Thursday, June 5, 2008

လုပ်ချင်တာလုပ်နေကြတဲ့ အရိုင်းအစိုင်းများ။

ရဟန်းသံဃာတော်ဆိုတာ မြတ်စွာဘုရားရဲ့  သားတော်တွေပါ။ သာသနာတော်အကျိုးကို သယ်ပိုးဆောင်ရွက်နေကြတဲ့ မြင့်မြတ်တဲ့ ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်တွေပါ။ ကျွန်တော်တို့  လူသားတွေမပြောနဲ့  ရဟန်ထူး ရဟန်းမြတ်တွေကို နတ်ကောင်းနတ်မြတ်တွေတောင် အရိုအသေပေး ဖူးမျှော်ရတာတွေ ရှိပါတယ်။

သံဃာတော်တွေ ၀တ်ရုံထားတဲ့ သင်္ကန်းတော်က စစ်ယူနီဖောင်းကို ရိုသေလေးစားပေးရမှာလား။ စစ်ယူနီဖောင်းတွေက သံဃာတော်တွေ ၀တ်ရုံထားတဲ့ သင်္ကန်းတော်ကို ရိုသေလေးစားပေးရမှာလားဆိုတာ ဒီအရိုင်းအစိုင်းတစ်ယောက်မသိရင် ၀ိုင်းဝန်းသွန်သင်ပေးလိုက်ကြပါဦး။











နအဖရဲ့  သတင်းစာပါပုံက နအဖဗိုလ်ချူပ်တွေ သာသနာတော်ကို ဘယ်လောက် ပြန့် ပွားတိုးတက်အောင်လုပ်နေပါတယ်၊ ဘုရားစေတီပုထိုးတွေ ဘယ်လောက် တည်ထားကိုးကွယ်နေပါတယ်၊ ဘုရား တရား သံဃာတော်တွေကို ဘယ်လောက် ဆည်းကပ်ပူဇော်ပါတယ်ဆိုပြီး ပါးစပ်ကနေ လျှာအရိုးမရှိတိုင်း မုသားနဲ့ ပြောနေပေမယ့် လက်တွေ့ မှာ ဘယ်လောက်မိုက်ရိုင်းလည်းဆိုတာ သက်သေပြနေပါတယ်။

ရဟန်းသံဃာတော်ကို မြင့်မြတ်တဲ့ နေရာမှာ နေရာပေးပြီး ရိုသေကိုင်းရှိုင်းစွာနဲ့  ပြောဆိုလျှောက်ထားရတယ်ဆိုတာ နားမလည်တဲ့ ဒီအရိုင်းအစိုင်းတွေ ထင်ရာစိုင်းနေတာ အင်မတန်ရုပ်ဆိုးလွန်းပါတယ်။ အခုတော့ ရဟန်းသံဃာတော်က အောက်မှာထိုင်နေရပြီး ဒီအရိုင်းအစိုင်းနဲ့  အပေါင်းအပါတွေက အပေါ်စီးကနေ မတ်တတ်ကြီးရပ်နေပြီး မလေးမစားဆက်ဆံနေတာ အသိသာကြီးတွေ့ ရမှာပါ။

ဒီလို သာသနာတော်နဲ့  ရဟန်းသံဃာတော်တွေကို မရိုမသေ ရိုင်းစိုင်းစွာနဲ့  ဆက်ဆံနေတဲ့  နအဖဗိုလ်ချူပ်တွေနဲ့  လက်ပါးစေတစ်စုကြောင့် တစ်ချိန်က အင်မတန်မွန်မြတ်လှခဲ့တဲ့ တပ်မတော်ကြီးနဲ့  ပြည်သူ့ တပ်မတော်သားတွေအားလုံးဟာ ဒီအရိုင်းအစိုင်း ငခုံးမတွေကြောင့် ရောထွေးနာမည်ပျက်ပြီး ပုတ်စော်နံနေရတယ်။

ဒီလိုရိုင်းစိုင်းနေကြတဲ့ နအဖဗိုလ်ချူပ်တွေနဲ့  လက်ပါးစေတစ်စုတွေကို နိုင်ငံတော်သံဃာမဟာနာယကဆရာတော်ကြီးတွေက မြတ်စွာဘုရားနဲ့  သာသနာတော်မျက်နှာကို မထောက်မကြည့်တော့ဘဲ ဒီအတိုင်းကြည့်နေပြီး ရေငုံနှုတ်ပိတ်နေကြရင်တော့ ရဟန်းသံဃာတော်ကျင့်ဝတ်နဲ့ ညီကြပါတော့မလား။

































ပြည်သူအပေါင်းအနေနဲ့ လည်း ဒီအရိုင်းအစိုင်းနအဖတွေကို သာသနာတော်အကျိုး တိုင်းပြည်အကျိုးကိုကြည့်ပြီး ဘာသာသာသနာတော်ကို ကာကွယ်စောင့်ရှောက်ပေးကြဖို့  လိုပါတယ်။ ဘာသာသာသနာတော်ကို စော်ကားဖျက်ဆီးသူ အရိုင်းအစိုင်းများကို လက်တွေ့ ဖယ်ရှားပြစ်ဖို့ လိုပါတယ်။

 
/* EOT ----------------------------------------- */