Friday, May 30, 2008

ပုဂံအင်တာနက်ကွန်နက်ရှင်အသစ်အကြောင်း။

ပုဂံနက်က အင်တာနက်ကွန်နက်ရှင်စနစ် အသစ်ပြောင်းလိုက်တာနဲ့  ပတ်သက်ပြီး စုဆောင်းရရှိသမျှကို ပြန်လည်ဖြန့် ဝေ အသိပေးလိုတာကြောင့် အောက်ပါအတိုင်း ဖေါ်ပ်ြလိုက်ပါတယ်။ ရေးသားဖေါ်ပ်ြသူများကို တစ်ဦးချင်းအမည် မဖေါ်ပြဖြစ်ပေမယ့် အားလုံးကို ကျေးဇူးတင်ရှိပါတယ်။

အင်တာနက်ကွန်နက်ရှင်ကို Direct Connection အနေနဲ့ ပြောင်းလိုက်ပါတယ်။

တိုက်ရိုက်ကွန်နက်ရှင် Direct Connection သုံးချင်ရင် Tools ထဲက Options/Network/Settings ထဲကမှ Direct Connection to Internet ဆိုတဲ့ check box လေးကို ရွေးလိုက်ရုံပါ။

ဒီ တိုက်ရိုက်အင်တာနက် ကွန်နက်ရှင်ရဲ့  ကောင်းကျိုးဆိုးကျိုးများကတော့ -

ကောင်းကျိုးတွေက

- လူသစ်တွေအတွက် သုံးရတာ ပိုမိုလွယ်ကူစေနိုင်ပါတယ်။ များသလောက် မကောင်းတဲ့ proxy နံပါတ်တွေ ပြောင်းစရာလည်း မလိုတော့ပါဘူး။

- ကွန်နက်ရှင် ( အရင်ကထက် နည်းနည်း ) ပိုမြန်သလို ခံစားရပါတယ်။

- ဒေါင်းလုပ် လုပ်ရင်တော့ ပိုအဆင်ပြေပါတယ်။

ဆိုးကျိုးတွေက

- ၀က်ဆိုဒ်အတော်များများကို ဘန်း (Ban) ထားပါတယ်။

- proxy အတော်များများ လည်း ဘန်း (Ban) ခံထားရပါတယ်။ Gmail လည်း ဘန်းထား

- Proxy နဲ့တုန်းကဆို နှေးသာနှေးတာ၊ စိတ်ရှည်ရင် အလုပ်ဖြစ်ပါသေးတယ်၊ အခုကျတော့ Access has been denied မြင်နေရပါတယ်။

- Freedom ဖရီးဒမ်း ကို ခံသုံးလို့ မရကြောင်း သိရှိရပါတယ်။

- လုံခြုံစိတ်ချရလားဆိုပြန်တာ့လည်း ဘယ်သူမှ အာမခံရဲမှာ မဟုတ်သေးပါဘူး။ ( ဒီလိုအခြေအနေမျိုးမှာ သူတို့ဘာအကြံရှိလို့ ဒီလို တိုက်ရိုက်ကွန်နက်ရှင်ကို ပေးသုံးတာလဲလို့တောင် သံသယ ပိုဖြစ်နေပါသေးတယ်။ ပြည်သူကိုချစ်လို့တော့ မဟုတ်တာ သေချာပါတယ်။)

အကြံပြုချက်များ။

- သုံးစွဲသူများအနေနဲ့ အထူးသတိထားလေ့လာပြီးမှ သုံးစွဲပါလို့  သတိပေးလိုပါတယ်။ မိမိတို့ ကြည့်ထားတဲ့ စာမျက်နှာများ ကျန်မကျန်ကို စစ်ဆေးကြည့်ဖို့ လိုပါတယ်။

- Highest anonymous proxy တွေကို သုံးကြည့်ပါ. တော်ရုံတန်ရုံ စိတ်မချရတဲ့ proxy များကတော့ မသုံးတာကောင်းပါမယ်။

- Ultra Surf နဲ့  သုံးကြည့်ပါ။ ရ မရ။ Proxies Setting မှာ Direct use ultrasurf ဆိုတာကို ရွေးလိုက်ပြီး သုံးကြည့်ပါ။ Ultra Surf ဆော့ဝဲ မရှိသေးသူများ ဒီမှာ ဒေါင်းလုပ်လုပ်ပါ။ http://www.mediafire.com/?fkmzutm1nmd

- Gmail ကို https နဲ့  အလုပ်လုပ်သေးတယ်လို့  ပြောပါတယ်။ စမ်းသုံးကြည့်ပါ။

- ISA ခံထားသော server ဖြင့် သုံးစွဲသူများအနေနဲ့  ISA server က webchanting မှာ direct connection ကို ပြောင်းလိုက်ပါ။ Proxies Setting မှာ direct connection or server IP တစ်ခုထဲကိုဘဲ ပြောင်းသုံးကြည့်ပါ။

- အကယ်လို့  Direct Connection နဲ့  သုံးနေတဲ့အချိန်မှာ Network Error (tcp_error) ဆိုတာ အောက်ပါအတိုင်းပြလာရင် Refresh ကို နှိပ်ပါ။

A communication error occurred: "" The Web Server may be down, too busy, or experiencing other problems preventing it from responding to requests. You may wish to try again at a later time. For assistance, contact your network support team.

ဆာဗာ Server အသစ်ဖြစ်လို့  Cache ထဲမှာ မရှိသေးလို့ ပါ။

- ပုဂံ proxy အစား www.proxy4free.com ကို သုံးကြည့်ပါ။ ရ မရ။ ပုဂံနက်ဆာဗာပြောင်းလိုက်ပေမယ့် ဆက်သုံးလို့ ရနေသေးတယ်လို့  ကြားရပါတယ်။ စမ်းသပ်ကြည့်ပါ။


- ပုဂံနက်သုံးစွဲသူများ သေချာစွာလေ့လာပြီးမှ မိမိတို့ လုံခြုံရေးအတွက် သတိထား သုံးစွဲကြဖို့  အသိပေးလိုပါတယ်။

 
/* EOT ----------------------------------------- */