Thursday, July 12, 2007

ဗိုလ်ချုပ်က ဒီလိုမိန့်ခဲ့တယ်။

(ပင်လုံညီလာခံ ညစာထမင်းစားပွဲကြီး၌ ပြောကြားခဲ့သော ဗိုလ်ချုပ်၏ မိန့်ခွန်းစကား။)

ယခု အစည်းအဝေးကြီးမှာ ရာထူးအားဖြင့် ကျွန်တော်အကြီးဆုံးဖြစ်သော်လည်း အသက်အားဖြင့် အငယ် ဆုံးဖြစ်ပါတယ်၊ ကျွန်တော်ဒီကို ရောက်လာတဲ့ ကိစ္စ နားလည်တာ တစ်ခုပဲရှိပါတယ်။ဘာလဲဆိုရင် ဗမာပြည် လွတ်လပ်စေချင်တယ်၊ ညီညွတ်စေချင်တယ်၊ဒီဟာပါပဲ။တိုင်းပြည်လွတ်လပ်အောင် ညီညွတ်အောင် ကြီးပွား အောင်ဘယ်လိုလုပ်ရမလဲဆိုတာကို လွန်ခဲ့တဲ့ ၁၀-နှစ်လောက်ကစပြီး ကြိုးစားလာခဲ့ပါတယ်။နောက်လဲ ကြိုးစား ပါဦးမယ်၊လုံးလုံးလွတ်လပ်တဲ့ ကိစ္စ ပြီးပြတ်သည်အထိ ကြိုးစားပါမယ်။

တစ်ခုနားလည်ထားကြဖို့အချက်က ယခုခေတ်ကမ္ဘာကြီးအခြေအနေမှာ ဘယ် တိုင်းပြည်မဆို ကိုယ့်တိုင်း ပြည်တပြည်တည်း အထီးထီးနေနိုင်တဲ့အခြေမျိုး မရနိုင်ကြဘူး၊တစ်ပြည်နှင့်တစ်ပြည် ပေါင်းစပ်အမှီသဟဲရှိမှ နေနိုင်ကြမယ်ဆို တဲ့ အချက်ပါပဲ။

နောက်တစ်ချက်က လူမျိုးရေးအကြောင်းကို ပြောလိုပါတယ်။လူမျိုးရေးဆိုတာ မှာလည်း ရှေးခေတ်ကဟစ်အော် လာကြတဲ့ (အမျိုး-ဘာသာ-သာသနာ-ပညာ) ဆိုတဲ့ စကာမျိုးကို လက်ကိုင်အသုံးပြုလို့ မလုံလောက် တော့ဘူး။ အမျိုး ဆိုရာမှာ ဘယ်လိုအမျိုးကို တည်ရမလဲ၊ဗမာ၊ကရင်၊ကချင်၊ချင်းနှင့် အခြားအမျိုးများ လည်းရှိ သေးတယ်၊ အခြားနိုင်ငံများကိုကြည့်လိုက်ရင် ဗမာပြည်မှာလို တိုင်းရင်းသား အများရှိတာကို တွေ့နိုင်ပါတယ်။

တရုတ်ပြည်၊ဂျပန်ပြည်နှင့်ရုရှားပြည်တို့မှာလည်း ဒီအတိုင်းပါပဲ။အမေရိကန်ပြည်မှာ အင်္ဂလိပ်စကားကို ပြောကြ သော် လည်း အင်္ဂလိပ်၊အီတလီစတဲ့ လူအမျိုးမျိုးတို့ စုပေါင်းပြီး လူမျိုးတစ်မျိုးဖြစ်အောင် ထူထောင် လျက် သူတို့ ကိုယ်ကို အမေရိကန်လို့ဆိုကြတာပဲ။ဒါ့ကြောင့် လူမျိုးရေးအားဖြင့်ကြည့်လျှင် အမျိုးတမျိုးတည်းကို လိပ်ခဲတည်း လည်းစွဲပြီး ယူဆလို့မဖြစ်နိုင်တော့ဘူး၊ ဘာသာစကား ပင် တူသော်လည်း လူမျိုး ခြားနားမှု လည်းရှိပါတယ်။ ဘာသာ မတူ သော်လည်း လူမျိုးသီးခြား ဖြစ်နေတာလည်း ရှိပါတယ်။ ဥပမာ-အမေရိကန်ကိုကြည့်လျှင် လူ တစ်မျိုး ဖြစ်သော်လည်း ဘာသာ စကားတူ ပါတယ်။ရုရှားပြည် မှာဆိုရင် ဘာသာစကား အမျိုးပေါင်း များစွာ ကွဲပြား သော်လည်း လူမျိုးကတော့ တစ်မျိုးတည်းဖြစ်ပါတယ်။ သာသနာဆိုတာကတော့ ကိုယ်ကိုးကွယ်ချင်တဲ့ ဘာသာ၊သာသနာကို ကိုးကွယ်နိုင်ကြတာပဲ။ ဗမာပြည်မှာ လူများစုက ဗုဒ္ဓဘာသာဖြစ်ပေမယ့် ခရစ်ယာန် ဘာ သာကိုးကွယ်သူ၊ မဟာမေဒင် ကိုးကွယ်သူ၊ နတ်ကိုးကွယ်သူ အမျိုးမျိုး ရှိတာပဲ။ ဒီတော့ ဒါတွေကိုစွဲပြီး လူမျိုးရေး တရားလုပ်လို့ မဖြစ်နိုင်ဘူး။

စစ်ကြီးအတွင်းက ကျွန်တော် စစ်ဝန်ကြီးလုပ်တုန်းမှာ ကရင်အမျိုးသားတပ်ရင်း စွဲ ဖွဲ့တဲ့အခါမှာ ထမင်းစားပွဲ တစ်ခုမှာ ကရင်စစ်သားတစ်ယောက်က လူမျိုးအ ချင်းချင်း ညီညွတ်ဖို့ပြောတဲ့အခါမှာ (ဗမာကဖဲရိုက်-ကရင်က ငါးမျှား )ဆိုတာ လို အတူတူပါပဲလို့ပြောတာကို သတိရမိပါတယ်။ကိုယ့်ဒေသအလိုက် ကိုယ်ယုံ ကြည်တာ ကိုယ် ကိုးကွယ်နေထိုင် ကြပြီး တတိုင်းတပြည်လုံး နဲ့ သက်ဆိုင်တဲ့ကိစ္စ ကြီးမျိုး မှာ ညီညီညွတ်ညွတ် လုပ်ကြရင် ဒါဟာ တစ်မျိုးတည်း လို့ ယူဆရမှာပဲ။

အ ချင်းချင်း သဘော ကွဲလွဲမှုမျိုး ဆိုတာကတော့ နည်းနည်းပါးပါး တော့ရှိ မှာ ပဲ။ ဒါ ပေမယ့် သူတစ်ပါးနိုင်ငံ က ကိုယ့်နိုင်ငံကို လာရောက်စော်ကား လို့ အသက် ကိုစွန့်ပြီး မလျှော့

ာကွယ်တိုက်ခိုက်ကြတာမျိုးကတော့ အားလုံး နဲ့သက်ဆိုင်တဲ့ အလုပ်မျိုးဖြစ်တာပဲ၊တိုက်ခိုက်ကြတဲ့အခါမှာလည်း စစ်

ပတိ ဟာကရင် ဖြစ်ရင် လည်း ဖြစ်မယ်၊ချင်းကချင်ဖြစ်ရင်လည်းဖြစ်မယ်၊ဘယ်သူဖြစ်ဖြစ် တစ်မိန့်ထဲ လိုက်နာကြရမှာပဲ။

တစ်တိုင်းပြည် လုံး ကြီးပွား စေချင်ရင် လူအားငွေအားပစ္စည်းအားနဲ့ စုပေါင်းပြီးအင်တိုက်အားတိုက် လုပ်နိုင်မှ အကျိုးခံစား ခွင့် ရှိကြမှာပဲ။ ဗမာကတစ်မျိုး၊ကရင်ကတစ်ဖုံ၊ ရှမ်းကချင် ချင်းတို့ကတခြား အကွဲကွဲအပြား ပြားလုပ် နေကြရင်ဖြင့် အကျိုးရှိမှာမဟုတ်ဘူး။ စုပေါင်းလုပ်ကြမှသာ အကျိုး ရှိနိုင်မယ်။ လုပ်ကြည့်မှ လည်း အကျိုး ရှိကြောင်း သိနိုင် မယ်။ ပထမတော့ ကျုပ်တို့အဆင်းရဲခံရမယ်။ ယခုအခါ အင်္ဂလန်ပြည်မှာ အစား အသောက်၊ အ၀တ်အထည် များ မှစ လို့ အတော် ချွေတာ ပြီး အဆင်းရဲ ခံနေကြတယ်။ ဒါ ဘာလဲ ဆိုရင် တစ်ပြည်လုံး အတွက် အကျိုး ရှိ အောင်လုပ် နေကြတာဖြစ်တယ်။ဒီထက်ပိုပြီး ခရီး ရောက်အောင် ဆောင်ရွက်ချက်တစ်ခုထားဖို့ နားလည် စေ ချင်တာက အင် ဒိုချိုင်းနား၊ အင်ဒိုနီးရှား စတဲ့ အရှေ့ဘက် နိုင်ငံများ စုပေါင်း ဆောင်ရွက် နိုင်တဲ့အား ဖြစ်တယ်။ အဲဒီအား မျိုးရှိရင် တော့ ကမ္ဘာ့ထိပ်တန်း အခြေဆိုက်ရောက်နိုင်မှာပဲ။

နောက်ဆုံး ကျုပ်ပြောချင်တာက အင်္ဂလိပ်နဲ့ ကျုပ်တို့ဟာ (ကျွန်နဲ့သခင်)ဘ၀ မျိုးတွင် မတည့်နိုင်ကြပေမယ့် လွတ်လပ်တဲ့ဘ၀မျိုးဖြစ်ရင် မိတ်ဆွေအဖြစ် ချစ်ခင်ကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

 
/* EOT ----------------------------------------- */