Tuesday, July 3, 2007

၇ ဂျူလိုင်၏ နိဒါန်း

အချိန်ကား ၁၉၆၂ ခုနှစ် ဇူလိုင်လ (၃) ရက်

ရန်ကုန်မြို့  ကမ္ဘာအေးကုန်းမြေ၌ ကျင်းပသော ကမ္ဘာ့ ငြိမ်းချမ်းရေး ညီလာခံကြီး ပြီးစီးချိန် ဇူလိုင် (၃) ရက်နေ့ တွင် ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ (တကသ) အဆောက် အဦးအတွင်း၌ ကျောင်းသားဆန္ဒပြပွဲ တစ်ရပ် ငြိမ်းချမ်းစွာ ကျင်းပပြုလုပ်ခဲ့ကြသည်။

ရန်ကုန်ခရိုင် တန်းမြင့်ကျောင်းထွက် စာမေးပွဲ ဖျက်သိမ်းမှုကို ကန့် ကွက်သည့် ဆန္ဒပြပွဲတစ်ရပ် ကို ခွပ်ဒေါင်းအလံတော် အောက်တွင် အောင်မြင်စွာ ကျင်းပ ပြု လုပ်နိုင်ခဲ့ကြသည်။

ကျောင်းသား ထုသည် မိမိ တို့ ပညာရေား နစ်နာမှု များ၏ အခြေခံ အကြောင်းရင်း ကို ရှာဖွေရာ တွင် ပြည်တွင်း ငြိမ်းချမ်းရေး သည် အခြေခံ ပြဿနာ တစ်ရပ် ဖြစ်သည် ဟု ရှာဖွေတွေ့ ရှိခဲ့ သော ကြောင့် မြန်မာ ပြည်သူ လူထု အတွက် အရေး ကြီးသော မြန်မာ နိုင်ငံ ငြိမ်းချမ်းရေး ကို အဆိုပါ ဆန္ဒပြပွဲတွင် ထည့်သွင်း တောင်းဆို ခဲ့ကြ သည်။

ရန်ကုန် ခရိုင် ကျောင်းသားများ သမဂ္ဂ (ရကသ) မှ ဦးစီး ကျင်းပသော ထို ဆန္ဒပြပွဲ တွင် တကသ အဆောက် အဦး ခန်းမ ဆောင် ကြီးများမှာ ကျောင်းသား များဖြင့် ပြည့်လျှံ သွားခဲ့ရသည်။ ရကသ ဥက္ကဌ ကိုဖိုးထင် က သဘာပတိ အဖြစ် ဆောင်ရွက် ပြီး အ ဟန့်  အတား များကြားမှ ဤ ဆန္ဒပြပွဲ ကို ကျင်းပ ပြုလုပ် ရကြောင်း မိန့်  ခွန်း ပြော ကြား ခဲ့သည်။
ဗကသများ အဖွဲ့ ချုပ် ဒု-ဥက္ကဌ ကိုသက် နှင့် တကသ ခေါင်းဆောင်ကိုဗဆွေလေး တို့  က ဆန္ဒပြ ပွဲကို ထောက်ခံ ကြောင်း သာဓက များဖြင့် တင်ပြသွားခဲ့ကြသည်။ ကျောင်းသားထု တစ်ရပ်လုံး ၏ သြဘာသံ များမှာ တကသ ခန်းမဆောင် ကြီးအား ပဲ့တင် ထပ်စေ ခဲ့သည်။

ကျောင်းသား ခေါင်းဆောင် တစ်ဦးက ပညာရေး ကမောက်ကမ ဖြစ်ရခြင်း အကြောင်း ရင်း များကို ဖော်ထုတ်ပြီး ယနေ့  ပညာရေး စနစ်ကို ပြုပြင် ပြောင်းလဲရာ တွင် ပြည်တွင်း ငြိမ်းချမ်းရေး ရှိရန် လို အပ်ကြောင်း ကို အဆို တင်သွင်းခဲ့သည်။

ထို့ နောက် ပြည်တွင်း ငြိမ်းချမ်းရေး တည်ဆောက်ရန် တောင်းဆို ပါကြောင်း ပြောကြား လိုက်ရာ ကျောင်းသား ထုအားလုံး တညီ တညွတ် တည်း ဦး ခေါင်းများ ညွတ်ခါ လေး နက် စွာ ဆန္ဒမဲ ပေး ခဲ့ ကြသည်။

ထိုဆန္ဒပြပွဲတွင် ကျောင်းသား ထုတစ်ရပ်လုံး က

• တန်းမြင့် စာမေးပွဲ ဖျက်သိမ်းမှုကို ကန့် ကွက်ကြောင်း
• စာမေးပွဲ အောင် စာရင်း ထုတ်ပေး ရန် တောင်းဆိုကြောင်း
• ကမောက်ကမ ပညာရေး စနစ် ဖျက်သိမ်း ရေး နှင့်
• စာမေးပွဲ မေးခွန်း ပေါက်ကြားမှု အတွက် သက်ဆိုင်ရာ အရာရှိ များအား အရေးယူ ရေး အဆို တို့ ကို တင်သွင်း ဆန္ဒပြခဲ့ကြသည်။

ထို့ နောက် ကျောင်းသူ ကျောင်းသား များက --

• အရာရှိဆိုးတွေ ( အရေးယူပစ် )၂
• စာမေးပွဲ အောင်စာရင် ( အမြန်ထုတ်ပေး )၂
• ကမောက်ကမ ပညာရေးစနစ် ( ဖျက်သိမ်းပစ် )၂
• ဒီမိုကရေစီ အခွင့်အရေး ( အပြည့်အ၀ပေး )၂
• ကျောင်းသားထုကို ( မခြိမ်းခြောက်နဲ့  )၂
• ကျောင်းသားထု ( သွေးစည်းကြ )၂

ဟူသော ကြွေးကြော် သံများဖြင့် တက္ကသိုလ်ဝင်း အတွင်း ငြိမ်းချမ်းစွာ လှည့်လည် ကြွေး ကြော် ဆန္ဒ ပြ ပြီး တကသ အဆောက် အဦး ရှေ့ တွင် ဆန္ဒ ပြ ပွဲကို ရုပ် သိမ်း လိုက် ကြ သည်။

အကျပ် အတည်း ပေါင်း များစွာ နှင့် ရင်ဆိုင် နေရ သော ပြည်သူ လူထု တစ်ရပ် လုံး အတွက် အ ရေးကြီးသော လိုအပ် သည့် တစ်ခု ဖြစ်သည့်  ငြိမ်း ချမ်း ရေးကို ကျောင်း သား ကျောင်း သူ များက တာဝန် ကျေပွန် စွာ ဖြင့် ငြိမ်းချမ်း စွာ တောင်း ဆိုခဲ့ ကြ လေပြီ။

 
/* EOT ----------------------------------------- */