ဘလော့ ဂါ မိတ်ဆွေ များ သို့  အထူး မေတ္တာ ရပ် ခံ ချက်
ဗိုလ်ချုပ် အောင်ဆန်း နှင့်တကွ မြန်မာ့ လွတ်လပ်ရေး အတွက် ကြိုးပမ်း ခဲ့တဲ့ ခေါင်းဆောင် များ ကျဆုံး ခဲ့သည်မှာ နှစ်ပေါင်း ၆၀ တိုင်တော့ မည် ဖြစ်ပါ သည်။ ထို အာဇာနည် ၉ ဦးအား နှစ် အဆက်ဆက် ဂုဏ်ပြု ခဲ့ သည် မှာ ကျနော် တို့ ၁၉၈၈ နောက်ပိုင်း အစိုးရ လက်ထက်တွင် မှေးမှိန် ကွယ်ပျောက် လုနီး ပါး ဖြစ်ခဲ့ ပါသည်။ ထို အာဇာနည် ၉ ဦး မှာ ဗိုလ်ချုပ်အောင်ဆန်း၊ ဦးဘ၀င်း၊ မန်းဘခိုင်၊ မိုင်းပွန် စော်ဘွား ကြီး စ၀်စံထွန်း၊ ဦးရာဇတ်၊ ဒီးဒုတ် ဦးဘချို၊ သခင်မြ၊ ဦးအုန်းမောင် နှင့် ရဲဘော် ကိုထွေး တို့ ဖြစ်ကြ ပါသည်။
ကျနော် တို့ ဘလော့ဂါ များမှာ လည်း နိုင်ငံ ၏ သားကောင်း ရတနာများ ဖြစ်သည် နှင့် အား လျော် စွာ ထို အာဇာနည် ၉ ဦး ကို သိ တတ်သည် နှင့် အညီ ဂုဏ်ပြု ရမည့် ၀တ္တရား ရှိ ပါ သည်။
တိုင်း ပြည် အတွက် သိတတ် သော ဘလော့ ဂါ များ အနေ နှင့် ထို ပုဂ္ဂိုလ်ကြီး များ အား ဂုဏ် ပြု သော အ နေ နှင့် အာဇာနည် နေ့ အထိမ်း အမှတ် ပုံ များကို မိမိတို့ ၏ ဘ လော့ တစ် နေရာ တွင် ယနေ့ ဇူလိုင် ၁ ရက် နေ့မှ စ ၍ ဇူလိုင် ၁၉ ရက် နေ့ အထိ ချိတ်ဆွဲ ပေးထား ကြ ပါ ရန် ကျ နော် တို့ အား လုံး မှ မေတ္တာ ရပ်ခံ အပ် ပါသည်။
ကျဆုံးသွားသော အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြု
အာဇာနည်ကြီးများရဲ့ ဈာပနဓါတ်ပုံ