Tuesday, June 3, 2008

လင်းတတွေကလည်း ၀ဲ၊ ဘ၀တွေကလည်း မွဲနေကြရတယ်။

နအဖကနေ ဟန်ပြလုပ်ပေးထားတဲ့ ကယ်ဆယ်ရေးစခန်းတွေကနေ မုန်တိုင်းဘေးဒဏ်ခံရသူ ဒုက္ခသည်တွေ ဆက်မနေတော့ဘဲ တဖြေးဖြေးနဲ့ နဲ့  ပြန်ထွက်ခွာလာကြပါတယ်။ ပုံပါ နအဖရဲ့  ကယ်ဆယ်ရေးစခန်းမှာ နေတဲ့သူတွေ နည်းလာလို့  တဲတွေဟာ လူမရှိဘဲ ဟောင်းလောင်း ဖြစ်နေပါတယ်။















အချို့ ဒုက္ခသည်တွေကြပြန်တော့လည်း အစပိုင်းက ကယ်ဆယ်ရေးစခန်းထဲကို ၀င်ဖို့  သွားခဲ့ကြပေမယ့် နေခွင့်မရဘဲ ပြန်မောင်းထုတ်တာခံရလို့  နဂိုမုန်တိုင်းဘေးသင့်တဲ့နေရာတွေမှာဘဲ ပြန်ပြီး ဖြစ်သလို နေကြရပါတယ်။





























နအဖရဲ့ ဟန်ပြကယ်ဆယ်ရေးစခန်းများကနေ ပြန်လည်စေလွှတ်ခံရတဲ့ မုန်တိုင်းဘေးဒဏ် ခံရသူ ဒုက္ခသည်များဟာ မိမိတို့ ရဲ့ ရပ်ရွာကို ပြန်လည်ရောက်ရှိလာတဲ့အခါမှာတော့ သူတို့ နေရာဟောင်း ကျေးရွာပတ်ဝန်းကျင်တွေမှာ လူသေကောင်များနဲ့ တိရိစ္ဆာန် အသေကောင် များကို စားသောက်နေကြတဲ့ လင်းတ(လဒ) များကို တွေ့ မြင်ကြရပါတယ်။ ဒီလင်းတတွေဟာ ကောင်းကင်ယံမှာ မကြာခဏဆိုသလို ၀ဲ ပျံနေပြီး လစ်တာနဲ့  လူသေကောင်တွေ တိရိစ္ဆာန်အသကောင်တွေရှိရာကို ထိုးဆင်းလာပြီး အုပ်စုလိုက် ဖဲ့စားထိုးစားတာတွေ လုပ်ကြပါတယ်။ ဒီအတွက် ပိုးကောင်လောက်လန်းတွေနဲ့  အသားစတွေ ပြန့် ကြဲနေပြီး ရောဂါဆိုးတွေကို မကြာခင်ဖြစ်စေတော့မှာပါ။






























ဒါကြောင့် ရွာအစွန် လူသေကောင်များ ၊ တိရိစ္ဆာန် အသေကောင်များနဲ့ အနည်းငယ်ဝေးတဲ့ လွတ်ကင်းတဲ့.မြေနေရာတွေမှာ ပြန်ရောက်လာကြတဲ့ ဒုက္ခသည်တွေဟာ တဲငယ်လေးများ ပြန်ဆောက်ပြီး နေထိုင်နေကြရပါတယ်။

ဒုက္ခသည်တွေအတွက် သောက်ရေအတွက် အဓိက အခက်အခဲဖြစ်နေကြရပါတယ်။ ဒီ့အပြင် မိသားစုထဲမှ ကျန်ရှိနေသေးသော ကလေးငယ်များလည်း ကျောင်း စာသင်ဖို့ အတွက် အခက် အခဲ ဖြစ်နေကြရပါတယ်။

နောက်တစ်ခုကတော့ နအဖကယ်ဆယ်ရေးစခန်းတွေထဲ ပေးမ၀င်ဘဲ မိမိတို့  နေရပ်ဒေသကို ပြန်လည်စေလွှတ်ခံရတဲ့သူတွေအတွက်ကို နအဖဘက်မှ မိုးကာစ အနည်းငယ်နဲ့  ဆန် (၃) ပြည် ခန့် သာ ပေးပြီး၊ ပြန်လွှတ်လိုက်တဲ့အတွက် ရေရှည်မှာ ဘယ်လိုရပ်တည် နေထိုင်ဖို့  မလွယ်ဖူးဖြစ်နေတယ်လို့  ပြန်လွှတ်ခံရတဲ့ ဒုက္ခသည် တစ်ဦးကနေ ပြောပါတယ်။

ညအချိန်အခါဆိုရင်လည်း ကလေးလူကြီး မကျန် ထိတ်လန့်  ခြောက်ခြားစွာနဲ့  အမှောင်ထဲမှာ နေနေကြရပြီး စိတ်ပျက် အားငယ်နေကြပါတယ်။

သူတို့ ရှိတဲ့နေရာကို အလှူ ရှင် များ လာမလားဆိုပြီး မျှော်လင့် နေပေမယ့် အလှူရှင်အများစုဟာ မြစ်ချောင်းခြား ဝေးလံလှတဲ့ သူတို့  နေရာဒေသကို ရောက်လာကြတာ မတွေ့ ရသေးဖူးလို့ လည်း ပြောဆိုပါတယ်။

အဲ့ဒီ သူတို့ နေတဲ့ ဒေသရဲ့  အသက်မွေးလုပ်ငန်းများဖြစ်ကြတဲ့ လယ်ယာလုပ်ငန်းနဲ့ တံငါ လုပ်ငန်းများကို ပြန်လည် လုပ်ကိုင်နိုင်ရန်အတွက် လိုအပ်တဲ့ ကိရိယာတွေ မရှိလို့  ဘာမှ ပြန်မလုပ်ဖြစ်ကြဖူးလို့ လည်း သိရပါတယ်။

ထမင်းချက်ဖို့ အတွက် အိုးခွက် ပန်းကန်တွေ မိသားစုတိုင်းမှာ မရှိတဲ့အတွက် သူတို့ ထဲက ရှိတဲ့ မိသားစုအနည်းငယ်ဆီကနေ အိုးခွက်ကို ယူပြီး၊ အလှည့် ကျ စနစ်နဲ့  တလှည့်ဆီ ချက်ပြုတ် နေကြရပါတယ်။

ဒီဒုက္ခသည်တွေ ပြောတာကတော့ သူတို့ အနေနဲ့  နအဖဆီကနေ ဘာထောက်ပံ့ မှုကိုမှ မလိုချင်တော့ဘဲ၊ အများပြည်သူတွေကနေ တိုက်ရိုက်ထောက်ပံ့လှူဒါန်းမှုကိုသာ မျှော်လင့် နေတဲ့အကြောင်း ပြေပြပါတယ်။ ဘာလို့  ဒီလိုပြောရတာလည်းဆိုတော့ နအဖက သူတို့ အတွက် ထောက်ပံ့လှူဒါန်းပြနေတာတွေဟာ တကယ်တော့ မ၀ ရေစာ ဟန်ပြသက်သက်သာ လုပ်နေတာကို သိတဲ့အတွက် ခံရတဲ့အတွက်ဖြစ်တယ်လို့  ပြောပြပါတယ်။ အမှန် တကယ် ပြည်သူများကနေ လှူဒါန်းတဲ့ဟာတွေကသာ စေတနာအပြည့် နဲ့  လှူဒါန်းတာဖြစ်တဲ့အတွက် ပြည်သူတွေလှူတာကိုဘဲ အားကိုးစောင့်မျှော်နေကြပါတယ်လို့  ဒုက္ခသည်တွေက ပြောနေကြပါတယ်။

စားရေးသောက်ရေး နေရေးထိုင်ရေးအတွက် တစ်ခုမှ မပြေလည်ဘဲ ဖြစ်သလို အသက်ရှင်ဖို့  လုပ်နေကြရတဲ့ ဒီမုန်တိုင်းဘေးဒဏ်ခံရ ဒုက္ခသည်တွေမှာ အနားတစ်ဝိုက် ၀ဲပျံနေတဲ့ လင်းတတွေရဲ့  အစာများ ဘယ်တော့ဖြစ်မလည်းလို့ လည်း တွေးမိကောင်း တွေးမိနေမှာ။

ကျွန်တော်တို့  ပြည်သူတွေအနေနဲ့  နအဖရဲ့  ပိတ်ပင်တားဆီးမှုတွေ ဟန့် တားမှုတွေကို ရဲရဲဝန့် ဝန့်  တော်လှန်ပြစ်ပြီး မုန်တိုင်းဘေးဒုက္ခသည်တွေ မျှော်လင့်တမ်းတနေကြတဲ့ ပြည်သူတွေရဲ့  ကုညီမှုကို လုပ်ပေးရင်းနဲ့  သူတို့ ကို ကယ်တင်ကြပါစို့ ။

 
/* EOT ----------------------------------------- */