ယခုရက်ပိုင်း ရန်ကုန်မြို့အတွင်းတွင် အာဏာပိုင်များ၏ လုံခြုံရေးတင်းကြပ်မှုများ အလွန်ပင်များပြားလျှက်ရှိနေပြီး ဘတ်စ်ကားများကို ရပ်တန့်စေပြီး ခရီးသည်များ၏ အိတ်နှင့် ကိုယ်ပိုင်ပစည်းများကို ဖွင့်လှစ်စေပြီး စာရွက်စာတန်းများမှအစ အားလုံးအား စစ်ဆေးလျှက်ရှိပါတယ်။ ထို့ကြောင့် မြန်မာဘလော့ဂါများအနေဖြင့် မိမိကိုယ်အတွင်း သတင်းအချက်အလက်များ ရေးသားမှတ်ယူထားသည့် စာရွက်စာတမ်းများအား အတူတကွ မယူဆောင်သွားမိစေရန်နှင့် ကွန်ပျူတာဒေတာများကိုလည်း အသုံးပြုပြီးသည်နှင့် ချက်ချင်း ဖျက်ဆီးပစ်ရန် အလွန်အရေးကြီးလျှက်ရှိသည်။ ယခုအခါတွင် စစ်အစိုးရသည် ဘလော့ဂါတိုက်ပျက်ရေး စစ်ဆင်ရေးတစ်ခုကို လျှို့ဝှက်ရေးသားနေပြီဖြစ်ပြီး ထိုစစ်ဆင်ရေးကို အိုင်စီတီပတ်နှင့် မြေပြင်အာဏာပိုင်အဖွဲ့အစည်းအသီးသီးမှ ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။ ထိုကြောင့် စစ်အစိုးရအတိုက်အခံ မြန်မာဘလော့ဂါများအနေဖြင့် လုံခြုံရေး အထူးသတိပြုရန် လိုအပ်လျှက်ရှိသော အချိန်ဖြစ်ကြောင်း အတိုက်အခံဘဘော့ဂါများမှ ဆိုသည်။
(Myanmar Herald Tribune မှ တစ်ဆင့် ပြန်လည် ဖေါ်ပြအပ်ပါသည်)။
Friday, June 20, 2008
ပြည်တွင်းဘလော့ဂါများ သတိထားကြရန်
Posted by Niknayman at 6:39 PM