိုသာ ကြည့်တဲ့ စစ်ဘီလူးတွေကို ထောက်ခံမိရင်တော့ ဒုက္ခတွေ ဆက်လက်ခံစား၇ပြီး၊ ငရဲကို နအဖ အဖွဲ့ဝင်တွေနဲ့အတူ အဖေါ်လိုက်သွားရဘာလိမ့်မယ်။ ပြည်သူတွေ အမြန်ဆုံး ရေဘေး လေဘေး မီးဘေး မင်းဆိုးဘေး နဲ့ အစားရေစာရှားပါးခြင်းဘေးတွေကနေ အမြန်ဆုံးလွတ်မြောက်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
(ပြည်သူတစ်ဦးမှ ရင်ဖွင့်သံ)။
Monday, May 5, 2008
သူယုတ်မာတွေကို ထောက်ခံရင် ကိုယ်ပါ ပါသွားမယ်။
Posted by Niknayman at 7:44 PM