Monday, May 19, 2008

သတင်းအတိုအထွာ (မေလ ၂၀၊ ၂၀၀၈)။

- ယခုအခါတွင် ရန်ကုန်မြို့ ပေါ် ရှိ ရပ်ကွက်များတွင် ရာအိမ်မှုး တို့  လမ်းမှုးတို့  က ကြို တင် ဆန္ဒ မဲ လိုက် ထဲ့ ခိုင်းကြောင်း သိရှိရပါတယ်။ နေအိမ်များတွင် မဲလိုက်ကောက်တာ ဖြစ်ပါတယ်။ လျှို့  ၀ှက် မဲပေး စနစ် မဟုတ်ဘဲ ဗြောင်တောင်းခံနေခြင်းကြောင့် ကန့် ကွက်မဲထည့်လိုသူများအတွက် အခက်အခဲဖြစ်စေပါတယ်။ သို့ သော် ကန့် ကွက်မဲကို ဗြောင်ပေါ်တင်ထည့်သူများရှိကြောင်း သိရှိရပါတယ်။ အိမ်ထောင်စုစာရင်းအား ၄င်း ရာအိမ်မှူး လမ်းမှူးတို့ မှ ယူဆောင်လာပြီး အဆိုပါ အိမ်ထောင်စုစာရင်းတွင် အမှန်တကယ်နေထိုင်သူများအပြင် အခြားသောလူနာမည်များပါထည့်သွင်းထားတာတွေံရပါတယ်။ ၄င်းတို့ လိုချင်သော ထောက်ခံမဲစာရင်းအား လိမ်လည်ပြရန်အတွက် ဖြစ်မည်ဟု ရပ်ကွက်သူရပ်ကွက်သားများမှ ပြောဆိုနေကြကြောင်း သိရှိရပါတယ်။

- ရန်ကုန်မြို့  လမ်းဘေးများ မီးပွိုင့်များတွင် ယခုအခါ နာဂစ်မုန်တိုင်း ဗွီဒီဒီအခွေများအား ကျပ်ငွေ ကိုးရာဖြင့် ရောင်းချနေကြတာတွေ့ ရပါတယ်။ နအဖ၏ ဟန်ပြကူညီမှုများကိုပါ ထည့်သွင်းဖေါ်ပြထားကြောင့်သိရှိရပါတယ်။ နအဖမှ တရားဝင်ထုတ်သည့်ပုံစံမျိုးမဟုတ်ဘဲ ခိုးကူးခွေပုံစံဖြင့် ရောင်းချနေတာဖြစ်ကြောင်း သိရှိရပါတယ်။ အခွေရောင်းနေသူများမှာ လက်ထဲတွေ ပွေ့ ပိုက်ရောင်းနေသူများ၊ ကွမ်းရာဆိုင်တွင် တင်ရောင်းနေသူများ၊ သတင်းဂျာနယ်ရောင်းနေသူများမှ အစ ၄င်းအခွေအား ရောင်းနေကြကြောင်း သိရှိရပါတယ်။ အခွေအမည်မှာ ပြင်စလူနာဂစ်မုန်တိုင်းမှတ်တမ်းလို့ အမည်တပ်ထားကြောင်း သိရှိရပါတယ်။ မုန်တိုင်းဖြစ်ပွားမှုအပေါ် ၄င်းတို့  ၀ါဒဖြန့် ချီရေးအတွက်သာမဟုတ်ဘဲ အခငွေကြေးနဲ့ တစ်ဘက်လှည့်ရောင်းချတဲ့အတွက် နအဖလုပ်ရပ်ဟာ လွန်သထက် ပိုလွန်နေပါတယ်။

 
/* EOT ----------------------------------------- */