Monday, June 9, 2008

မြန်မာပြည်တွင်းမှ အင်တာနက်သုံးသူများအတွက် Global Pass ပါ။

မြန်မာပြည်သူတွေ သတင်းအမှန်တွေ ဖတ်နေတာ သိနေတာ ရနေတာ ဖေါ်ထုတ်နေတာတွေကို နအဖအာဏာရှင်ခမျာ အင်မတန် ကြောက်ရွံ့စိုးရိမ်လွန်းနေတာကြောင့် အင်တာနက်အသုံးပြုတာကို လိုက်လံပိတ်ပင်တားဆီး နှောင့်ယှက်အန္တရာယ်ပေးချက်ရှိနေပါတယ်။

ဒီအတွက် နအဖကို ကမ္ဘာ့ အဆိုးဆုံး အင်တာနက်ရန်သူ (Enemy of Internet) ဆိုပြီး သတ်မှတ်ထားပါတယ်။










အခုလက်ရှိအခြေအနေမှာလည်း ပြည်တွင်းကနေ အင်တာနက်သုံးစွဲသူတွေအတွက် အင်တာနက်ကွန်နက်ရှင်တွေ ၀င်လို့ မရတာတွေ၊ ကွန်နက်ရှင်လိုင်း ခဏ ခဏ ပြတ်ကျတာတွေ၊ ကွန်နက်ရှင် ရပြန်တော့လည်း အင်မတန်နှေးလွန်းတာတွေ၊ ပုံတွေ ဖိုင်တွေကို ပို့ မရ ယူမရတာတွေ၊ အင်တာနက်စာမျက်နှာတွေကို ၀င်ကြည့်လို့ မရတာတွေ စသဖြင့် အခက်အခဲမျိုးစုံ ကြုံရလေအောင် နအဖက တမင်လုပ်ထားရုံသာမက အင်တာနက်သုံးစွဲသူတွေကို အင်တာနက်ကဖေးဆိုင်တွေမှာ စောင့်ကြည့်စစ်ဆေးတာထက် ပိုလာပြီး၊ အခုဆိုရင် အင်တာနက်ကို ဘယ်နေရာက ဘယ်လိုသုံးစွဲလည်းဆိုတာ သိရအောင် သုံးစွဲသူရဲ့  ကွန်ပျူတာရှိတဲ့နေရာကို အွန်လိုင်းကနေ ခြေရာခံလိုက်တာတွေပါ လုပ်လာပါတယ်။

ဒီအတွက် ဒီလိုအင်တာနက်သုံးစွဲမှု တားမြစ်ပိတ်ခံရတဲ့နိုင်ငံတွေက အင်တာနက်သုံးစွဲသူတွေ အင်တာနက်စာမျက်နှာတိုင်းကို လွတ်လွတ်လပ်လပ်နဲ့  လုံခြုံစိတ်ချရစွာ သုံးစွဲနိုင်ရေးအတွက် အကူအညီပေးကြတဲ့ အင်တာနက်ပိုင်းဆိုင်ရာ ကျွမ်းကျင်သူတွေက နည်းလမ်းများ ရှာဖွေတီထွင် ဆောင်ရွက်ပေးလာကြပါတယ်။

အခုတင်ပြတဲ့ Global Pass ဟာလည်းဘဲ တစ်ခုအပါအ၀င်ဖြစ်ပါတယ်။ မြန်မာပြည်တွင်းမှ အင်တာနက်သုံးစွဲသူများအတွက် အကူအညီပေးတဲ့အနေနဲ့  ဒီ Global Pass (GPass) ကို ဘယ်လိုသုံးစွဲရမယ်ဆိုတာ မြန်မာဘာသာနဲ့ ပါ ရှင်းပြပေးထားပါတယ်။

မြန်မာပြည်တွင်းမှ အင်တာနက်သုံးစွဲသူများအတွက် အသုံးဝင်နိုင်မယ်လို့  ယူဆတဲ့အတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Global Pass (GPass) ဆော့ဝဲလ်ကို ဒေါင်းလုပ်လုပ်ရန်အတွက် download

http://www.mediafire.com/?a4lx2zfje4b


မြန်မာလို လမ်းညွုန်ချက်ကလေးကို ဖတ်ပါ။ ဒီမှာပါ လမ်းညွုန်ချက် (မြန်မာဘာသာ)။

http://www.mediafire.com/?dbltz3zdmkd


Read this document on Scribd: help-burmese


Global Pass (GPass) ရဲ့  မူလ အင်တာနက်စာမျက်နှာကို ကြည့်ချင်ရင်ဖြင့် - http://gpass1.com/gpass/ ဖြစ်ပါတယ်။

လေးစားစွာဖြင့် - နစ်နေမန်း။

 
/* EOT ----------------------------------------- */