အန်အယ်လ်ဒီလူငယ်တစ်ဦးကိုင်ထားတဲ့ ဆိုင်းဘုတ်မှာ - ပြည်သူတွေဒုက္ခရောက်နေချိန် ဘယ်သူတွေက ကုညီမှာလည်း၊ လေဘေးဒုက္ခ နေရေးဒုက္ခ - လို့  ဖေါ်ပြထားပါတယ်။ အဖွဲ့ ချူပ်ရုံးရှေ့ က လူအုပ်ကြီးဟာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ပါစေလို့  ကြွေးကြော်ဆုတောင်းကြပြီး လက်ခုတ်များတီးကာ အဆိုပါ ဆိုင်းဘုတ်ကိုင်ထားတဲ့ အန်အယ်လ်ဒီလူငယ်ကို ကြိုဆိုကြပါတယ်။
ထို အန်အယ်လ်ဒီလူငယ် အဖွဲ့ ချူပ်ရုံးအတွင်းကို ၀င်ရောက်သွားပြီး သိတ်မကြာခင်မှာ စွမ်းအားရှင်တွေတင်လာတဲ့ ဒိုင်နာကားတစ်စီး ရောက်လာပြီး အန်အယ်လ်ဒီလူငယ်များကို ရန်စကားစတင်ပြောပါတယ်။ မင်းတို့ မိုက်လို့ လား၊ မိုက်ရင်ထွက်ခဲ့ ဆိုပြီး အော်ဟစ်ပြောဆိုရန်စပြီးနောက်မှာ အဲ့ဒီစွမ်းအားရှင်တွေက ၀င်ရောက်ရိုက်နှက်ဖမ်းဆီးပါတယ်။
စွမ်းအားရှင်တွေက ဒီလိုအကြမ်းဖက်ရိုက်နှက်တာတွေကို ပြုလုပ်လာတဲ့အခါမှာ အန်အယ်လ်ဒီလူငယ်အအျားစုဟာ မိမိတို့ အချင်းချင်းလက်ချင်းချိတ်ပြီး တစ်ဦးကိုတစ်ဦးကာကွယ်ကာ အဖွဲ့ ချူပ်ရုံးထဲကို ကြိုးစားဝင်ရောက်ကြပါတယ်။
အဲ့ဒီအချိန်မှာ ကြံ့ ဖွတ်နဲ့  အရပ်ဝတ်ရဲတွေဟာ အဖွဲ့ ချူပ်ရုံးကို ၀ိုင်းဝန်းပိတ်ဆို့ လိုက်ပါတယ်။ (၄) ဦးအဖမ်းခံရပါတယ်။ က်ုထွန်းမြင့်ကို ကားပေါ်အထိ ခြေနဲ့ ကန်ကြောက်ထိုးကြိတ်ပြီးခေါ်ဆောင်သွားပါတယ်။
Thursday, June 19, 2008
ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အခမ်းအနားနှင့် နအဖလက်ပါးစေများ၏ ရိုက်နှက်နှောင့်ယှက်ဖမ်းဆီးမှု (နောက်ဆက်တွဲ သတင်း - ၂)။
Posted by Niknayman at 7:57 PM