Thursday, June 19, 2008

ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ အခမ်းအနား ငြိမ်းချမ်းစွာကျင်းပနေစဉ် ကြံ့ ဖွတ်နဲ့ လုံထိန်းမှ ၀င်ရိုက်။

ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ပွဲကျင်းပနေခိုက် အနေခက် အသွားခက် အစားခက် နေတဲ့ဘ၀တွေ ကလွတ်အောင် အန်တီစု အမြန်လွတ်မြောက်ပါစေလို့ဆိုင်းဘုတ်ရေးပြီး လူငယ်တစ်ဦးမှရုံးရှေ့ ထွက်ကာ ကိုင်ဆောင်စဉ် စနစ်တကျ စောင့်ဆိုင်း နေရာယူထားသော ကြံ့ဖွတ် အဖွဲ့ ဝင်များမှ ၀င်ရောက်ရိုက်နှက်သည်မှာ ဒီပဲယင်းတွင် ရိုက်ခဲ့သကဲ့သို့ဖြစ်ပါတယ်။

ကြံဖွတ် တွေကိုတင်ထားတဲ့ ဒိုင်နာကားသုံးစီး၊၀ိုင်ယာလက်ကား ၃ စီးနဲ့ စစ်ကားတွေကလည်း ၀ိုင်းရံထားပါတယ်။အဖွဲ့ ချုပ်ဝင် တွေက ရုံးရှေ့ မှာစုရုံးရောက်ရှိလာပြီ။ ဒေါ်အောင်ဆန်းစုကြည် ကျမ္မာပါစေဒေါ်အောင်ဆန်းစုကြည်ကိုလွှတ်ပေးစတဲ့ကြွေးကြော်သံတွေကိုတခဲနက်တိုင်လိုက်ကြပါတယ်။ရုံးရှေ့ မှာရောက်နှင့်နေပြီးဖြစ်တဲ့ ကြံဖွတ်တွေက အဖွဲ့ ချုပ်ဝင်ရဲဘော်တွေကို ဒလကြမ်းရိုက်နှက်ဖမ်းဆီးလိုက်ပါတယ်။

ရွှေဂုံတိုင်လမ်းကို ပိတ်ထားပါတယ်။ ဘုရား အင်္ဂါထောင့်လက်ခြမ်းက လမ်းတွေကိုလည်း ပိတ်ဆို့ ထားပါတယ်။

အဖမ်းခံရသူများမှာ ကိုထွန်းမြင့်၊ ကိုမောင်မောင်သိန်း၊ အမည်မသိ အမျိုးသမီးတစ်ယောက်
နှင့် ဘုန်းကြီးနှစ်ပါးပါရှိကြောင်း သိရှိရပါတယ်။

မွေးနေ့ ပွဲတွင် ဆွမ်းလောင်းပြီး ငှက်များအလွှတ်တွင် ၀င်ဖမ်းဖြင်းဖြစ်ပါတယ်။ မှတ်တမ်းတင်ဓါတ်ပုံရိုက်နေသော ကိုထွန်းမြင့်အားလည်း ခေါ်ဆောင်သွားရာ ကိုထွန်းမြင့်မှ ကင်မရာကို ပြစ်ချပေးခဲ့ပါတယ်။

ယခုလို ရိုက်နှက်မှုဖြစ်ပြီးနောက်တွင် နအဖဘက်မှနေပြီး လာပြန်ညှိပါတယ်။ အခုဖြစ်ပွားခဲ့တာကို ဘယ်လိုမှသဘောမထားဖို့  ဘာမှမဖြစ်သလိုဘဲထားလိုက်ဖို့  လာပြောပါတယ်။ မ၀တက ခွင့်မပြုဘဲလုပ်တဲ့အတွက် မိုးပျံဘူဘောင်းမလွှတ်ဖို့ ၊ လက်ခုပ်မတီးကြဖို့ လည်း ပြောပါတယ်။ နအဖဘက်မှ လာပြောသူ (၄) ဦးမှာ ရဲယူနီဖောင်းများ ၀တ်ဆင်ထားသူများ ဖြစ်ပါတယ်။

တရုတ်က ပို့လိုက်တဲ့ရဲကားတွေရော၊ မီးသတ်ကားတွေရော၊ အချုပ်ကားတွေရော ဒိုင်နာကားတွေရော အပြည့်ချထားပါတယ်။ သံဆူးကြိုးခွေများကို ကားတွေပေါ်မှာ ချိတ်ထားပါတယ်။ ယာဉ်ထိန်းရဲများမှ လမ်းတွေကို ပိတ်ဆို့ ထားပေးပါတယ်။

ယခုလို အကြမ်းဖက်ဝင်ရိုက်ခြင်းမှာ လမ်းများကို ကြိုတင်ပိတ်ဆို့ ထားပြီးမှ ၀င်ရိုက်ခြင်းဖြစ်လို့  တမင်ကြိုတင်အကွက်ချ စီစဉ်ထားကြောင်း သိသာထင်ရှားပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ်ရုံးအတွင်းသို့  မည်သူကိုမျှ ပေးမ၀င်ခဲ့သလို အထဲမှသူများကိုလည်း ပေးမထွက်ခဲ့ပါ။ နေ့ လည် ၁ နာရီခန့် ရောက်မှသာ အ၀င်အထွက်လုပ်လို့ ရပါတယ်။

အနီရောက်ပတ်နဲ့  ယူနီဖောင်းတွေရော အရပ်ဝတ်နဲ့ ရော လက်နက်အပြည့်အစုံနဲ့ လုံခြုံရေးတော်တော်များများ ချထားသော်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ်မှ အခမ်းအနားအား ဆက်လက်ကျင်းပပါတယ်။ (၂) နာရီခန့် မှာ အခမ်းအနားကို ရုတ်သိမ်းခဲ့ပါတယ်။

 
/* EOT ----------------------------------------- */