Wednesday, January 2, 2008

နအဖလက်အောက်က မြန်မာပြည်ဖွား ကျွဲ နွားများဘ၀။

တကယ်တော့ မြန်မာပြည်မှာ လူတွေသာမက ညဉ်းပမ်းနှိပ်စက်ခံရတာ တိရစ္ဆာန်တွေပါ ခံရတယ်ဆိုတာ ဒီတစ်ခုကပါ သက်သေပြတော့မှာ။

တိရိစ္ဆာန်ဖြစ်စေ အကြောင်းမဲ့ မတရားညဉ်းပမ်းနှိပ်စက်ရင် ဘာသာရေးအရရော ဥပေးအရရော အပြစ်ရှိတယ်ဆိုတာ မသိကြတဲ့  လူ့ ငနွားတွေကတော့ ဒါမျိုးတွေ မစဉ်စားဘဲ ရက်ရက်စက်စက် လုပ်ကြတယ်။




မြန်မာပြည်လိုနိုင်ငံမှာ နွားတို့  ကျွဲတို့ ကို ကျေးဇူးရှင်အဖြစ်သတ်မှတ်ပြီး အမဲသားတောင်မစားဘဲ ရှောင်ကြသူတွေ အစဉ်အဆက်ကတည်းက ရှိကြတယ်။ ရှေးအစဉ်အလာကတည်းက ဆန်စပါးစိုက်ပျိုးရာမှာ အဓိကကျတဲ့ကျွဲနွားတွေနဲ့  လယ်ထွန်ကြတယ် စပါးလှေ့ ကြတယ်။ ဒီတော့ တောင်သူလယ်သမားဦးကြီးတွေရော မြန်မာလူမျိုးတွေကပါ ဒီကျွဲနွားတွေကို အသက်သခင်ကျေးဇူးရှင်လို တန်ဖိုးထားကြတယ်။ မြန်မာ့သမိုင်းမှာ ဘုရင်တွေတောင် လယ်ထွန်တော်မင်္ဂလာဆိုပြီး အလေးထားပြီး တခမ်းတနားကျင်းပလေ့ ရှိကြတယ်။

အခုတော့ဗျာ - မြန်မာပြည်မှာ သဘာဝသယံဇာတတွေဖြစ်တဲ့ ရေအားတို့  သဘာဝဓါတ်ငွေ့ တို့ ရှိနေ ထုတ်နိုင်နေရက်နဲ့  လျှပ်စစ်မီးကို လုံလောက်အောင် မထုတ်လုပ်နိုင်တာ ကိုယ်ကျိုးရှာသာရှာပြီး အစွမ်းအစမရှိတဲ့  အသိပညာအတတ်ပညာ ခေါင်းပါးလွန်းလှတဲ့ နအဖဗိုလ်ချူပ်တွေကြောင့် ဆိုတာ လူတိုင်းသိတယ်။

ဒီလို အသုံးမကျတဲ့ နအဖတွေကြောင့် လျှပ်စစ်မီးအလုံအလောက်မရ၊ သဘာဝစွမ်းအင်မသုံးရတာနဲ့  ကျွဲနွားတွေကို အားအင်ကုန်ခမ်းတဲ့အထိ ၀ိုင်းဝိုင်းလည်အောင် လှည့်ပတ်ခိုင်းပြီး (၂) ပေ မီးချောင်းလေးတွေ လင်းအောင် ညဉ်းပမ်းဦးမတဲ့ဗျာ။

ဒီလို ရိုင်းစိုင်းယုတ်မာတဲ့သူတွေ ကိုယ်ကိုတိုင်ဘဲ နှာခေါင်းမှာ ကြိုးချီပြီး များများမဟုတ်ဖူး အကြိမ် (၁၀) ခါလောက် နွားတွေကျွဲတွေအစား ၀ိုင်းလှည့်ကြည့်မယ်ဆိုရင် နစ်နေမန်းတို့ ပြည်သူတွေ လက်ခုပ်တီး အားပေးမယ်ဗျာ။

တောင်သူလယ်သမားဦးကြီးတို့ ရေ ကိုယ်အိမ်က သံယောဇဉ်တွယ်တာရတဲ့ ကျေးဇူးရှင် ကျွဲနွားလေးတွေရဲ့  ဘ၀ကို ကာကွယ်ပေးကြပါဦးလို့  တောင်းပန်ပါတယ်ဗျာ။ ဒီလို နအဖဖော်လံဖား ကိုယ်ကျိုးသမားတွေရဲ့  လက်တော့ ကိုယ်ရဲ့  ချစ်လှစွာသော နွားလေးကျွဲလေးများကို ၀ကွက် မအပ်လိုက်ပါနဲ့ လို့ ။

နအဖလက်အောက်က တိရိစ္ဆာန်များလည်း အသက်ဘေးနဲ့  ညဉ်းပမ်းနှိပ်စက်ခံရခြင်းဘေးမှ ကင်းဝေးကြပါစေ။

 
/* EOT ----------------------------------------- */