Wednesday, September 12, 2007

သင့်ရဲ့  အင်တာနက် လုံခြုံရေးကို အထူးသတိထားပါ။ (အဆက်)။

မိမိ IP Address မသိအောင်ဘယ်လိုကာကွယ်နိုင်မလဲ။

မိမိဘယ်ကလာသလဲ၊ဘယ်နယ်ကလဲ တဖက်သား မသိနိုင်အောင် ဘယ်လိုကာကွယ်ရမလဲ ဆိုပါစို့ ၊

IP Address, MAC Address တွေဆိုတာက အိမ်မှာတပ်ထားတဲ့ တယ်လီဖုံးနဲ့တယ်လီဖုံး နံပါတ်လို ဖြစ်တာမို့  ဖုံးသရဲလုပ်ဆက်ထားတာကိုဖမ်းချင်ရင် ဆက်သွယ်ရေးဌာန တန်းမေးလိုက်လို့ ရသလိုရောက်လာမဲ့ငွေတောင်း လွှာမှာအဲဒီအချိန်ကဆက်သွားသူရဲ့ နံပါတ်ရှာကြည့်ရင်လည်း သိနိုင်ပါတယ်ဆိုပါရစေ။ အဲဒီအတိုင်းပါပဲ။ မိမိ ဘယ်နေရာကလာသလဲမသိအောင်လုပ်ဖို့ နည်းနည်းခက်ပါတယ်။ ဒါပေမဲ့ကံကောင်းတာက (အထူးစပယ်ရှယ်)နံပါတ်ပဲ ရှိပြီး လိပ်စာလိုက်လို့  မရနိုင်တဲ့ လက်ကိုင်ဖုံးတွေ ရှိသလို ကွန်ပျုတာ ကိုလည်း လိပ်စာပျောက် IP Address ပျောက်လုပ်လို့ ဖြစ်နိုင်ပါတယ်။ ဆိုလိုတာက..

အင်တာနက်သုံးစွဲသူတယောက်ဟာအခြား ProxyServer တွေသုံးပြီး အဲဒီနေရာတွေကနေ၀က်ဘ်ဆိုက်တွေထဲ ၀င်လို့ထွက်လို ရနိုင်ပါတယ်။

အဲဒါကြောင့်ဟက်ကာ(Hacker)တော်တော်များများဟာ ကျောင်းတွေ၊ စာကြည့်တိုက်တွေလိုအင်မတန်လူအ၀င် ထွက်များတဲ့ နေရာတွေက တဆင့်ဝင် ထွက်ပြုလုပ်ကြ တာဖြစ်ပါတယ်၊ အဲဒီနေရာတွေက Proxy Server တွေ အခြားကွန်ပျူတာတွေသုံးပြီးံ Hackကြတာပါ။တချို့ ကျတော့လုံခြုံမှု အားနည်းတဲ့ အိမ်တအိမ်ကကွန်ပြူတာ ထဲထိုးဖောက် ၀င်ရောက်ပြီး အဲဒီကတဆင့် ဘဏ်တွေ ငွေကြေးစံနစ်တွေထဲကို ထိုးဖေါက်ကြတတ်ပါတယ်၊ အဲဒီ ထိုးဖောက်ပုံတွေက အခုတော့ပစ်နဲ့ သိပ်မဆိုင်လို့ ထားခဲ့ပါမယ်။

ကိုယ်နေရာကို(ကိုယ်ဘယ်သူလဲ)မသိအောင်ကာကွယ်နည်း များများစားစားရှိမယ်မထင်ပါ၊ အရင်ဆုံးကိုယ်လာ တဲ့နေရာကိုပြတဲ့ ကို ဖျောက် ( Fake, Hide IP Address) လုပ်တဲ့နည်းက လွယ်မယ်ထင်ပါတယ်။

အင်တာနက်ထဲမှာအိုင်ပီလိပ်စာကိုအတုပြလို့ ရတဲ့ဆော့ဖ်ဝဲတွေရှိပါတယ်၊ သုံးနိုင်ပါတယ်၊ အဲဒါဆိုဆာဗာမှာ သွားပေါ်နေတဲ့ IP Address က အမှန်မဟုတ်လို့ Fake IP Address ဖြစ်လို့  လိုက်ရပြုရ တော်တော်လေးခက် သွား နိုင်ပါတယ်။

နောက်တခုကသူများ Proxy Server ခံသုံးတာပါ အဲဒါနဲ့လည်း ကိုယ်ရဲ့  IP Addressကို လိုက်ရခက် သွားနိုင်ပါ တယ်။

တရားရုံးကိစ္စများ မဟုတ်ရင် သာမန်အားဖြင့်တော့ နိုင်ငံခြားက ISP တွေ၊ ဆာဗာတွေ၊ရဲ့ Administrator, Webmaster တွေက သူတို့ ရဲ့ Log File တွေ ဒေတာ Data တွေ ကို အခြားသူတွေကိုလွယ်လွယ်နဲ့ မပေး တတ်ပါ။

နောက်တခုကကိုယ့် ISPရဲ့ Proxy Serverကို ကျော်သုံးတာပါ။ အဲဒီအတွက်ဆော့ဖ်ဝဲ တွေရှိပါတယ်၊ ခြေရာခံ လို့ ရမဲ့ လိပ်စာပျောက်မှတော့ မိမိနေရာကို လိုက်ရခက်သွားမှာဖြစ်ပါတယ်။

တခုတော့ရှိပါတယ်၊

ဥပမာ ကိုယ်က ၀က်ဘ်ဆိုက်တခုမှာ ဘာလုပ်ခဲ့သလဲ။

အခုအချိန်မျိုး လွယ်လွယ်ပြောရရင် ဘလော့ဂ် (Blog) တခုရဲ့ စီဘောက်စ် (CBox) မှာတခုခုရေးလိုက်ပြီဆိုပါစို့။

စကားစပ်မိလို့ ပြောရရင် (CBox) ဟာ သာမန် (iFrame) ဆိုတာမျိုးနဲ့ (www.cbox.ws) က Chat Script ကို ဆွဲယူ ပြနေသာတာဖြစ်တာမို့  လုံခြုံရေး အားနည်းပါတယ်။

(Blog)ပိုင်ရှင်သာမဟုတ်ပဲ အခြားသူများကလည်း (CBox)မှာရေးသားထားသူရဲ့ IP Address ကိုဖတ်ကြည့်လို့  ရနိုင်ပါတယ်လို့ ပါ။

အဲဒီနေရာမှာရေးထားတဲ့သတင်းစကားကတဆင့် ရေးသူဘယ်နေရာဘယ်ဒေသကလည်း ခန့်မှန်းမိနိုင်ပါတယ်။

မိမိကိုယ်မိမိ လုံခြုစိတ်ချစေချင်ရင် မြန်မာပြည်အတွင်းမှာနေထိုင်သူဆိုရင် (Email)ကနေတဆင့် လိုချင်တဲ့သ တင်း ကို Blog ပိုင်ရှင်ထံ အီးမေးလ်နဲ့ ပို့ ပေးပြီး တင်ခိုင်းရင် အကောင်းဆုံးလို့ သုံးသပ်မိကြောင်းပါ။

ဒါမှမဟုတ် လုံခြုံစိတ်ချရတဲ့ (News Group) လိုမျိုးတွေ၊ Forum တွေကနေ တဆင့်တင်တာက Chat တွေမှာ ရေးတင်တာထက် အများကြီးလုံခြုံစိတ်ချရပါတယ်။

မိမိရဲ့  Privacy တွေလုံခြုံစေချင်ရင် မိမိရဲ့ကွန်ပြူတာကို (Password)နဲ့ပိတ်ထားပါ။

အဲဒီလိုလုပ်ထားတာဟာ အနီးက (Work Group) တူတဲ့သူတွေကို Local Network အနေနဲ့ အတိုင်း အတာ တ ခုအထိ တားဆီးနိုင်ပေမဲ့၊ ကွန်ပျူတာရှေ့ လာထိုင်နေတဲ့သူကိုတော့ ဆော့ဖ်ဝဲတချို့  နဲ့ လွယ်ကူစွာပဲ ဖေါက် ထွင်းဝင်ေ၇ာက်နိုင်ကြောင်း သိထားသင့်ပါတယ်။

ကွန်ပြူတာကို တယောက်ယောက်က သိမ်းဆည်းပြီး စစ်ဆေးနေရင် ဘယ်လိုမှ မကာကွယ်နိုင်ပါ။

Boot CD တချပ်နဲ့  အလွယ်တကူ (Adminstrator Password) ကို ကျော်ဖြတ်လို့ ရလို့ပါ။

လုပ်သင့်တာတချို့ ရေးထားပေးပါမယ်။

အရေးကြီးတဲ့ မှတ်တန်းများကို လိုရာပို့ ပြီးတာနဲ့ ဖျက်ပစ်ပါ။

အရေးကြီးတဲ့ဒေတာ Data, File တွေထားတဲ့နေရာ (Email)ကို သီးသန့် ထားသုံးပါ၊ (Gmail)ဟာ များစွာစိတ် ချ ရတဲ့ နေရာဖြစ်ပါတယ်)။

Mail Box အထဲမှာသိမ်းဆည်းတာက မိမိရဲ့ ကွန်ပြူတာထဲသိမ်းတာထက် အများကြီး စိတ်ချရတယ်သိထားပါ။

ကိုယ့်ကွန်ပြူတာ ထဲအခြားသူထိုးဖေါက်ဝင်ရောက်ခြင်းမပြုနိုင်ရန်ဘာတွေ ပြင်ဆင်လုပ်ထားရမလဲ?

အများကြီးလုပ်ထားနိုင်ပါတယ်။

သာမန်အခြေခံလွယ်တာလေးတွေပဲရေးသွားပါမယ်။

ကွန်ပျူတာကို (Password)နဲ့ ပိတ်ထားပါ။ Password ကို မကြာမကြာ ပြောင်းပေးပါ။
အနည်းဆုံး စာလုံး၁၁ လုံးကို မြန်မာအမည်ရွေးသုံးပါ၊( အချိ့  English Dictionary နဲ့ တိုက်ပြီး ရှာကြပါ)။

(WorkGroup) နေရာမှာ ကိုယ်ပိုင်စိတ်ကြိုက်အမည်တခုခု ပြောင်းထားပါ။

သာမန်ဝင်းဒိုးအင်စတော Windows Install လုပ်ချိန်မှာ ပါလာတဲ့ (Default) အမည် (Workgroup) ဖြစ်နေရင် အခြားသူများထိုးဖေါက်ဝင်ရောက်ရလွယ်ပါတယ်။

ကိုယ့်ရဲ့ (Internet Browser)ရဲ့ (Temporary Internet Files, Cookies, History, Form Data, passwords) တွေအမြဲ Delete လုပ်ပါ။ Internet Explorer >Tools menu >Internet Options) မှာ ရှာလုပ်ပါ။

အရေးကြီးတဲ့ဘဏ်စာရင်းတွေ ဓါတ်ပုံတွေ အီးမေးလ်တွေကို ကွန်ပြူတာထဲမသိမ်းပဲ တခြားနေရာမှာ ခွဲသိမ်းပါ။

Anti Virus, Anti-Spyware တခုခုကို Install လုပ်ထားပါ။

သိသင့်ရန်ဝက်ဆိုဒ်များမှာ -

IP Address ကနေ မိမိ ISP နေရာသိနိုင်တဲ့ ၀က်ဘ်ဆိုက်က - http://www.ip-adress.com/

IPAddress ပြင်နိုင်သောပုန်းထားန်ုင်သောဆော့ဖ်ဝဲရှိရာဝက်ဘ်ဆိုက်တခု-http://www.maskmyip.com/


တင်ပြသူ - ကိုင်

 
/* EOT ----------------------------------------- */