Monday, June 9, 2008

နအဖရဲ့  Myanmar.com လိပ်စာအသစ် ပြောင်းလိုက်ခြင်း။

အရင်တစ်ခါတုန်းက နအဖသတင်းစာထဲမှာ Killer Than Shwe ဆိုပြီး စကားလုံးပြောင်းပြန်နဲ့  နအဖကို ရေးသားကလိခဲ့တဲ့ ဒိန်းမတ်အနုပညာအဖွဲ့ တစ်ခု www.surrend.org ကနေ အခုတစ်ခါ နအဖရဲ့  အဓိက၀က်ဆိုဒ်ဖြစ်တဲ့ www.myanmar.com ကို ဆင်တူလေးလုပ်ပြီး www.myanmaar.com ဆိုပြီး ဖန်တီးပြီး မြန်မာပြည်က အာဏာရှင်တွေကို ကလိလိုက်ပါတယ်။












ဒီလိုဖန်တီးလိုက်တဲ့ www.myanmaar.com ထဲမှာ ဂျာမဏီမှာ တစ်ချိန်တုန်းက အာဏာရှင်တစ်ဦးဖြစ်ခဲ့တဲ့ ဟစ်တလာဦးဆောင်တဲ့ နာဇီအာဏာရှင်တွေရဲ့  ပုံဟောင်းတွေနဲ့  ၀က်ဆိုဒ်ထိပ်ပိုင်းမှာ ဖေါ်ပြထားတာ ဖြစ်ပါတယ်။

ဒီအပြင် ငြင်းပမ်းနှိပ်စက်ခြင်း၊ ဆာလောင်မွတ်သိပ်ခြင်း၊ ပြည်သူ၊ အကြမ်းဖက်ခြင်း၊ အလွဲသုံးစားပြုလုပ်ခြင်း၊ ဆင်ဆာဖြတ်ခြင်း ဆိုတဲ့ စကားလုံးတွေကို ၀က်ဆိုဒ်ရဲ့  ဘယ်ဘက်နားမှာ ဖေါ်ပြထားပါတယ်။

ဒါတင်မကသေးပါဘူး ဒီဝက်ဆိုဒ်ရဲ့  သတင်းဖေါ်ပ်ြချက်တွေထဲမှာ နအဖထိပ်ပိုင်းခေါင်းဆောင်အားလုံးရဲ့  နာမည်တွေရှေ့ မှာ လူသတ်သမား killer ဆိုပြီး အသီးသီးထည့်သွင်းဖေါ်ပြထားတာတွေ့ ရပါတယ်။

သေသေချာချာကြည့် လိုရင်ဖြင့် http://www.myanmaar.com/ ကို နှိပ်ကြည့်ပါ။

အရင်တုန်းက သရောခဲ့တဲ့ နအဖခေါင်းဆောင် သန်းရွှေကို Ebay မှာ ရောင်းဖို့  ကြော်ငြာတာနဲ့ ပတ်သက်ပြီး ကြည့်ချင်ရင်တော့ http://www.surrend.org/index.php?option=com_content&task=view&id=39&Itemid=68 မှာ နှိပ်ကြည့်ပါ။

အရင်တုန်းက နအဖသတင်းစာထဲမှာ ထည့်သွင်းကြော်ငြာခဲ့တဲ့ ခရီးသွားကြော်ငြာပုံလေးထဲက Killer Than Shwe ဆိုတဲ့စကားလုံးကို ပြောင်းပြန်ရေးထားတာကြည့်ချင်ရင်ဖြင့် http://www.surrend.org/index.php?option=com_content&task=view&id=34&Itemid=63 မှာ နှိပ်ကြည့်ပါ။

(Danish art-group pokes fun at the Myanmar junta - The wellknown danish art-group Surrend, www.surrend.org, have launched a new website, www.myanmaar.com, to irritate the Myanmar junta. The website looks in many ways as the official website for Junta propaganda-newspaper New Light of Myanmar, www.myanmar.com But on the website there are old pictures from the Nazi-regime in Germany which also treated the civilians very badly. We have also put new headlines in like Torture, Hunger etc and have put killer in front of every Junta-name. The webpage will be updated on going as the official junta newspaper website. The previous art-actions agains the Myanmar junta were an ad in Myanmar Times ( calling Than Shwe a killer) last summer and the selling of Than Shwe on Ebay last autum).

ဒီလို နအဖအာဏာရှင်ကို မိမိတို့ တတ်ကျွမ်းတဲ့ပညာဘက်ကနေ ကလိပေး ရိပေးပြီး ကမ္ဘာ့ပြည်သူတွေသိအောင် ဖေါ်ပြပေးခဲ့တဲ့ Surrend ဒိန်းမတ်အနုပညာရှင်အဖွဲ့ အား ချီးကျူးအပ်ပါတယ်။

 
/* EOT ----------------------------------------- */