Thursday, June 12, 2008

ကျုံပျော်တပ် တပ်ရင်း (၃၆) မှ စစ်သားများနှင့် ကြံ့ ဖွတ်များ လေဘေးဒုက္ခသည်များထံမှ ပစ္စည်းများအား အဓမ္မသိမ်းယူ။

ကဒုံကနိ၌ နယ်မြေစိုးမိုးရေးတပ်ခွဲ (၂)မှ စစ်သား (၂ ) ဦး နှင့် ကဒုံကနိပြည်ခိုင်ဖြိုးအဖွဲ့  (ကြံ့ ဖွတ်)မှ မောင်ဦးဆိုသူတို့သည် (၅ ) လပိုင်း ၁၀ ရက်နေ့ နှင့် ၁၁ ရက်နေ့များမှာ ရေကျော်ကြီး ၊ ချောင်းဗြဲကြီး ၊ ကံဆိပ်၊ ရွေးချောင်းကြီးနှင့် အခြားကျေးရွာငယ်များတွင်နေထိုင်သော လေဘေးဒုက္ခသည်များထံမှ ပစ္စည်းများကို အဓမ္မ သိမ်းယူသွားပါသည်။ ဒုက္ခသည်များမှ မပေးလျှင် ရိုက်မည်၊ ထိုးမည်၊ ပစ်သတ်လိုက်ရမလားဟု ကြိမ်းမောင်းပြီး ပစ္စည်းများကို သိမ်းသွားပါသည်။

ပေပါဗုံးနှင့် စက်ပစ္စည်းများကို သိမ်းပြီးနောက် ချောင်းဗြဲကြီးကျေးရွာ ပပ၀င်း ကုန်စုံဆိုင်ကိုသွားပြီး ပေပါဗုံး ၁၀ လုံးအား အရက်နှင့် လဲသောက်သွားပါသည်။ ထို့ပြင် တရုတ်နီ ၇ တစ်မတ် ၊ ၁၀ ကောင်၊ ၁၃ ကောင်၊ ၁၆ ကောင် ၁၈ ကောင် ၂၀ ကောင်နှင့် ၂၂ ကောင်စက်များနှင့် အခြားအဖိုးတန်ပစ္စည်းများကိုလည်းယူပြီး ငါးဖမ်းပိုက်များကိုလည်း အဓမ္မ သိမ်းယူသွားပါသည်။ ၄င်းနောက် ကဒုံကနိ၊ ရွေချောင်းထဲရှိ ဂိုတောင်များတွင် သိမ်းဆည်းပြီး ၄င်းပစ္စည်းများကို ရောင်းစားနေပါသည်။

မေလပိုင်း ၂၇ ရက်နေ့တွင် ကဒုံကနိ ( ၃ ) ရပ်ကွက်ဂိုထောင်ထဲတွင် ရှိသော ပစ္စည်းများကို ရေကင်း၌ ချထားသော တပ်ကြပ်ကြီးမှ ဦးစီး၍ ရွေချောင်းရှိ ဂိုထောင်ထဲသို့ တဆင့်တတ်၍ ပြောင်းရွှေ့ ထားပါသည်။

ထို့ အပြင် ဘိုကလေးမြို့ နယ်၊ ကြိမ်ချောင်းကြီးကျေးရွာအုပ်စု၊ ချောင်းဗြဲကြီးကျေးရွာအမှတ် (၁ ) မှ ရာအိမ်မှူးဦးတင်မောင်ဌေးမှ နိုင်ငံတော်မှ ပံ့ပိုးသော စားနပ်ရိက္ခာများအား လေဘေးဒုက္ခသည်များထံ အပြည့်အ၀ မဝေဘဲ မိမိကိုယ်ကျိုးအတွက် အလွဲသုံးစား ပြုလုပ်နေပါသည်။ ယခုအချိန်တွင် ပြန်လည်ထူထောင်ရေးကာလဖြစ်သော်လည်း ဘာသာရေးလုပ်ငန်းများ ၊ ပညာရေးလုပ်ငန်းများ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများအား မပြုလုပ်ပဲ ကြိမ်ချောင်းကြီး ရယက ဥက္ကဠ နှင့်ပူးပေါင်းပြီး လေဘေးဒုက္ခသည်ပြည်သူများအား နှိပ်စက်နေကြောင်းကိုလည်း သိရှိရပါသည်။

 
/* EOT ----------------------------------------- */