Sunday, September 23, 2007

ဦးစီးချုပ်က လုယက်သူ၊ သမီးတွေက ဓါးပြ။

၂၀၀၆ခု ဒီဇင်ဘာလ ၂၁ရက်နေ့က မေမြို့ တပ်မတော်နည်းပြတက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၉) သင်တန်းဆင်းပွဲကို လာကြတဲ့ ဦးသန်းရွှေရဲ သမီးတွေက ၂၂ရက်နေ့မှာ မန္တလေးမြို့၊ ရတနာပုံဈေးအပေါ်ထပ်က စကိုင်းဝေါရှော့ပင်စင်တာက ဆိုင်တွေမှာ လိုခြင်တဲ့ပစ္စည်းတွေ ၁၈ သိန်းကျော်ဖိုးယူ၊ ငွေ ၄သိန်းပဲ ရှင်းပေးပြီး ငွေ ၁၄သိန်းကျော်ဖိုးကို ဓါးပြတိုက်ခဲ့ကြပါတယ်။

အရင်တုန်းကလည်း ပုဂံကဈေးသည်တွေဆီက လိုခြင်တဲ့ပစ္စည်းတွေယူပြီး ငွေမရှင်းပဲ ဓါးပြတိုက်ခဲ့ဘူး ပါသေးတယ်။ ဈေးသည်တွေက ဂေါပကတွေဆီမှာသွားတောင်းတော့၊ ဂေါပကတွေက သူတို့ ယူတာ မဟုတ်တော့ ငွေမရှင်းပေးနိုင်၊ ဒါကို ဒီလောက်တောင် အကင်းမပါးတဲ့ ဂေါပကတွေ ထုတ်ပစ်ပြီး ဂေါပကအသစ် လဲပစ်မယ်ဆိုလို့ ဂေါပကတွေကလည်း ပြည်သူတွေရဲ့ အလှူငွေတွေနဲ့ စိုက်ပေးလိုက်ရပါတယ်။

ဖအေက သူတစ်ပါးရဲ့ ရာထူးနဲ့ လစာတွေကို လုယက်၊ သမီးတွေက ပြည်သူတွေဆီက ဓါးပြတိုက်၊ ပြည်သူတွေရဲ့ အသက်၊ အိုးအိမ်၊ စည်းစိမ်တွေကို ကာကွယ်ဖို့ တာဝန်ယူထားကြတဲ့ တပ်မတော်သားတွေနဲ့ တရားဥပဒေ စိုးမိုးရေးကို ကာကွယ်စောင့်ရှောက်ဖို့ တာဝန်ယူထားကြတဲ့ ပြည်သူ့ရဲတွေ အနေနဲ့ ပြည်သူနဲ့ ဓါးပြမိသားစု၊ ဘယ်ဘက်ကို လိုက်မလဲ အပြီးသတ် ဆုံးဖြတ်ကြရတော့မယ့် အချိန်ရောက်နေပြီ ဖြစ်ပါတယ်။ ပေးပြီးရေးပါ...

 
/* EOT ----------------------------------------- */