Friday, June 6, 2008

ပြည်သူ့ အသဲ ကိုဇာဂနာ ။




















ဇာဂနာ တဲ့
သွားဝေဒနာ ကုသရေးမှာ
မရှိမဖြစ် လိုအပ်တဲ့ တန်ဆာပလာ
ရီစရာအဖြစ် နာမည်လေးယူခဲ့ပုံ ရတယ်။

ဟုတ်တယ်၊ ဝေဒနာကုဖို့  သူ လူဖြစ်လာတယ်
သွားဝေဒနာတွေထက် အဆပေါင်းများစွာ ပိုပြင်းထန်တဲ့
စစ်ဖိနပ်အောက်က ပြည်သူ့ အနာခံစားမှုတွေ
ဘ၀နဲ့  ရင်းပြီး ရိုးသားစွာ ကူညီဖေးမ သူကုသတယ်။

လူတိုင်းနဲ့ မတူ ဟာသလေးတွေနဲ့ သာ ကူညီဖေးမ
အမှန်တရားတွေကို ကြိုစား ဖေါ်ဆောင်ပြပေမဲ့
ရယ်စရာလေးတွေကိုပဲ ကြောက်စရာလို့ ထင်
လက်နက်ထောင်သောင်းနဲ့ ဗိုလ်ပါတွေကိုမြင်တော့
အော် ရယ်စရာတွေကိုလုပ်တာ ကိုဇာဂနာမှ မဟုတ်ပဲ
ထမီသာ ၀တ်ထားဖို့ ကောင်းတဲ့  သနားတယ် ထင်စရာ
သေနတ်ကိုင် စစ်ဗိုလ်ချုပ် လူ့ မလှိုင် ဂူးဒန် ဂန်ဒူးကြီးများပဲဆိုတာ
သိပြီးရင်း သိလာရတယ်။

ဒို့ အသဲ ကိုဇာဂနာကြီးကတော့ 
ပြည်သူ့ အတွက်ဆို လာမဲ့ဘေးပြေးတွေ့ 
ကြောက်မွှေးပါ သူ နဲ့ သာနှုတ်လို့ 
အားနည်းသူ ပြည်သူကို စေတနာမှန်စွာ အမြဲအားဖြည့်ခဲ့တယ်။

ကိုသူရဆိုတဲ့ ပြည်သူ့ အသဲ ဒေါက်တာဇာဂနာ
မြန်ပြည်မှာ သင်ဟာ ကြယ်တပွင့် တကယ့် သူရဲကောင်းကြီးအဖြစ်
ဒို့ ပြည်သူတွေအားလုံး ဂုဏ်ယူပြီးရင်း ဂုဏ်ယူနေတဲ့
ပြည်သူ့ ဘက်တော်သား အစစ်အမှန်
ဟာသဥာဏ်များနဲ့ အမြဲကူညီတတ်တဲ့
ဇာနည်သားကောင်း လမ်းပြအလင်းရောင် မီးရှူးတန်ဆေါင်တခု။ ။

(အမိမြေအတွက်ဖြူစင်သော စိတ်ရင်းဖြင့် - ချွန်မြစေ)

(ရေးသားပေးပို့ လာသူ ချွန်မြစေ အား ကျေးဇူးတင်ရှိပါသည်)။

 
/* EOT ----------------------------------------- */