Sunday, June 24, 2007

ကမ ၻာမေၾက

ဝါဆို မိုးဖွဲ များကြွေသက်.
ရ ရက်ရဲ့ ဇူလိုင်.တထောင့်ကိုးရာခြောက်ဆဲ့နှစ်ခု..
အမှတ်တရ ပြည်သူ့ ..သမိုင်းသစ်
ကြေကွဲစရာ ကျန်ရစ်တယ်။

ဦးနု ရဲ့အစိုးရ..သေနတ်ပြ အာဏာသိမ်းသူ ဦးနေ၀င်း
ကြပ်တင်းတဲ့..တက္ကသိုလ် ရဲ့ ဥပဒေ
မကျေနပ်တာတွေ ကို.ငြိမ်း ချမ်း စွာဆန္ဒပြ
အဓိပတိ ရဲ့ လမ်းမပေါ် မှာ

သေနတ်ကိုင် များရဲ့ လေးပစ်ခွင့်
စေခိုင်းလေသူ က..မင်းညစ်ဧကရာဇ်
လက်မရွံ့ အာဏာပါးကွက်သားများ..
ကြင်နာကင်းမဲ့..မသနား..
မည်းမည်း မြင်သမျှ..လှမ်းပစ်..
အပြစ်မဲ့ ကျောင်းသားများ အတုန်းအရုံး
သွေးပင်လယ် ဖုံး အိုင်မှာနစ်..
အမိတက္ကသိုလ်ရဲ့ မြေပြင်..တကဲ့လူသတ်ကုန်းအသွင်။

ဒါး.ကို.ဒါး ချင်း၊..လှံ ကို..လှံ ချင်း၊.
တရားမရှိကင်း..ပြောရက်ပါပေ့ ခြင်း..ဦးနေ၀င်းရယ်
စစ်တပ် နဲ့  ကျောင်းသား…
ဘယ်သူက တရားတယ်..
သေနတ်နဲ့  ပါးစပ်….
ဘယ်အရာက..လူကိုသတ်နိုင်ပါသလဲ
မတရားတာ..လုပ်သူသာ..လူယုတ်မာ
ရင်သွေးငယ် ကျောင်းသားများရဲ့..
တရားမျှတ တောင်းဆိုချက်
မကျေနပ်ရင်..ကန့် ကွက်ရုံဘဲ..
သမဂ္ဂ ကို..ဗုံး ထောင်ခွဲဘို့ မလို

သားအရွယ်..ကျောင်းသား..
အညှိုးထားသူ မင်းဂလဲ့စားရဲ့အမျက်..
ခွပ်ဒေါင်းကလေးများရဲ့ အိုးဝေ..သမဂ္ဂ ရဲ့..သမိုင်းသက်သေ..
ဒိုင်းနမိုက်သုံးဖေါက်ခွဲ..ယမ်းမှုန်ငွေ့ များနဲ့အတူ..
ကြွေပျက်တဲ့ ခန္ဓာကလေးများ..တစ်ရာ..
ကြေကွဲလို့ မဖြေရာ ခဲ့
ပြည်သူ့ ရဲ့ နှလုံးသည်းစိုင်မှာ..
ယခုတိုင်..ကမ္ဘာမကြေသာ..

သတင်းတွေ. အမှောင်ချ.
မဆလ က.(၂၆) နှစ်..
နအဖ က(၁၉)နှစ်..
မြန်မာ့နိုင်ငံရေးရဲ့..အမှန် သမိုင်း
ကျောင်းသားတို့ ရဲ့..မျိုးချစ် စိတ်မာန်လှိုင်းကို
ဖိနှိပ်မြေလှန်..အကြမ်းဖက် နှိပ်ကွပ်
ခွပ်ဒေါင်းအလံကို..ဒင်းတို့ အရောင်ချွတ်ချင်ပေမဲ့
နှစ်အဆက်ဆက်...လက်ဆင့်ကမ်းခဲ့
ကျောင်းသားရဲ့..ဒေါင်းဇာတိမာန်..
မင်းတို့ ကို..တနေ့ ပြန်တော်လှန်မယ်..စစ်အစိုး ရေ..
ကဲ..သတိထားသာနေ..

မေ့ပျောက်ဖို့ ခက်ခက်.အပြစ်မဲ့တဲ့..နီသွေးစက်များ
ဒေါင်းအလံပေါ်နား..စွန်းထင်းသက်သေ..
ဇူလိုင် (ရ) တိုင်း..ကျမျက်ရည်ဝေ။
အလေးပြုပါတယ်..ယောင်းယင်းတို့ တတွေ။
ဒီမိုကရေစီတိုက်ပွဲ..မုချအောင်ရမလေ။

မသဒ္ဓါ (၆။၂၃။၂၀၀၇)

 
/* EOT ----------------------------------------- */