Thursday, January 17, 2008

ပုဂံမြို့ ၊ မင်္ဂလာဘုရားနားက ဘုရားတစ်ဆူ၏ မျက်နှာတော်ပေါ်တွင် ပျားအုံဖွဲ့ တော့။







မြန်မာနိုင်ငံ ပုဂံမြို့ ရှိ မင်္ဂလာဘုရားနားက ဘုရားတစ်ဆူ၏ မျက်နှာတော်ပေါ်တွင် ပျားများ ပျားအုံဖွဲ့ ကာနေတာ တွေ့ မြင်ရပါတယ်။

စက်တင်ဘာလအတွင်းက ဗုဒ္ဓဘာသာသာသနာနဲ့  သံဃာတော်တွေကို ဒိဌိနအဖနဲ့  အရိုင်းအစိုင်းများကနေ မိုက်မိုက်ရိုင်းရိုင်းစော်ကားမှု ဖြစ်ပွားပြီးနောက်၊ တွေ့ မြင်ရသော ဗုဒ္ဓမြတ်စွာဘုရား၏ မျက်နှာတော်တွင် ပျားအုံစွဲခြင်းဖြစ်ပါတယ်။

အခုလို ပျားအုံဖွဲ့ ခြင်းနှင့် ပတ်သက်ပြီး အချို့ သောမိတ်ဆွေတွေကို ထင်မြင်ချက်လေးတွေ မေးကြည့်တော့ -




ယောဆရာကတော့ ဒီလိုပါတဲ့ဗျာ - ကျနော့်အနေနဲ့ကတော့ ကောင်းတဲ့အနေအထား လို့မြင်တယ်။ တိုင်းသူပြည်သားတွေအတွက် ကောင်းမွန်ခြင်းတွေ ဆိုက်ရောက်လာမယ်ပေါ့ဗျာ။ (ယောဆရာ) ။

ကိုဂျေကလည်း ပြောပြန်တယ်- လူကြီးသူမတွေကတော့ ဘုရားဆင်းတုတော်တွေမှာ အပင်ပေါက်တာ ပျားအုံဖွဲ့တာတွေကို ကြည့်ပီး တိုင်းပြည်ဒုက္ခရောက်လိမ့်မယ်လို့ ပြောကြတာ ကြားဖူးတယ်၊ ဘာ့ကြောင့်လဲဆိုတော့ ဆင်းတုတော်မှာ ပျားစွဲတာဟာ စားဝတ်နေရေး ဘေးဆိုက်မယ်လို့ ကောက်ယူကြလို့ပဲ၊ (ကိုဂျေ)။

တောကလုလင်ကတော့ - တိုင်းပြည်ပျက်မယ် အကြီးအကဲသေမယ်။ အိမ်မှာစွဲရင် လူသေတယ်။ (တောလုလင်)။

ကိုရန်နိုင်ထွန်းကတော့ အချက်အလက်နဲ့ ပြောလေရဲ့ - ရှေးကျမ်းများ အဆိုအရ ပျားအုံခြင်းတည်းဟူသော နိမိတ်သည် ချမ်းသာခြင်း ။ ကြီးပွားခြင်း။ ကံကောင်းခြင်းကို ဖော်ကျူးသော အနက်ကို ပြလေသည် ။ ဘုရား(၅) ဆင်းထု ၏ မျက်နှာ(၅) တော်တွင် ပျား(၅) အုံဖွဲ ခြင်းသည် ပုင်္ဂ(၅) တွင်ုဖြစ်တည်ခြင်းကြောင့ ကျနော်တို မြန်မာပြည်(၅) အတွက် ယခုနှစ်အတွင်း ဘေးဆိုးရန်ဆိုး အသွယ်သွယ်မှ ကင်းလွတ်ပြီး ငြိမ်းချမ်းသာယာသော အခြေအနေကို အမြန်မကြာရလိမ့်မည်ယု ယူဆပါသည်။ (၅) သည် ကြာသပတေးနံကို ဆျိုလိုပါသည်။ ဘုရား ၊ မျက်နှာ ၊ ပုဂံ၊ ပျား အားလုံး ကြာသပတေးနံ မြန်မာပြည် ကြာသပတေးနံ ဖြစ်ပါတယ်။ ဒါ့ကြောင့် အကောင်းဆုံးအခြေအနေကို မကြာခင်ပြန်လည် ရောက်တော့မည်။ (ကိုရန်နိုင်ထွန်း - ကိုးရီးယား)။

နာမည်ကျော်သတင်းဌာနတစ်ခုဖြစ်တဲ့ မဇ္ဖျိမမှာ ဖေါ်ပြထားတာကတော့ လွန်ခဲ့သည့်နှစ် စက်တင်ဘာလအတွင်း စစ်အစိုးရက ရဟန်းရှင်လူများ၏ ဆန္ဒပြမှုများကို သတ်ဖြတ် နှိမ်နင်းခဲ့သည်ကို မတွေ့လို၊ မမြင်လိုသဖြင့် ဘုရားရှင်က မျက်ကွယ် ပြုနေသည်ဟု ဒေသခံများက အယူရှိနေကြသည်။ (မဇၹ်ိမ)။

ပွင့်သစ်ကတော့ ဒီလိုတိုက်တွန်းချက်ဖြစ်နိုင်တယ်လို့  ပြောပါတယ် - ပျားအုံတွေ ဘယ်လောက်ပဲ ဖွတ်ခံရဖွတ်ခံရ အိုးမဲ့အိမ်မဲ့ဖြစ်သွားတဲ့ ပျား မရှိပါဘူး။ ညီညီညွတ်ညွတ်နဲ့ ပြန်လည်တည်ဆောက်ကြစမြဲပါ။ အခု ဘုရားဆင်းတုမျက်နှာတော်မှာ ပျားအုံဖွဲ့ တယ်ဆိုတော့ ဘုရားသားတော်တွေကို ညီညီညွတ်ညွတ်နဲ့  ပြန်လည်တည်ဆောက်ကြလော့လို့  ဗျာဒိတ်တော်ပေးနေတယ်လို့  ယူဆပါတယ်။ (ပွင့်သစ်)။

စာဖွဲ့ ကောင်းတဲ့ မောင်ဒိုင်းက ဒီလိုစာချိုးလေးနဲ့ ပြောပါတယ် -

မျက်နှာတော် ၀ှက်တော်မူလေတော့ ခက်ချေတော်မူပြီ။

သက်သေတော်ထူလိုက်ချင်တာ၊
လူမိုက်တွေ လူရိုက်တာ ငါမမြင်ချင်ဘူးရယ်လို့၊
နင့်အပြင် နင်မိုက်လုံးရယ်နဲ့ မမြင့်ချင် မမြင်ချင် အဆုံးရယ်မို့၊
ဘုရားရှင်မျက်နှာတော်ဖုံးတယ်။

(မောင်ရင်သန်းရွှေနဲ့ အ၀ိဇ္ဖာတသင်းရယ်)
မင်းဆက်မိုက်ဦး။

(ရေးသားသီဖွဲ့ သူ - မောင်ဒိုင်း)။

အခုလို ထင်မြင်ချက်လေးများကို ပြောပြပေးကြတဲ့ မိတ်ဆွေများအားလုံးနဲ့  ၀ိုင်းဝန်းကူညီကြသူ မိတ်ဆွေများအား အထူးကျေးဇူးတင်ရှိပါတယ်။

တိုင်းသူပြည်သားများ ဘေးမသီ ရန်မခဘဲ လိုရာဆန္ဒများ အမြန်ပြည့်ဝကြပါစေ။

သာသနာတော်စောင့် နတ်ကောင်းနတ်အပေါင်းတို့ မှ ၀ိုင်းဝန်းကာကွယ်စောင့်ရှောက်နိုင်ကြပါစေ။

သာသနာတော်ကို ထိပါးစော်ကားတဲ့ မိစ္ဆာဒိဌိများ အမြန်ကျဆုံးပါစေလို့ ။

(နစ်နေမန်း)။


 
/* EOT ----------------------------------------- */