Wednesday, September 12, 2007

သင့်ရဲ့  အင်တာနက် လုံခြုံရေးကို အထူးသတိထားပါ။

သင့်ရဲ့ ကွန်ပျူတာနှင့် အင်တာနက်ဆက်သွယ်လုပ်ဆောင်ပုံအဆင့်ဆင့်အကြောင်းသိထားဖို့  အရင်လိုပါတယ်။

ကွန်ပျုတာတလုံးကအင်တာနက်ထဲလိုက်ကြည့်နေရင်ဘယ်ကွန်ပျူတာ ကဘယ်နေရာက လာနေလဲဆိုတာပြဖို့ အတွက် IP Address တခုရှိရပါတယ်။

အဲဒါမှ တနေရာနဲ့တနေရာ တလုံးနဲ့ တလုံးမရှုပ်ပဲ အလုပ်လုပ်လို့ ရမှာမို့ ပါ။

ကွန်ပျူတာတိုင်းရဲ့ အင်တာနက်တက်ဖို့ အတွက်သုံးရတဲ့ Modemမှာ (Wire, Wirelss)မှာ MAC Address ဆို တာလည်း ရှိရပါတယ်။

အဲဒါက တကမ္ဘာလုံးမှာ တခုတည်းရှိရမဲ့ နံပါတ်တခုဖြစ်ရပြီး အဲဒါကြောင့်ပဲ ဘယ်သူတွေ ဘယ်ကွန်ပျူတာက ဘာလုပ်ခဲ့သလဲ စုံစမ်းသိနိုင်တာ ဖြစ်ပါတယ်။ အဲဒါက MAC Address စက်ရုံက ထုတ်ကတည်း က သတ်မှတ် ထည့် ပေး လိုက်တာလည်း ဖြစ်ပါတယ်။

IP Address ဆိုတာ မှာ Class အမျိုးမျိုးရှိပေမဲ့ MAC Address တွေ (အင်တာနက်တက်ခွင့် ငှားရမ်းသူတွေ)က အခကြေးငွေတခုယူပြီး အင်တာနက်ကို သုံးဆွဲနိုင်ဖို့  ကွန်ပျုတာတလုံးကို လိပ်စာတခု ပေးထားတယ်ပဲမှတ် ယူပါစို့ ။

ISP (Internet Service Provider) တွေဟာ Fixed (Static) IP Address တွေ ၀ယ် ထားရပါတယ်၊ အဲဒါက အိမ်မှာတပ်ထားတဲ့ဖုံးနံပါတ်လိုမျိုးတွေပါ။ အဲဒီကမှ ကိုယ်(အင်တာနက်သုံးစွဲခွင့်) ရောင်းထားတဲ့ကွန်ပျူတာတွေ ဆီ တခုချင်း အလှည့်ကျ အင်တာနက် တက်လို့ ရအောင် Dynamic IP Address အနေနဲ့ တလှည့်ဆီပေး သုံး ပါတယ်။ ဒါမှ ၀ယ်ထားတာ နဲ့ ပိုများတဲ့ အရည်အတွက်ရှိတဲ့ ကွန်ပျူတာတွေ အင်တာနက်တက်နိုင်မှာဖြစ်လို့  ပါ။

ကွန်ပျူတာတလုံး IP Address တခုသာ အသေထားရင် တွက်ခြေမကိုက်နိုင် တာကြောင့်လို့ ပဲ ဆိုပါရစေ။

ကွန်ပျူတာတလုံးဟာ အင်တာနက်ထဲတက်ပြီဆိုတာနဲ့ ၀က်ဘ်ဆိုက်တခုကို ကြည့်လိုက်တာနဲ့ သူ့ Address က အဲဒီ ၀က်ဘ်ဆိုက် (Host) ထားတဲ့ ဆာဗာကွန်ပျူတာ မှာသွားပေါ်ပါတယ်။

အဲဒါတွေကို အဲဒီဝက်ဘ်ဆိုက်က အားလုံးမှတ်တန်းတင်သိမ်းဆည်းထားပါတယ်။ Log File လို့  ခေါ်ပါတယ်။

IP Address ကနေ ဘယ်ကွန်ပျူတာက နေလာကြည့်နေသလဲသိနိုင်ပါသလား၊
သိနိုင်ပါတယ်။

အထက်ပါဖြစ်စဉ်ကနေကြည့်ပါ။ ၀က်ဘ်ဆိုက်မှာ IP Address ပေါ်ပါတယ်။
အဲဒီကနေ IP Address ကနေလာတယ်သိနိုင်ပါတယ်၊ ISP က Fixed IP Address ၀ယ်ထား သုံးထား ရလို့  ဘယ်ဒေသ၊ ဘယ်ပိုင်ရှင်၊ ဘယ်ဖုံးနံပါတ်အတိအကျ အစိုးရဆီမှာ မှတ်ပုံတင်ထားရပါတယ်။

အဲဒီ ISP ကတဆင့် အဲဒီ IP Address ကို ချပေးလိုက်တဲ့အချိန်ကိုကြည့်ပြီး ဆာဗာ Log File မှာသွားရှာရင် ဘယ်အချိန်မှာ ဘယ်ကွန်ပျူတာကို အဲဒီ IP Address ပေးလိုက်သလဲ သိပါတယ်။

အဲဒီ ISPတဆင့်သူရောင်းထားတဲ့သုံးစွဲသူများထဲက ဘယ်ကွန်ပျူတာကနေ အဲဒီအချိန်မှာ ဘယ်သူ အင်တာ နက်သုံးခဲ့သလဲသိနိုင်ပါတယ်။

အင်တာနက်ကဖေးကနေအင်တာနက်တက်ရင်ရောတက်တဲ့သူဘယ်သူလဲဆိုတာ အတိအကျ သိနိုင်ပါ့မလား။ သိနိုင်ပါတယ်။ စုံစမ်းနိုင်ပုံအဆင့်ဆင့် ရေးပြပါ့မယ်။

ပထမ IP Address ကနေ ဘယ် ISP လာသလဲသိမယ်။

အဲဒါက မြန်မာပြည်တွင်းက မြန်မာ့ဆက်သွယ်ရေး ကဆိုပါစို့  မြန်မာပြည်ဟာပြည်တွင်း အ၀င်အထွက်အားလုံး ကို ထိန်းချုပ်ထားတာမို့ မြန်မာပြည်အ၀င် အထွက်ပေါက်က Proxy Server ရဲ့ LogFIle သွား ကြည့်ပါမယ်။

အဲဒါဆို အဲဒီနေ့ အဲဒီအချိန်မှာ မြန်မာပြည်တွင်းထဲက ဘယ်ကွန်ပျူတာကနေ လာသလဲသိနိုင်ပါပြီ။

အဲဒီကွန်ပျူတာဟာ ရန်ကုန်မြို့ က အင်တာနက်ကဖေးဆိုင်တခုဆိုပါစို့ ။
အဲဒါဆိုရင် အဲဒီဆိုင်ကို တာဝန်ရှိသူတွေ သွားမယ်၊ အဲဒီနေ့ အဲဒီအချိန် မှာ အဲဒီ ကွန်ပျူတာရှေ့  ထိုင်သွားသူကို လုံခြုံရေးကင်မရာကနေသော်လည်းကောင်း၊ မှတ်ပုံတင်လက်မှတ်တောင်းပြီး စာရင်းဖြည့်သုံးစွဲထားစေထားရင် အဲဒီမှတ်ပုံတင်ကနေသော်လည်ကောင်း ဘယ်သူသုံးသွားသလဲ အတိအကျ သိနိုင်ပါတယ်။

မသိအောင်ဘယ်လိုကာကွယ်နိုင်မလဲ။

(ဆက်လက်ဖေါ်ပြပါမည်)။.

 
/* EOT ----------------------------------------- */