Thursday, September 13, 2007

မကောင်းဆိုးဝါးတွေကို တိုင်းပြည်အတွင်းမှ သံပုံးတီးမောင်းထုတ်ကြ။

သံဃာတော်များ၊ ၈၈-မျိုးဆက်ကျောင်းသားများ နှင့် ပြည်သူလူထုအပေါ် မတရားအကြမ်းဖက် ဖိနှိပ် နေသည့် စစ်အစိုးရအား ကန့် ကွက်သည့်အနေဖြင့် သံပုံးတီးဆန္ဒပြပွဲများ ရန်ကုန်မြို့  လူနေရပ်ကွက် အတော်များများ တွင် ယမန်နေ့ ည (၁၁၊ ၉၊ ၂၀၀၇) ၇ နာရီ မိနစ် ၂၀ တွင် ဖြစ်ပွားခဲ့ပါသည်။

ယနေ့ (၁၂၊ ၉၊ ၂၀၀၇)ရန်ကုန်မြို့ တွင် ရပ်ကွက်တိုင်း ရပ်ကွက်တိုင်းရှိ ကြံ့ဖွတ်များနှင့် စွမ်းအားရှင် များမှတအိမ်တက်ဆင်း လိုက်လံပြီး သံပုံးမတီးခတ်ရန် သတိပေး ပြောကြားလျက်ရှိပြီး၊ သံပုံးတီးပါက တီးသည့်အိမ်ကို တက်ဖမ်းမည်ဟု ခြိမ်းခြောက်မှု များ ပြုလုပ်လျက်ရှိပါသည်။

ထို့ အပြင် ယမန်နေ့ ကသံပုံးတီးခဲ့သည့်အိမ်များရှေ့ တွင်၎ ယောက် တစု၊ ၅ယောက်တစုလူခွဲ စောင့်ကြပ်ကြည့် ရှုလျက်ရှိပါသည်။

သံပုံးတီးဆန္ဒြပရန် ပြည်သူလူထုအား နေ့ စဉ် မြန်မာစံတော်ချိန် ည ၇ နာရီ မိနစ် ၂၀ တွင် တကြိမ်၊ နှင့် ည ၈ နာ ရီ မိနစ် ၂၀ တွင် တကြိမ်။ စုစုပေါင်း ၂ ကြိမ် တီးခတ်ကြပါရန်နှင့် သံပုံးတီး ဆန္ဒြပပွဲကို သီတင်းပါတ် တပါတ် (၇ -ရက်) တိုင်အောင် ပြုလုပ်ကြဖို့  တိုက်တွန်း နှိုးဆော်ထားပါသည်။


 
/* EOT ----------------------------------------- */