Tuesday, June 3, 2008

နအဖလက်အောက် ဒုက္ခကြားမှ မဲတပြားနှင့် ပြည်သူများဘ၀။















ဖွဲစည်းပုံအခြေခံဥပဒေ မြန်မာနိုင်ငံတွင် နအဖက အတည်ပြုလိုက်ပြီ။ ရခိုင်ပြည်သူနှင့်တကွ တိုင်းရင်းသားလူမျိုးအားလုံး. ဘ၀မှာ ကျောမွဲပြာစုဘ၀ကို ခံစားနေကြရတုံး ဖြစ်နေသေးသည်။ အနာဂါတ်တွင်လည်း ကျောမွဲပြာစုဘ၀နှင့်သာ ဆက်လက်သွားနေကြရအုန်းမည် ဖြစ်သည်။ ကန့် ကွက်မဲပေးခဲ့ကြသော်လည်း နအဖမှာ လုပ်ကြံဖန်တီးပြီး ဖွဲ့ စည်းပုံကို ပြည်သူအများစု. ဆန္ဒသဘောထားမပါဘဲ အတင်းအဓမ္မ အတည်ပြုလိုက်ပြီ ဖြစ်သည်။

တောင်ကုတ်မြို့ နယ်တွင် ထောက်ခံမဲ အနည်းငယ်သာ ရခဲ့သည်၊ ပေါက်တောမြို့ နယ် သံခုံကျေးရွာတွင် ထောက်ခံမဲ (၄)မဲသာ ရသည်။

စစ်တွေမြို့ နယ်တွင် ဗျိုင်းဖြူရွာ။ မိဇံ။ ဒိုးဝန်းနှင့် စံပြ (ပြည်တော်သာ)ရပ်ကွက်တို့ တွင် ကန့် ကွက်မဲ ရခဲ့သည်၊ တခြား ရပ်ကွက်များကိုလည်း မဲရလဒ်များအား မကြေငြာဝန့် ဘဲ ဖြစ်ခဲ့သည်။ လွတ်လပ်စွာ မဲပေးခွင့်များ မရသည့်ကြားမှ ပြည်သူများမှာ ဖွဲ့ စည်းပုံနှင့် နအဖအား မလိုတော့ကြောင်းကို ကန့် ကွက်မဲများဖြင့် ပြသခဲ့ကြပြီး ဖြစ်သည်။

နိုင်နိုင်(စစ်တွေ)။

 
/* EOT ----------------------------------------- */