Friday, January 18, 2008

သတင်းအတိုအထွာ။


(၁)။

ရန်ကုန်မြို့ ရှစ်မိုင် ဒေါ်ရင်ဝိုင်း နေ့  ကလေးထိန်း ကျောင်းရှေ့ တွင် စစ်သားအပြည့်  တင်ဆောင်လာသော စစ်ကားသုံးစီးမှ ဒုတိယတစ်စီးသည် အမျိုးသမီးကြီးတစ်ယောက်အား တိုက်သွားခဲ့ပါသည်။ ပထမတစ်စီးမှာ ဆက်လက်ထွက်ခွာသွားပြီး တိုက်မိသည့်  ဒုတိယတစ်စီးနှင့် ကျန် တတိယအစီးမှာ လမ်းလယ်တွင်ပင် ရပ်ထားပါသည်။ ကားပေါ်မှ စစ်သားများမှာ အောက်သို့  လုံးဝမဆင်းကြပါ။ တိုက်မိသည့်  ကားမှ ဒရိုင်ဘာတစ်ဦးသာ အောက်ကိုဆင်း၍ တိုက်မိသည့်  အမျိုးသမီးအား ပွေ့ ၍ လမ်းဘေး ပလက်ဖောင်းပေါ်တွင် သွားရောက်ချထားခဲ့ပါသည်။ နာရီဝက်ခန့်ကြာသောအခါ အခင်းဖြစ်နေရာသို့ မာစတာဂျစ်တစ်စီး ရောက်ရှိလာသေည်လည်း ထူးခြားမှု ဘာမှမရှိပါ။ တိုက်မိသည့် အမျိုးသမီး သေမသေ သေချာ မသိရှိရသေးပါ။



(၂)။

မြန်မာပြည်တွင် ဆရာတော်ကြီးများ တရားဟောလိုပါက လက်မှတ်ရေးထိုးရပြီးမှ တရားဟောခွင့်ရှိကြောင်း သိရှိရပါတယ်။ မဇ္ဈိမဂုဏ်ရည်ဆရာတော် ဦးကောဝိဒအား တရားဟောခွင့် ပိတ်ခဲ့သေည်လည်း. ပြန်လည်ဟောခွင့်ပေးခဲ့ပါတယ်။ သို့ သော် ဟောပြောမည့် တရားများထဲတွင် နိုင်ငံရေးမပါရဟု ကန့် သတ် တားမြစ်ထားပါသည်။ ထို့ အပြင် ဆရာတော်ဦးကောဝိဒနဲ့ ဖြူးဆရာတော် ဦးနရပတိ ၏ ကားများကိုလည်း သိမ်းလိုက်ကြောင်း ကြားသိရပါသည်။

ယခုအခါတွင် ဓမ္မစေတီ ဆရာတော် ဦးကောသလ္လအား တရားဟောကြားခွင့်ပိတ်လိုက်ကြောင်း သိရှိရပါသည်။ လုံးဝတရားဟောခွင့်မရသောကြောင့် ဗိုလ်တထောင်ဘုရား တရားပွဲ ဆယ်ရက်တွင် ဓမ္မစေတီ ဆရာတော်မှ တရားဟောပြောမှု မဖြစ်မြောက်ခဲ့ကြောင်း သိရှိရပါသည်။

ယခုအခါတွင် ဆရာတော်ကြီးများမှ နိုင်ငံရေးတရားများ ဟောကြား၍ ပြဿနာများ ဖြစ်ပေါ်လာပါက တရားပွဲစီစဉ်သူများမှ အရင်ဆုံး အရေးယူခံရမည်ကို သိရှိကြောင်း လက်မှတ်ရေးထိုးမှ ကျင်းပခွင့် ပေးကြောင်း သိရှိရပါသည်။

(၃)။

လမ်းဘေးဈေးသည်များ ဈေးရောင်းချခွင့် အချိန်ကို ကန့်သတ်ခြင်းမှာ မြို့ထဲလမ်းမများတွင် သာမက ရန်ကုန်တိုင်း အတွင်းရှိ မြို့နယ်များ အားလုံးနီးပါး ပါဝင်ကြောင်း သိရှိရပါသည်။ လက်ရှိ လှိုင်သာယာ၊ အင်းစိန်၊ မြို့နယ်များတွင်လည်း လမ်းဘေးဈေးသည်များ ဈေးရောင်းချခွင့် ကန့်သတ်ခံရ၍ နေ့စဉ် စားသောက်ဖို့ စားစရိတ်ကို ခက်ခဲစွာ ရှာဖွေနေရကြောင်း သိရှိရပါသည်။


 
/* EOT ----------------------------------------- */