Wednesday, June 18, 2008

နအဖ၏ ညဉ်းပမ်းနှိပ်စက်မှုဒဏ်ကြောင့် သေဆုံးသွားခဲ့ရသော မောင်တင်ဝင်းနိုင်၏ အမှုအား ဖေါ်ထုတ်ခြင်း။

မောင်တင်ဝင်းနိုင်သေဆုံးရမှုသည် ညဉ်းပမ်းနှိပ်စက်မှုဒဏ်ခံရမှုကြောင့်ဖြစ်ပြီး နအဖ၏ တာဝန်လုံးလုံးဖြစ်ပါသည်။ နအဖအား နိုင်ငံတကာတရားရုံးတွင် အရေးယူဆောင်ရွက်နိုင်ရန်အတွက် အမှုသက်သေတစ်ခုအဖြစ် တင်ပြအပ်ပါသည်။ သက်ဆိုင်ရာဌာနများသို့  သတင်းဆက်လက်ပေးပို့ ပေးပါရန် အထူးမေတ္တာရပ်ခံအပ်ပါသည်။







































သို့ -

လူငယ်တာဝန်ခံ
အောက်မြန်မာနိုင်ငံ လူငယ်ပြန်လည်ဖွဲ့ စည်းရေးတာဝန်ခံ
အမှတ် ၉၇/ ခ အနောက်ရွှေဂုံတိုင်
ဗဟန်းမြို့ နယ်၊ ရန်ကုန်မြို့ ။

အကြောင်းအရာ။ ။ မောင်တင်ဝင်းနိုင် ကွယ်လွန်ခြင်း ကိစ္စတင်ပြခြင်း။

အထက်ဖေါ်ပြပါ အကြောင်းအရာကိစ္စနှင့် ပတ်သက်ပြီး ဒလမြို့ နယ် စည်းရုံးရေးအဖွဲ့ ဝင် ဒေါ်ရင်ရွှေ၏ သားငယ်ဖြစ်သူ မောင်တင်ဝင်းနိုင် (၃၇) နှစ်သည် (၄၊ ၂၊ ၂၀၀၈) ရက်နေ့ တွင် ကွယ်လွန်အနိစ္စရောက်ရသည်မှာ အောက်ပါအတိုင်းဖြစ်ပါသည်။

ရည်ညွန်းချက် - NLD ကြေညာချက် အမှတ် - ၁၄၁ (၁၀/၉၉) အရ ၂၊ ၁၀၊ ၉၉ ရက်နေ့ တွင် အံ့ကြီး အရှေ့ ရပ်ကွက် ဥက္ကဌ ဦးသန်းဝင်းမှ ဗိုလ်ချူပ်အောင်ဆန်းပုံပါ တီရှပ် အင်္ကျီဝတ်ဆင်မှုဖြင့် ဖမ်းဆီးခဲ့ပြီး အမျိုးသားထောက်လှမ်းရေးအမှတ် (၂) တပ်ဆွယ်ရုံးသို့  ပို့ ဆောင်ခဲ့ရာ အဆင့်ဆင့် နှိပ်စက်ညဉ်းပမ်းမှု ဒဏ်ရာဒဏ်ချက်များကို မောင်တင်ဝင်းနိုင်မှ နှစ်ရှည်လများစွာ ခံစားနေရပြီး၊ အဆိုပါ ဒဏ်ရာဒဏ်ချက်များကြောင့် ယခုသေဆုံးရကြောင်း ထင်ရှားပါသည်။ ၄င်းမောင်တင်ဝင်းနိုင် ကွယ်လွန်ခါနီး မိနစ်ပိုင်းအလိုတွင် အာဏာပိုင်အဖွဲ့ အစည်းအသီးသီးကို ဝေဒနာမခံစားနိုင်သောကြောင့် အကြိမ်ကြိမ်ဆဲဆိုကြိမ်းမောင်းခဲ့သည်ကို ရပ်ကွက်အတွင်းနေသူများအားလုံး အသိဘဲဖြစ်ပါသည်။

အဆိုပါကိစ္စကို ဆောင်ရွက်နိုင်ရန်အတွက် အောက်မြန်မာနိုင်ငံ လူငယ်ပြန်လည်ဖွဲ့ စည်းရေးတာဝန်ခံသို့  ပူးတွဲပါကြေညာချက် မိတ္တူကို လေးစားစွာဖြင့် ပေးပို့ တင်ပြအပ်ပါသည်။

လေးစားစွာဖြင့်

ဒေါ်ရင်ရွှေ
မြို့ နယ်စည်းရုံးရေးအဖွဲ့ ဝင်
အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ်
ဒလမြို့ နယ်၊ ရန်ကုန်။

(၁၆၊ ၂၊ ၂၀၀၈)။

(ယခုစာအား nldlaaus မှ ပေးပို့ လာခြင်းဖြစ်ပြီး။ ယခုကဲ့သို့  မောင်တင်ဝင်းနိုင် သေဆုံးမှုအား ဖေါ်ထုတ်တင်ပြပေးသည့်အတွက် အထူးကျေးဇူးတင်ရှိပါသည်)။

 
/* EOT ----------------------------------------- */