Sunday, June 15, 2008

သူခိုးက လူပြန်ဟစ်နေသော နအဖသူခိုးသူတောင်းစားကြီးများ။

နာဂစ်မုန်တိုင်းမဖြစ်ခင်ကရော ဖြစ်နေချိန်ရော ဘာမှစကားတစ်ခွန်းတောင် မပြောခဲ့၊ အလုပ်တစ်ခုတောင် မလုပ်ပြခဲ့ဘဲ၊ နိုင်ငံတကာငွေတွေကို ငန်းငန်းတက် လိုချင်လာတဲ့အချိန်ကျမှ နအဖက ဗြောင်လိမ်ဗြောင်စားလုပ်ဖို့ အတွက် ဥာဏ်နီဥာဏ်နက်ပေါ်လာပြီး ကိုယ်အိတ်ထဲထည့်ဖို့  တောင်းရမ်းစားဖို့ လုပ်လာတယ်။

နအဖက သူများတကာလှူသမျှ ပစ္စည်းတွေကို ကိုယ်ကဘဲလှူသလိုနဲ့  အရှက်မရှိ ဗိုလ်ချူပ်နာမည်တွေကပ်၊ ငါတို့ ဆီကနေဘဲ အကူအညီတွေပေးရမယ်၊ ငါတို့ ဘဲ ဖြန့် ဝေပေးမယ်ဆိုပြီး စည်းကမ်းချက်တွေထုတ်၊ ရိုးသားဖြောင့်မတ်စွာနဲ့ ကူညီနေတဲ့သူတွေကို ပြသနာရှာ အကြောင်းပြဖမ်းဆီး၊ အလှူပစ္စည်းတွေကို အလွဲသုံးစားလုပ်ပြီး သက်သာချောင်ချိရေးဆိုပြီး လက်ပါးစေတွေကို စည်းရုံးရေးအရရောင်းချ၊ ဈေးတွေထဲမှာ ပြန်ခိုးရောင်း - စသဖြင့်လုပ်နေကြတာ ဘယ်သူတွေလည်းဆိုတာ သိသိသာသာကြီးပါ။ ဒီလိုလုပ်နေတာ နအဖနဲ့  လက်ပါးစေတွေဆိုတာ နိုင်ငံတကာကတောင် သိသွားလောက်အောင် ပေါ်တင်ကြီးလုပ်နေတာ။ သက်သေအထောက်အထားတွေနဲ့  ပေါ်နေတာ ဖုံးကွယ်လို့ မရပါတော့ဘူး။ ဒီလိုလုပ်နေတာတွေ ဘူးပေါ်သလို ပေါ်နေတာကို ဘူးခံငြင်းပြီး နအဖသူခိုးက လူပြန်ဟစ်နေလေသေးရဲ့ ။

တစ်နေ့ က နအဖပိုင် MRTV ကနေ - တခြား တသီးပုဂ္ဂလများမှ ပြည်တွင်းမှနေပြီး ပြည်ပမှပေးနေသော အကူအညီများကို ကြားဖြတ် လက်ခံယူနေပါတယ်၊ တသီးပုဂ္ဂလများ အနေဖြင့် အဆိုပါ ငွေများကို လေဘေး ဒုက္ခသည်များ အတွက် အသုံးမပြုဘဲ ရှိနေကြောင်း သတင်းရရှိထားပါတယ်၊ အဆိုပါ တသီးပုဂ္ဂလများကို အမြန်ဆုံးဖေါ် ထုတ် အရေးယူသွားမည် ဖြစ်ကြောင်းနဲ့ ပြောဆိုသွားပါတယ်။ လိမ်လည်ပြောဆိုတဲ့နေရာမှာတော့ နအဖကို ဘယ်သူမှမမှီဘူး။ ကောက်ကျစ်ယုတ်မာရိုင်းစိုင်းတဲ့နေရာမှာလည်း လွန်လွန်းတဲ့နအဖက ပြည်သူတွေအပေါ်မှာ ဘယ်သောအခါမှ အကျိုးပြုလိမ့်မှာ မဟုတ်ဖူး။









မရိုးသားတဲ့နအဖဟာ သူများတွေလှူသမျှအလှူငွေပစ္စည်းတွေကို ဒုက္ခရောက်နေသူတွေမျက်နှာကိုမှမထောက် မညှာမတာနဲ့  ဘယ်သူသေသေ ငတေမာရင်ပြီးရောစိတ်ယုတ်မာနဲ့  မောင်ပိုင်စီးပြီး နအဖသာလျှင် လှူဒါန်းမှုများကို ကူညီသည်ဆိုတဲ့ နာမည်တတ်ပြီး နာမည်ကောင်းယူလိုတာနဲ့ ၊ တသီးပုဂ္ဂလကူညီနေတဲ့သူတွေကို ဒီလို မဟုတ်မမှန်ဘဲ တမင်သက်သက်စွပ်စွဲတာဟာ တကယ်တော့ သူတို့  နိုင်ငံခြားငွေတွေ နိုင်ငံခြားပစ္စည်းတွေကို ယူဖို့ အတွက် အကွက်ဆင်တယ်ဆိုတာ အထင်အရှားကြီးဘဲ။














ဒီလိုမျိုး မြေတစ်ဧကကိုဝယ်ယူုပြီး မုန်တိုင်းဘေးကြောင့်သေနေခဲ့တဲ့ ပုပ်ပွနေတဲ့အလောင်းတွေကို မရွံမရှာဘဲ စိတ်စေတနာသန့် ရှင်းစွာနဲ့  ကူညီပြီးမြေမြုပ်သင်္ဂြိုလ်ပေးနေတဲ့ စေတနာရှင်တွေလိုမျိုး ဘယ်နအဖမှ လက်ပါးစေကများ လုပ်ပေးဖူးတာရှိသလည်း။

ပြည်သူုတွေက အသိစိတ်ဓါတ်အပြည့်အ၀နဲ့  တစ်နိုင်တပိုင် ကိုယ်စီကိုယ်ငှ တသီးပုဂ္ဂလအနေနဲ့  ၀ိုင်းဝန်းကူညီနေကြတာကို စော်ကားပြီး အရှက်မရှိ ပြောကြားတဲ့ နအဖရဲ့ ချီးစော်နံတဲ့ပါးစပ်ကိုတော့ သြချလောက်ရဲ့ ။ ပြောလည်းပြောရဲပါပေတယ်။

ဒီလို ဒုက္ခရောက်နေသူတွေကိုပေးနေတဲ့ အကူအညီတွေကို ဖြတ်စားလတ်စားလုပ်ဖို့ လောက်ဘဲသိတဲ့၊ တသီးပုဂ္ဂလကူညီနေတာတွေကို ပိတ်ပင်တားဆီးနေတဲ့၊ ကူညီနေတာတွေကို နှောင့်ယှက်ပြောဆိုစွပ်စွဲနေတဲ့ နအဖတွေရဲ့  ကမ်းကုန်အောင် ယုတ်မာပက်စက်မှုကို ဒီအတိုင်း ငြိမ်မခံကြပါနဲ့ ။ ဘေးဒုက္ခရောက်နေကြတဲ့ ကျွန်တော်တို့  မုန်တိုင်းဘေးဒုက္ခသည်တွေဘ၀တွေအတွက် စာနာသနားပြီး ကမ္ဘာကသိအောင် သက်သေအထောက်အထားတွေနဲ့  ဖေါ်ထုတ်ပေးခြင်းဖြင့် ကူညီပေးကြပါ။ မဖြစ်ဖြစ်တဲ့နည်းနဲ့  ရဲရဲဝန့် ဝန့်  စုပေါင်းကူညီကြပါ။ အနှောင့်အယှက်မှန်သမျှ နှောင့်ယှက်သူမှန်သမျှကို ပြည်သူ့ အားနဲ့  တိုက်ထုတ်ကြပါ။

 
/* EOT ----------------------------------------- */