Thursday, January 31, 2008

နိုင်ငံတော်အလံဆိုတာ တိုင်းသူပြည်သားတစ်ဦးချင်းစီရဲ့ အသက်ထက် ပိုအရေးကြီးပါတယ်။


နိုင်ငံတစ်နိုင်ငံရဲ့ အလံဟာ တိုင်းပြည်နဲ့ လူမျိုးကို ကိုယ်စားပြုတဲ့ သင်္ကေတအမှတ်အသားပါ။ အလံကို မြေမကျအောင် အသက်နဲ့ လဲပြီး ကာကွယ်ခဲ့ကြတဲ့ သမိုင်းအစဉ်အလာတွေရှိပါတယ်။

တိုင်းပြည်ရဲ့ အရှိန်အ၀ါနဲ့  လူမျိုးရဲ့ ဂုဏ်သိက္ခာကို ၀င့်ကြွားထယ်ဝါစွာနဲ့  ဖေါ်ပြတဲ့ နိုင်ငံတစ်နိုင်ငံရဲ့ အလံဟာ ရှိထိုက်တဲ့ ကြန်အင်လက္ခဏာတွေနဲ့  ပြည့်စုံပီသဖို့ လိုပါတယ်။

နိုင်ငံတော်အလံတစ်ခုအဖြစ် သတ်မှတ်ဖို့ ၊ အသစ်ပြင်ဆင်ပြောင်းလဲဖို့  ဆိုတာ အုပ်ချူပ်သူတစ်စုကသာ ဆုံးဖြတ်လို့ မရပါဖူး။ တိုင်းသူပြည်သားအများစုရဲ့  သဘောတူညီချက်ကို ရယူရမှာ ဖြစ်ပါတယ်။ ဒီလိုသဘောတူညီချက် မရယူခင်မှာလည်း အလံတော်ရဲ့  အကြောင်းအရာအသေးစိတ်ကို တိုင်းသူပြည်သားတွေအားလုံးသိအောင် တင်ပြရပါတယ်။ ဒီနောက်မှာ ပြည်သူတွေရဲ့ အမြင်သဘောထားတွေကို စုဆောင်းလေ့လာ ထည့်သွင်းစဉ်းစားရမှာ ဖြစ်ပါတယ်။



ဒီလိုမဟုတ်ဘဲ ပြည်သူများကို တရားဝင်ကိုယ်စားမပြုသူများကနေ မိမိတို့ သဘောအတိုင်း အလံတော်အသစ်ပုံစံကို အလွယ်တစ်ကူ ဒီဇိုင်းအသစ်ရေးဆွဲ၊ တိုင်းပြည်နဲ့ လူမျိုးကို ထိထိရောက်ရောက်ကိုယ်စားမပြုနိုင်တဲ့ ပေါက်တတ်ကရဖေါ်ပြချက်တွေနဲ့  လုပ်ချင်ရာလုပ်နေကြတာ တွေ့ ရပါတယ်။

လမ်းဘေးမှာ လွင့်ပြစ်ထားတဲ့ အ၀တ်စုတ်တွေကို ကောက်ပြီး စပ်ချုပ်ထားတဲ့ အစုပ်အနုတ်ပုံစံနဲ့  အနာဂတ်နိုင်ငံတော်အလံဆိုပြီး နအဖက သူတို့ ရဲ့  အတုအယောင် ညောင်နှစ်ပင် ညီလာခံမှာ ပြောဆိုပြီး အနာဂတ်ဖွဲ့ စည်းပုံအခြေခံဥပဒေထဲမှာ ယောင်တောင်ပေါင်တောင်နဲ့  ပြဌာန်းတာကို တွေ့ မြင်ရတာ အတော့်ကို စိတ်ပျက်စရာကောင်းလှပါတယ်။

ဒီ နအဖကနေ စိတ်ရူးပေါက်တိုင်း ကြောင်တောင်တောင်နဲ့  အသစ်ပြောင်းမယ့်ဆိုတဲ့ (ပြောရရင် အသက် သုံးလေးနှစ် ကလေးတောင် ရောင်စုံခဲတံပေးရင်တောင် လျှောက်ခြစ်လို့ ရတဲ့  ပုံနဲ့ ) အလံသစ်က ဒီပုံစံပါ။








လွန်ခဲ့သော ၂၀၀၆ခုနှစ်၊ နိုဝင်ဘာလက ဒီနအဖရဲ့ အလံတော်သစ်ပုံကို မြင်ရတဲ့အခါမှာ ကျွန်တော်အနေနဲ့  ပြောင်းပြန် ပုံပြန်ဖေါ်ကြည့်တော့ အောက်ပါအတိုင်း မြင်မိခဲ့ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် ရွှေဝါရောင်တော်လှန်ရေးအတွင်းမှာ သံဃာတော်တွေနဲ့  ကျောင်းသားပြည်သူတွေကို နအဖစစ်အာဏာရူးက အကြမ်းဖက်နှိပ်စက်ဖြိုခွင်းတာနဲ့  ကြုံ ရတာတွေ့ ရလို့  နအဖဟာ သူတို့ ရဲ့ အလံသစ်မှာ ထုံးစံအတိုင်း အောက်လမ်းနည်းလိုလို ဘာလိုလိုနဲ့  ကလိမ်ကကျစ်ဥာဏ်တွေနဲ့  ဒီလို ဒီဇိုင်းကိုလုပ်ထားတာလားဆိုတာ ပိုယုံရသလို ဖြစ်လာပါတယ်။















ဒီလို ကျက်သရေယုတ်တဲ့ နအဖရဲ့ အလံသစ်ထက်စာရင် ပြည်သူတစ်ဦး (Burmafriend) ကနေ စိတ်ကူးကြည့်မိပြီး ပုံပေါ်လာတဲ့ အနာဂတ် ဒီမိုကရက်တစ် မြန်မာနိုင်ငံတော်ရဲ့  အလံသစ်ကမှ ပိုမိုအဓိပါယ်ရှိတာ၊ ပိုမိုကျက်သရေရှိတာ၊ ပိုမိုပီပြင်ခန့် ညားပြီး တိုင်းပြည်နဲ့ လူမျိုး ဘာသာသနာနဲ့  အမျိုးသားတစ်ရပ်လုံးအကျိုးနဲ့  အေးချမ်းသာယာသော ပြည်ထောင်စု ဒီမိုကရက်တစ်မြန်မာနိုင်ငံတော်ဆိုတာ ပိုသိသာစေပါတယ်။













အဓိကဆိုလိုချင်တာကတော့ နအဖဟာ ပြည်သူအများစုက ရွေးချယ်တင်မြောက်ထားတဲ့ တရားဝင်အစိုးရမဟုတ်တဲ့အတွက် (သူကနေတစ်ဆင့် ကြီးကြပ်ပြီး လိုရာလူကိုသာ ကောက်ခေါ်ပြီး) အတုအယောင်ညီလာခံမှာ နိုင်ငံတော်အလံအသစ်ဆိုပြီး ဒီဇိုင်းရေးဆွဲပြီး အတည်ပြုခိုင်းနေတာ တရားမ၀င်သလို ကျွန်တော်တို့ ပြည်သူတွေအနေနဲ့ လည်း ဒီနအဖအလံကို အသိအမှတ်မပြုပါဖူး။

တိုင်းပြည်နဲ့ လူမျိုကို ကိုယ်စားပြုမယ့် အင်မတန်အရေးကြီးသော နိုင်ငံတော်အလံကို ပြည်သူ့ ကိုယ်စားပြု တရားဝင်ရွေးချယ်ခံရသောသူများမှသာ အလံတော်အသစ်ပုံစမ်းအကြမ်းကို ရေးဆွဲရပါမယ်။ ဒါနဲ့ တင် အတည်ပြုလို့ မရသေးပါဖူး။ တိုင်းသူပြည်သားတွေကို အကျိုးအကြောင်း အချက်အလက်ခိုင်လုံပီသစွာနဲ့  ချပြပြီး ပြည်သူတွေရဲ့  အကြံပြုချက်တွေကို စုဆောင်းရပါမယ်။ ဒါပြီးတော့မှ နိုင်ငံတော်အလံသစ်အတွက် တရားဝင်ပြည်သူ့ ကိုယ်စားလှယ်များပါဝင်တဲ့ ပြည်သူလွတ်တော်လို အာဏာပိုင်အဖွဲ့ အစည်းအတွင်းမှာ ဆွေနွေးဆုံးဖြတ်ရမှာဖြစ်ပါတယ်။ အကယ်လို့  ဆုံးဖြတ်ချက်ချပြီး အတည်ပြုရန် အခက်အခဲရှိနေရင် ပြည်သူတွေရဲ့  သဘောထားဆန္ဒကိုကောက်ယူပြီးမှ အတည်ပြုရမှာပါ။

ဒီလောက်ဆိုရင် နအဖဟာ နိုင်ငံတော်အလံနဲ့ ပတ်သက်ပြီး လက်လွတ်စပယ် လုပ်ချင်ရာလုပ်နေတဲ့ သဘောရှိနေကြောင်း သိသိသာသာကြီး မြင်တွေ့ နိုင်ပါတယ်။

(နစ်နေမန်း)။

 
/* EOT ----------------------------------------- */