ကိုဇာဂနာကို လူ(၉)ယောက်မှ လာဖမ်းသွားတာပါ။ ည(၈)နာရီလောက်ကတည်းက သူ့အိမ်မှာ ရှာဖွေပြီး ကွန်ပျူတာ၊ Rambo-4၊ စိန်စီသောည အခွေတွေနဲ့  FEC -35 ကျပ်တွေကို ရှာဖွေပုံစံနဲ့  ယူသွားပါတယ်။ လူကိုတော့ ည (၁၁း၄၅) နာရီလောက်မှာ ကားပေါ်တင်သွားပါတယ်။ ကားနှစ်စီးနဲ့  လာတာဖြစ်ပြီး Nissan Hilux တစ်စီးနဲ့ Saloon တစ်စီးဖြစ်ပါတယ်။ ကိုဇာဂနာကိုတော့ စလွန်းကားနဲ့ ခေါ်သွားပြီး မြို့ ထဲဖက်ကို မောင်းသွားပါတယ်။ နစ်စမ်းကားကတော့ ဟံသာဝတီဖက်ကို မောင်းသွားပါတယ်။