Wednesday, May 14, 2008

စစ်ဘက်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများသို့  အလေးအနက်ထားကာ မေတ္တာရပ်ခံခြင်း။
















ပြည်သူများအနေနဲ့  ရေဘေး မီးဘေး လေဘေး မင်းဆိုးဘေးမှ အတိဒုက္ခရောက်ကာ အဆိုးဆုံးသောအခြအနေသို့ ရောက်ရှိနေချိန်တွင် ပြည်သူ့ တပ်မတော်သားပီသစွာဖြင့် ပြည်သူများဘက်မှ မားမားမတ်မတ်ရပ်တည်ကာ၊ အာဏာရှင် သန်းရွှေနှင့် ထိပ်ပိုင်းဗိုလ်ချူပ်ကြီး သုံး လေးဦး၏ မတရားသောအမိန့် များကို ဖီဆန်ကာ ရဲရဲဝန်ဝန့် ဖြင့် တော်လှန်တိုက်ပွဲဝင်မည့် အရာရှိကြီးငယ် အကြပ်တပ်သားများအား ပြည်သူများမှ လိုလားလျက် ရှိပါသည်။

နအဖ ထိပ်ပိုင်းခေါင်းဆောင်များဟာ ပြည်သူများရဲ့ ဘ၀ကို လုံးဝမစောင့်ရှောက်ဘဲ ကိုယ်ကျိုးသက်သက်သာ လုပ်ဆောင်နေတာကို အခုကြုံတွေ့ နေကြရတဲ့ အခြေအနေတွေက သက်သေပြနေပါတယ်။ ပြည်သူတွေ သေကြေပျက်စီး ငတ်မွတ်နေကြရတာ လက်တွေ့ မှာ မြင်တွေ့ နေရပါတယ်။

ရဟန်းသံဃာများရဲ့ သွေးမြေကျရအောင်၊ တိုင်းပြည့်အနာဂတ်ရင်သွေး လူငယ်လေးများ သွေးမြေကျရအောင်အတွက် တပ်မတော်သားတွေကို ပြည်သူနဲ့ လှည့်တိုက်ပြီး တပ်မတော်ကို ပြည်သူမှ အမုန်းပွားစေရန် ခုတုံးလုပ်နေတာ နအဖထိပ်ပိုင်းခေါင်းဆောင်ကြီးတွေပါ။ ဒီနအဖခေါင်းဆောင်ကြီးတွေဟာ သူတို့ ရဲ့ ဆွေစဉ်မျိုးဆက်ကြီးပွားချမ်းသာရေးအတွက် တပ်မတော်ကို သူတို့ အကျိုးစီးပွားအတွက်သာ ခါးပိုက်ဆောင်တပ်အဖြစ် မတရားတဲ့အမိန့် တွေနဲ့  ထိန်းထားပြီး အသုံးချနေတာပါ။

တကယ်ဆိုရင် နအဖခေါင်းတောင်ကြီးတွေ လက်ထဲမှာ ဘာမှအင်အားမရှိပါဖူး။ အပြောအဆို အခြောက်အလှန့် နဲ့  မက်လုံပေး စည်းရုံးတာတွေနဲ့ သာ ဟန်ပြထိန်းချုပ်နေတာပါ။ ပြန်လည်တော်လှန်မယ့် ပြည်သူ့ စစ်သားအဖြစ် တပ်ရင်းတပ်မတွေမှာရှိတဲ့ အင်အားတွေကသာ တကယ် ထတော်လှန်ရင် ဒီအာဏာရှင်တွေ ချက်ချင်းကျဆုံးသွားမှာ ဖြစ်ပါတယ်။

အဆင့်မြင့်စစ်ဘက်ဆိုင်ရာအရာရှိကြီးများအနေနဲ့  မိမိတို့ ရဲ့  လက်အောက်မှာ ရှိတဲ့ တပ်ရင်းတပ်မများမှ အရာရှိအကြပ်တပ်သားများကို စုစည်းပြီး အာဏာရှင်လက်တစ်စုကို ပြန်လည်တွန်းလှန်ပစ်မယ်ဆိုရင် ကျွန်တော်တို့ ပြည်သူတွေ ရှေ့ ဆက်သွေးမြေကျရမယ့် ဘေးရန်ကနေ လွတ်မြောက်သွားမှာ ဖြစ်ပါတယ်။ တိုင်းပြည်လည်း အမှန်တကယ် သာယာဝပြောတဲ့ နိုင်ငံအဖြစ် အိမ်နီးနားချင်းနိုင်ငံတွေရဲ့  မျက်နှာအလည်မှာ ဂုဏ်ငယ်တော့မှာ မဟုတ်ပါဖူး။



ယခုဖေါ်ပြပါ စစ်ဘက်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများအနေဖြင့် မိမိတို့ ၏ တိုင်းပြည်နှင့် လူမျိုးကို အမှန်တကယ်ချစ်မြတ်နိုးသည့်စိတ်ကို မှိုင်းတိုက်အုပ်ချုပ်ခံနေသည့် အာဏာရှင်တစ်စုလက်အောက်မှ၊ ပြည်သူတို့ ဘ၀ကို အမှန်တကယ် ကာကွယ်စောင့်ရှောက်နိုင်မည့် ပြည်ချစ်စစ်သားဘ၀သို့  အမြန်ဆုံး ကူးပြောင်းပေးပါရန် လေးနက်စွာ တိုက်တွန်းအပ်ပါသည်။

အခုအချိန်ဟာ တိုင်းပြည်နဲ့ လူမျိုးကို ကယ်တင်ရမယ့် အချိန်ဖြစ်နေပါပြီ။ စစ်ဘက်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများအနေနဲ့ ရော အခြားသော အရာရှိအရာခံ အကြပ်တပ်သားများမှအနေနဲ့ ရော နအဖရဲ့  ခေါင်းဆောင်ကြီးတွေ မတရားပေးတဲ့အမိန့် ကို တွန်းလှန်ပြီး ပြည်သူတွေမှ လိုလားတောင်းတနေတဲ့ ကယ်တယ်ရှင် ပြည်သူ့ တပ်မတော်သားများအဖြစ် ပြည်သူဘက်မှ အမြန်ရပ်တည်ပေးကြပါလို့  အထူးအလေးအနက်ထား တိုက်တွန်းအပ်ပါတယ်။

(ယခုဖေါ်ပြထားသောုပုံများနှင့် အခြားသော အကြောင်းအရာအား လျှို့ ဝှက်စွာ ဆက်သွယ်အသိပေးလာသော စစ်ဘက်ဆိုင်ရာ အရာရှိကြီးတစ်ဦးအား အထူးကျေးဇူးတင်ပါကြောင်း၊ အခြားသော စစ်ဘက်ဆိုင်ရာအရာရှိများအားလည်း တိုက်တွန်းကာ ပြည်သူများဘက်သို့ ရပ်တည်ပေးပါရန်နှင့် ကျွန်တော်တို့ မှ လက်ကမ်းကြိုဆိုအပ်ပါကြောင်း ပြန်လည်အသိပေးအပ်ပါတယ်)။

 
/* EOT ----------------------------------------- */