မိုးကုတ်မြို့ မှာ မိုးတွေအရမ်းရွာပြီး ရေတွေကြီးပါတယ်။ လူတွေလည်းသေတယ်လို့  သိရှိရပါတယ်။ မိုးကုတ်မြို့ အရှေ့ပိုင်းမှာဖြစ်တာပါ။ ကျောက်ဝိုင်း(ဌာပွဲ)ထဲက ၀န်ထမ်းမိသားစု သားသမီးမောင်နှမလေးယောက်(ကလေး) အိပ်နေချိန် ရေထဲပါပြီး သေသွားပါတယ်။ စွန်းလွန်းကမ္ပဌာန်းကျောင်းနားက ကမ်းပါးပြိုမြေပိပြီး လူခြောက်ယောက် ကိုယ်ဝန်သည်မိခင်တစ်ဦး စုစုပေါင်း (၇) ဦး သေဆုံးပါတယ်။ အုန်းကိုင်းရွာသစ် မြေပြိုပြီး အဖွားကြီးတစ်ယောက်သေဆုံးပါတယ်။ အပျက်အစီး တော်တော်များတယ်။ မိုးကုတ်မှာရှိတဲ့ အများအခေါ် ရေနီချောင်း ဒီချောင်းက တစ်မြို့လုံးကို ဖြတ်ပြီး တောင်မြောက်စီးဆင်းပါတယ်။ မိုးကညနှစ်နာရီကတည်းက သဲသဲမဲမဲကိုရွာတာ မနက်ဆယ်နာရီလောက်မှ တိတ်ပါတယ်။ တောင်ကြရေတွေ ဒလဟော ချောင်းထဲကို စီးဝင်လာပါတယ်။ ချောင်းက အမှိုက်တွေပိတ်ပြီး မြို့ပေါ်ကို လျှံတတ်လာတာပါ။ သုံးပုံနှစ်ပုံလောက် ရေလွမ်းပါတယ်။
Friday, June 13, 2008
မိုးကုတ်မြို့ မိုးသည်းထန်စွာရွာပြီး ချောင်းရေလျှံလို့  မြို့ သုံးပုံနှစ်ပုံခန့် ရေလွမ်း။
Posted by Niknayman at 3:03 PM