ဂန်နဲ့ ဘန် နာမ်နှိမ်ခံရခြင်း (ဂန်ဘာရီနဲ့  ဘန်ကီမွန်း နာမ်နှိမ်ခံရခြင်း) ဆိုတော့ ဘာများဖြစ်လို့ လည်းဆိုပြိး ထူးဆန်းကောင်း ထူးဆန်းသွားပေမယ့်၊ ဒါမျိုးတွေကို လုပ်ရိုးလုပ်နေကျအတိုင်း လုပ်လေ့ရှိတဲ့ နအဖတွေအကြောင်း သိထားသူတွေကတော့ နာမ်နှိမ်တယ်၊ ယတြာခြေတယ်ဆိုတာ ခဏခဏကြားနေကြမို့ လို့  မြန်မာပြည်သူတွေအတွက် အထူးအဆန်းတော့ မဟုတ်ပါဘူး။
ဒါပေမယ့်လည်း အခုဟာက ကိုယ့်ရဲ့ မြန်မာပြည်ဖွား ပြည်သူများအပေါ်မှာ နာမ်နှိမ်တာမဟုတ်ဘဲ နိုင်ငံခြားသားတွေအပေါ်မှာပါ လုပ်လာတာတွေ့ ရတော့၊ အထူးသဖြင့် ကမ္ဘာကြီးကို အုပ်ချူပ်နေတဲ့ ကမ္ဘာ့ခေါင်းဆောင်တွေအပေါ်မှာပါ အစီအစဉ်တကျနဲ့  အကွက်ဆင်လုပ်လာတာတွေ့ ရတော့ ထူးတော့ထူးဆန်းပါတယ်။
ဂန်ဘာရီနဲ့  ဘန်ကီမွန်းနှစ်ဦးစလုံး ဘယ်လို နာမ်နှိမ်ခံရလည်းဆိုတာ မပြောခင် အာဏာရှင်တွေရဲ့  အောက်တန်းကျကျ အောက်လမ်းနည်းတွေနဲ့  ဘယ်လို နာမ်နှိမ်လေ့ ယတြာခြေလေ့ရှိကြလည်းဆိုတာ ပြန်ကြည့်ကြရေအောင်။
အာဏာရာထူးကနေ အနေကြာပြီး အာဏာမြဲဖို့ အတွက် “နေကြာ” ပန်းတွေ စိုက်ခိုင်းတာတွေလုပ်ခဲ့တဲ့အပြင်၊ မဆလခောတ်တုန်းကလည်း အာဏာလက်လွတ်ဖြစ်ပြီး အပြောင်းအလဲတွေဖြစ်မှာ ပြောင်းပြေးရမှာကြောက်လို့  မပြောင်းဖူးလို့  အယူရအောင် “ပြောင်းဖူး” ပင်တွေ စိုက်ခိုင်းခဲ့ကြတယ်။
“စုကြည်” (ဒေါ်အောင်ဆန်းစုကြည်ကို အောင်ဆန်းနာမည်ဖျောက်ပြီး နအဖတွေ ခေါ်ဝေါ်လေ့ရှိရတဲ့အမည်) ကို ဓါတ်ရိုက်ဓါတ်ဆင်နဲ့  နာမ်နှိမ်ဖို့ အတွက် “ကြက်ဆူ” ပင်တွေ စိုက်ခိုင်းခဲ့တာတွေ လုပ်ခဲ့ကြတယ်။ ဒါကို ပြည်သူအချို့ က သဘောပေါက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို နာမ်နှိမ်လို့ မရအောင် “ဇီးကွက်” ရုပ်ကလေးတွေ ပြန်ဆောင်ထားပေးကြတယ်။
သန်းရွှေရဲ့  ဆရာကြီးများလက်ထက် မဆလခောတ်ကလည်း ငွေစက္ကူတွေမှာလည်း ဗိုလ်ချူပ်အောင်ဆန်း၊ သခင်ဖိုးလှကြီး၊ ဆရာစံ အစရှိတဲ့ တိုင်းပြည်ရဲ့  ခေါင်းဆောင်တွေရုပ်ပုံနေရာမှာ တိုးနယားလို တိရစ္ဆာန်အကောင်ပုံတွေနဲ့  အစားထိုးပြီး အဆိုပါ လူထုခေါင်းဆောင်ကြီးတွေရဲ့  သမိုင်းဂုဏ်ရောင်ကို မှေးမှိန်ပြောက်ပျက်စေဖို့  နာမ်နှိမ်တာတွေ လုပ်ခဲ့ကြတယ်။
ဒီအပြင် မဆလခေါင်းဆောင်ကြီးတွေ န၀တ နအဖခေါင်းဆောင်ကြီးတွေက သူတို့ ကိုယ်သူတို့  ပဒေသရာဇ်မင်းသဖွယ်သဘောထားပြီး မင်းနိုင်ငံတော်ဖြစ်ဖို့ အတွက် မင်းဧကရာဇ်တစ်ပါးပေါ်တာမျိုးလို မင်းလောင်းကြိုဆိုဖို့ အတွက် သစ်ပင်တွေ တံတားတွေ အဆောက်အဦးတွေကို ထုံးအဖြူ လိုက်သုတ်ခိုင်းခဲ့တယ်။
ပျဉ်းမနား (စကားပြောင်းပြန် - ပျားမနင်း) ကြပ်ပြေးရွာကို နေပြည်တော်ဆိုပြီးအမည်တပ်ကာ နအတွေ ပြောင်းပြေးကြတာလည်း အားကိုအားထားအတိုင်ပင်ခံ ဘိုးတော်အတုအယောင် အောက်လမ်းဆရာတွေရဲ့  အကြံပေးလမ်းညွုန်ချက်ကြောင့် ဖြစ်တယ်။ အကြပ်အတည်းဖြစ်ရင် ပြေးလို့ ကောင်းတဲ့ ကြပ်ပြေးလိုနေရာဟာ တောတောင်အလယ်မှာဖြစ်တဲ့အတွက် ရန်သူလေယာဉ် မပြောနဲ့  ပျားတောင်လာမနင်းနိုင်လို့  အဲ့ဒီနေရာ ပျဉ်းမနား ကြပ်ပြေးကိုပြောင်းပါ။ အဲ့ဒီမှာ နေပြည်တော်ဆိုပြီး မြို့ တော်တည်ပါဆိုပြီး ခပ်ကြောင်ကြောင် အကြံပေးတွေကြောင့် နအဖတို့  အခြေစိုက်ရာဒေသ ဖြစ်သွားတာ။
အများသိကြတဲ့အတိုင်း နအဖတွေ ကြောက်တတ်လွန်းတဲ့ တဘောင်တွေ နမိတ်တွေပေါ်လာလို့ ရှိရင် သူတို့ ရဲ့ အကြံပေးဘိုးတော်တုတွေကို ကမန်းကတန်း အပြေးအလွှားတိုင်ပင်လေ့ရှိကြတာ သန်းရွှေရဲ့  ကြင်ယာတော်ကြီး ကြိုင်ကြိုင်တစ်ယောက်က ထိပ်ဆုံးကဆိုရင် မမှားပါဖူး။ မင်းပြောင်းမင်းလွဲဖြစ်မယ် မင်းလောင်းပေါ်မယ်လို့  တိုင်းပြည်အတွင်းမှာ တဘောင်နမိတ်ထွက်လာတော့ ကြိုင်ကြိုင်ကြီးခမျာ သူရဲ့ မောင်တော်အိုကြီး အသက်ကြီးကမှ အာဏာပြုတ်ပြီး ပြည်သူလက်ချက်နဲ့  မရှူမလှဖြစ်မှာ စိုးရိမ်ပြီး၊ ဘိုးတော်အတုတွေဆီကနေ အကြံတွေ အတင်းပေးခိုင်းတော့ စားဖို့ ဝါးဖို့  မျက်နှာသာရဖို့  အကွက်ဝင်တဲ့ ဘိုးတော်တုက ပေါ်မယ့်မင်းလောင်း မပေါ်ရလေအောင် ယတြာခြေ နာမ်နှိမ်ထားဖို့  လိုပါတယ်ဆိုပြီး သကြားမင်း ဗြမ္မာမင်းတော့ မရနိုင်ူဖူး လူမင်းတစ်ဦးဦးကိုတော့ နာမ်နှိမ်မှ ဖြစ်မယ်ဆိုတော့ အခြားနိုင်ငံ (ထိုင်း၊ ဘရူနိုင်း စသဖြင့်) က ဘုရင်စနစ်နဲ့ အုပ်ချူပ်နေတဲ့ ဘုရင်မင်းတွေကို သွးလုပ်လို့ မရ အဖြစ်ဆိုတော့၊ ပြည်တွင်းဖြစ် နာမည်ရှိတဲ့ ရုပ်ရုင်မင်းသားချော ကိုလူမင်းကို ယတြာခြေတဲ့အနေနဲ့  လက်ထပ်ပါဆိုပြီး အကြံပေးတာကြောင့် မင်းသားကိုလူမင်းကို ကြိုင်ကြိုင်တစ်ယောက် ယတြာခြေ နမ်နှိမ်တဲ့အနေနဲ့  လက်ထပ်ပြ၊ ပျားရည်ဆမ်းခရီးတွေ ထွက်ပြနဲ့  လုပ်လိုက်ရပါသေးတယ်။
ရွှေတိဂုံစေတီ ငှက်မြတ်နားနဲ့ ထီးတော် စိန်ဖူးတော်အနားမှလည်း ရွှေနဲ့  ပြုလုပ်ထားတဲ့
“ဗိုလ်ချူပ်မှူးကြီး သန်းရွှေနှင့် မိသားစုမှ လှူဒါန်းသည်” စာတန်းဆိုင်းဘုတ်ကို တက်ချိတ်ထားတာလည်း ပေါ်တင်ကြီးပါဘဲ။ သမိုင်းအစဉ်အလာအဆက်ဆက်ကနေ သမိုင်းဝင်တန်ခိုးကြီးဘုရားစေတီတစ်ဆူအပေါ်မှာ ဘုရားတည်ခဲ့သူတွေ စောင့်ရှောက်ခဲ့ကြတဲ့သူတွေ ပြုပြင်ထိန်းသိမ်းခဲ့ကြတဲ့ နတ်လူပုဂ္ဂိုလ်တွေ အမည်နာမ တစ်ခုမှ မှတ်တမ်းတင်တက်ချိန်ထားတာ မရှိခဲ့ပါဖူး။ သန်းရွှေကောင်းမှုကို ဘုရားထီတော်အနားမှာ စာတန်းတက်ချိန်တားတာဟာ ဘုရားဖူးလာကြတဲ့ တော်ရုံတန်ရုံသူတွေ မမြင်ရပါဖူး။ ဒီလိုလုပ်တဲ့ ရည်ရွယ်ချက်ကတော့ ထုံးစံအတိုင်း အာဏာရူးကြီး သန်းရွှေ ဘုန်းတန်ခိုးတက်ရအောင် ဘုရားနဲ့ အပြိုင် ယှဉ်ပြိုင်လုပ်ပြီး ဘုရားဖူးလာသူတွေ ရှိခိုးတိုင်း သူ့ ရဲ့ အမည်နာမကိုပါ ရှိခိုးပြီးသား ဖြစ်နေအောင် မကြံကောင်း မကြံစည်ရာကို ဆင်ခြင်ဥာဏ်ကင်းမဲ့စွာနဲ့  လုပ်လိုက်တာပါ။
မဆလခောတ် သန်းရွှေရဲ့  ဆရာကြီး နေ၀င်းကလည်းဘဲ ရွှေတိဂုံဘုရားနဲ့ အပြိုင် အနီးအနားမှာ မဟာဝိဇယစေတီတော်ကို တည်ခဲ့ပါတယ်။ မဆလအာဏာရှင်ကို ဆန့် ကျင်တော်လှန်တဲ့ ကျောင်းသူကျောင်းသားတွေ ပြည်သူတွေဟာ ထင်ပေါ်ကျော်ကြားတန်ခိုးကြီးတဲ့ ရွှေတိဂုံစေတီတော်ရင်ပြင်တော်ပေါ်တက်ကာ အောင်မြေနင်းရာအရပ်ဌာနအဖြစ် အောင်မြေနင်းပြီး အဓိဌာန်ပြုကြ တိုင်တည်ကြ ဆုတောင်းကြ သစ္စာဆိုကြနဲ့  ပြုလုပ်လေ့ရှိတာမို့ ၊ ဒါနဲ့ အပြိုင်ဖြစ်ရအောင် မဆလအာဏာရှင်တွေကလည်း အောင်မြေနင်းတာတွေ ယတြာခြေတာတွေလုပ်ဖို့ ဆိုပြီး ရွှေတိဂုံဘုရားနဲ့ အနီးကပ် မဟာဝိဇယစေတီတော်ကို ဘုရားစေတီအပြိုင်တည်ခဲ့တာပါ။
နအဖတွေဟာ သူတို့ ကိုယ်သူတို့  တန်ခိုးကြီးထွားတဲ့ စစ်ဘုရင်တွေလို သဘောထားပြီး သူတို့ သွားလာလှည့်လည်တဲ့အခါ ပြည်သူတွေကို လက်အုပ်ချီခိုင်းပြီး ဆက်ဆံစေတာလည်း ပြည်သူတွေရဲ့  အရှိန်အ၀ါကို တမင်သက်သက် ချိုးနှိမ်ထားတာဘဲဖြစ်တယ်။ ကျွန်တော်တို့ ရဲ့  ရိုးရာယဉ်ကျေးမှုအရ လက်အုပ်ချီကန်တော့ရတာ အနန္တောအနန္ဒဂိုဏ်းဝင် ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ဆရာဘဲရှိတယ်။ ဒီတော့ နအဖတွေက သူတို့ ကိုယ် သူတို့  ဒီ
အနန္တောအနန္ဒဂိုဏ်းဝင်တွေနဲ့ ဘဲ တန်းတူသဘောထားနေကြတယ်။ ပြည်သူတွေကို ကျွန်ခောတ်က ကျွန်တွေလိုလည်းသဘောထားနေကြတယ်ဆိုတာ သိသာထင်ရှားတယ်။
တစ်လောကလည်း သန်းရွှေနဲ့  ကြိုင်ကြိုင်တို့  ညသန်းခေါင်ယံအချိန်မှာ ရွှေတိဂုံဘုရားရင်ပြင်တော်ပေါ်တက်ပြီး ခွေးနဲ့ ဝက်ကိုလက်တစ်ဘက်ဆီကဆွဲပြီး လက်ဝဲရစ် ပြောင်းပြန်ပတ်ပြီး ပါးစပ်ကလည်း ခွေးလိုအူပြရတယ်။ သူတို့ ရဲ့ လက်ရုံးကြီးတွေဖြစ်တဲ့ ဘိုးတော်တုတွေရဲ့  အကြံပေးချက်အရ အာဏာပလ္လင်ထက်ကနေ ခွေးကျကျပြီး ခွေးမဖြစ်ရလေအောင် ယတြာခြေလိုက်တာ။
ကြိုင်ကြိုင်ဟာ နေပြည်တော်က သူတို့ နေအိမ်မှာ သူတို့ မိသားစုလောက်ဘဲခေါ်ပြီး မင်းဝတ်မင်းစားတွေ ၀တ်၊ မင်းအခမ်းအနားပူံစံပြုလုပ်ပြီး မယ်မယ်ကြီးဘုရားခေါ်ခိုင်းတာတွေဟာလည်း သူတို့ ဖာသာ ရူးနေကြပြီး ဘုရင်စိတ်ပေါက်နေကြတာ။
အာဏာရူးစိတ်တွေ၊ ဘုရင်ရူးစိတ်တွေလောက်တင်မကဘဲ ဒီထက်တောင်ပိုပြီး မြေလျှိုးလို့ မိုးပျံချင်စိတ်တွေကပါ ထကြွလာတော့ မကြံစည်အပ်တာတွေပါ ကြံစည်လာတယ်။ ဇော်ဂျီဖိုဝင်သားစားရင်တော့ ကျိန်းသေပေါက် မြေလျှိုးမိုးပျံလို့ ရမယ်ဆိုပြီး၊ သာမညတောင်ဆရာတော်ဘုရားကြီးရဲ့  ရုပ်ကလပ်တော်ကို ခိုးယူခိုင်းခဲ့တယ်။ လက်ပါးစေ ဘိုးတော်တုတွေရဲ့  အကြံပြုချက်အရ ဖိုဝင်သားမို့ လို့ ဆိုပြီး နေပြည်တော်မှာ သာမညတောင်ဆရာတော်ဘုရားကြီးရဲ့  ရုပ်ကလပ်တော်ကို သန်းရွှေတို့  ကြိုင်ကြိုင်တို့ က ဦးဆောင်ပြီး မီးဖုတ်စားကြပါသတဲ့.။
သန်းရွှေနဲ့ ကြိုင်ကြိုင်တို့  နအဖခေါင်းဆောင်အရူးတွေဟာ ကိုယ်တိုင်းပြည်အတွင်းမှာ အရူးထလုပ်ချင်ရာလုပ်နေရုံတင်မကဖူး၊ အခုဆိုရင် ကုလသမဂ္ဂနဲ့  နိုင်ငံတကာက နာဂစ်မုန်တိုင်းဘေးဒုက္ခအပေါ်အခြေခံပြီး မြန်မာပြည်အရေးကို ၀င်ရောက်ဖြေရှင်းမယ့် အခြေအနေရောက်လာတော့ ကြောက်ဒူးတုန်ပြီး အားကိုးရာမဲ့ဖြစ်ကာ ဘာလုပ်ရမှန်းမသိ ဖြစ်နေကြတယ်။ လုပ်ခဲ့သမျှနာမ်နှိမ်တာတွေ ယတြာခြေတာတွေကလည်း ကမ်းကုန်နေပြီဆိုတော့ အတော့်ကို အကြံခက်နေပြီ။
နောက်ဆုံး ထုံးစံအတိုင်း လက်ရုံးကြီးတွေဖြစ်တဲ့ ဘိုးတော်တုတွေ အောက်လမ်းသမားတွေ မှော်ဆရာယောင်ယောင်တွေကို ကမန်းကတန်း ကယ်ပါဦး အကြံပေးပါဦးဆိုပြီး မေးမြန်းကြရတယ်။
ဒီတော့ ရလာတဲ့အကြံကတော့ အရင်တုန်းက ယတြာခြေတဲ့အနေနဲ့ ရော၊ သန်းရွှေ ဘုန်းတန်ခိုးကြီးဖို့  အတွက်ရော စီမံထားထားတဲ့ သန်းရွှေမျက်နှာနဲ့ ထုလုပ်ထားတဲ့ ကျောက်စိမ်းဘုရားဆင်းတုတော်တစ်ဆူ ရွှေတိဂုံဘုရားမှာ ရှိနေတာကို သတိရလာကြတယ်။ ဒီ သန်းရွှေမျက်နှာတော်နဲ့  ဘုရားဆင်းတုတော်ထုလုပ်ထားတာ လူတွေက မယုံကြည်ကြသေးဖူး။ သန်းရွှေမျက်နှာနဲ့ ဆင်တူတာပါ၊ ဘုရားဘဲ ဘယ်ဘုရားဘဲ ရှိခိုး ရှိခိုးပေါ့ဆိုတာတွေကို ပြည်သူတွေက ရိုးရိုးသားသားတွေးမိကြပေမယ့်၊ သန်းရွှေတို့ က တမင်ရည်ရွယ်ပြီး အကြံနဲ့ စီမံပြုလုပ်ခဲ့တာကိုတော့ သိဖို့ လိုပါတယ်။
ရွှေတိဂုံဘုရားထီးတော်အနားမှာ သန်းရွှေနှင့် မိသားစုကောင်းမှု ဆိုင်းဘုတ်ချိတ်တာတို့ ၊ ဘုရားဆင်းတုတော်မျက်နှာတော်ကို သန်းရွှေမျက်နှာနဲ့  ထုလုပ်တာတို့ ဟာ မြတ်စွာဘုရားကို ဦးတည်ရည်မှန်းရှိခိုးတိုင်း သန်းရွှေကို ရှိခိုးနေရတာမျိုး လုပ်ထားတာ ဖြစ်တယ်။
စောစောကပြောသလို မြန်မာပြည်အရေး ကမ္ဘာ့အင်အားကြီးနိုင်ငံတွေနဲ့  ကုလသမဂ္ဂကပါ လက်တွေ့  ဖြေရှင်းဖို့  အင်အားပြပြီး မြန်မာနိုင်ငံအတွင်း ၀င်လာတော့မယ့် အခြေအနေကနေ လွတ်ကင်းအောင်၊ သန်းရွှေတို့  နအဖအာဏာရူးတွေရဲ့ အသက်အန္တရာယ်ထိခိုက်လာတော့မယ်ဆိုတာ တွေးပြီး ကြောက်ရွ့ံထိတ်လန့် နေကြတာ။
ဒါနဲ့  ဘိုးတော်တုတွေရဲ့ အကြံပေးချက်အရ မြန်မာပြည်ကို လာရောက်ပြောဆိုတဲ့ ဂန်ဘာရီကြီးကို သန်းရွှေမျက်နှာနဲ့ ဘုရားဆင်းတုတော်ရှိရာကို ခေါ်သွားပြီး တရိုတသေလုပ်ခိုင်းတယ်။ တစ်ဘက်လှည့်နဲ့ ဆွဲဆောင်ပြီး လက်နှစ်ဘက်အစုံနဲ့  တောင်းပန်ခယတဲ့ပုံစံနဲ့  ဖြစ်အောင် လုပ်ခိုင်းတယ်။
ဂန်ဘာရီကြီးတင်မကဖူး မကြာသေးခင်က ရောက်လာခဲ့တဲ့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချူပ်ကြီး ဘန်ကီမွန်းကြီးကိုလည်း ဒီလိုတစ်ပုံစံထဲလုပ်ခိုင်းခဲ့တယ်။ မတူညီတဲ့အချိန်ကရောက်လာခဲ့ကြတဲ့ ဂန်ဘာရီရော ဘန်ကီမွန်းကိုပါ နာမ်နှိမ်တဲ့အနေနဲ့  သန်းရွှေမျက်နှာနဲ့ ဘုရားဆင်းတုတော်ကို ခခယယ အရိုအသေပေးခိုင်းခြင်းအားဖြင့် သန်းရွှေကို ဘုန်းတန်ခိုးမြှင့်ပေးစေတာမျိုးဖြစ်အောင်၊ ဂန်နဲ့ ဘန်တို့ ကို သန်းရွှေရဲ့  လက်အောက်ငယ်သားသဖွယ်အနေအထားမျိုးနဲ ဆက်ဆံနေတဲ့ပုံစံဖြစ်အောင် တမင်နာမ်နိမ်ခဲ့တယ်ဆိုတာ အားလုံးသုံးသပ်ကြည့်ရင် သိသာထင်ရှားပါတယ်။ ဘုရားဆင်းတုတော်ကိုလည်း ဒီလို သန်းရွှေမျက်နှာနဲ့  တမင်ထုလုပ်ထားတဲ့ရည်ရွယ်ချက်ဟာလည်း အစီအစဉ်ရှိရှိနဲ့ ဖန်တီးခဲ့တာဆိုတာလည်း ပေါ်လွင်ထင်ရှာပါးတယ်။ ဂန်ဘာရီနဲ့  ဘန်ကီမွန်းရဲ့  အဖြစ်အပျက်ဟာ တစ်ပုံစံထဲ ထပ်တူထပ်မျှကြနေတာ တွေ့ မြင်ရပါတယ်။
ဒီတော့ဗျာ မြန်မာပြည်ကို မလာရောက်ခင်တုန်းကတော့ ဆင်ဖမ်းမယ် ကျားဖမ်းမယ်နဲ့  လေကြီးမိုးကြီးတွေနဲ့  ပြောပြောပြီ လာခဲ့တဲ့ ဂန်ဘာရီရော ဘန်ကီမွန်းရော နအဖသန်းရွှေရဲ့  အောက်တန်းကျကျ အောက်လမ်းနည်းတွေနဲ့ သုံးပြီး ယတြာခြေနာမ်နှိမ်တဲ့ လက်နက်ကြီးနဲ့ တွေ့ သွားတော့ အခုခောတ်မှီလပ်နက်ပစ္စည်းတွေတောင် မသုံးနိုင်တော့လောက်အောင် သဘောထားတွေပြော့ပြောင်းပြီး နေရပ်ကိုပြန်သွားကြလေရဲ့ ဗျာ။
ဂန်ကြီးနဲ့  ဘန်ကြီးတို့ တော့ ဒီလိုနာမ်နှိမ်ခံလိုက်ရတာ သိတောင် သိပါ့မလား မသိဖူး။
(နစ်နေမန်း)။
Saturday, May 31, 2008
ဂန်ကြီးနဲ့  ဘန်ကြီး နာမ်နှိမ်ခံရခြင်း။
Posted by
Niknayman
at
8:04 AM
Friday, May 30, 2008
မုန်တိုင်းဘေးဒုက္ခသည်တွေကို လှူတဲ့ နအဖရဲ့ ကူညီမှု။
ဆီတပုလင်း၊ ကြက်သွန်နီတစ်ဥ၊ အာလူးတစ်ခြမ်းနဲ့  မားမားခေါက်ဆွဲခြောက်တစ်ထုပ် ဖြစ်ပါသတဲ့ဗျာ။
နိုင်ငံတကာက လှူဒါန်းလာတဲ့ အစားအသောက်နဲ့ ပစ္စည်းများ ဘယ်များရောက်ကုန်ပါလိမ့်။ မြန်မာပြည်ဖြစ် မားမားခေါက်ဆွဲထုပ်က အစားရောက်လာပြီး၊ အာလူးတစ်ခြမ်းကလည်း ဘယ်လို မကုန်အောင် စားရပါမလိမ့်။
Posted by
Niknayman
at
8:58 PM
ပုဂံအင်တာနက်ကွန်နက်ရှင်အသစ်အကြောင်း။
ပုဂံနက်က အင်တာနက်ကွန်နက်ရှင်စနစ် အသစ်ပြောင်းလိုက်တာနဲ့  ပတ်သက်ပြီး စုဆောင်းရရှိသမျှကို ပြန်လည်ဖြန့် ဝေ အသိပေးလိုတာကြောင့် အောက်ပါအတိုင်း ဖေါ်ပ်ြလိုက်ပါတယ်။ ရေးသားဖေါ်ပ်ြသူများကို တစ်ဦးချင်းအမည် မဖေါ်ပြဖြစ်ပေမယ့် အားလုံးကို ကျေးဇူးတင်ရှိပါတယ်။
အင်တာနက်ကွန်နက်ရှင်ကို Direct Connection အနေနဲ့ ပြောင်းလိုက်ပါတယ်။
တိုက်ရိုက်ကွန်နက်ရှင် Direct Connection သုံးချင်ရင် Tools ထဲက Options/Network/Settings ထဲကမှ Direct Connection to Internet ဆိုတဲ့ check box လေးကို ရွေးလိုက်ရုံပါ။
ဒီ တိုက်ရိုက်အင်တာနက် ကွန်နက်ရှင်ရဲ့  ကောင်းကျိုးဆိုးကျိုးများကတော့ -
ကောင်းကျိုးတွေက
- လူသစ်တွေအတွက် သုံးရတာ ပိုမိုလွယ်ကူစေနိုင်ပါတယ်။ များသလောက် မကောင်းတဲ့ proxy နံပါတ်တွေ ပြောင်းစရာလည်း မလိုတော့ပါဘူး။
- ကွန်နက်ရှင် ( အရင်ကထက် နည်းနည်း ) ပိုမြန်သလို ခံစားရပါတယ်။
- ဒေါင်းလုပ် လုပ်ရင်တော့ ပိုအဆင်ပြေပါတယ်။
ဆိုးကျိုးတွေက
- ၀က်ဆိုဒ်အတော်များများကို ဘန်း (Ban) ထားပါတယ်။
- proxy အတော်များများ လည်း ဘန်း (Ban) ခံထားရပါတယ်။ Gmail လည်း ဘန်းထား
- Proxy နဲ့တုန်းကဆို နှေးသာနှေးတာ၊ စိတ်ရှည်ရင် အလုပ်ဖြစ်ပါသေးတယ်၊ အခုကျတော့ Access has been denied မြင်နေရပါတယ်။
- Freedom ဖရီးဒမ်း ကို ခံသုံးလို့ မရကြောင်း သိရှိရပါတယ်။
- လုံခြုံစိတ်ချရလားဆိုပြန်တာ့လည်း ဘယ်သူမှ အာမခံရဲမှာ မဟုတ်သေးပါဘူး။ ( ဒီလိုအခြေအနေမျိုးမှာ သူတို့ဘာအကြံရှိလို့ ဒီလို တိုက်ရိုက်ကွန်နက်ရှင်ကို ပေးသုံးတာလဲလို့တောင် သံသယ ပိုဖြစ်နေပါသေးတယ်။ ပြည်သူကိုချစ်လို့တော့ မဟုတ်တာ သေချာပါတယ်။)
အကြံပြုချက်များ။
- သုံးစွဲသူများအနေနဲ့ အထူးသတိထားလေ့လာပြီးမှ သုံးစွဲပါလို့  သတိပေးလိုပါတယ်။ မိမိတို့ ကြည့်ထားတဲ့ စာမျက်နှာများ ကျန်မကျန်ကို စစ်ဆေးကြည့်ဖို့ လိုပါတယ်။
- Highest anonymous proxy တွေကို သုံးကြည့်ပါ. တော်ရုံတန်ရုံ စိတ်မချရတဲ့ proxy များကတော့ မသုံးတာကောင်းပါမယ်။
- Ultra Surf နဲ့  သုံးကြည့်ပါ။ ရ မရ။ Proxies Setting မှာ Direct use ultrasurf ဆိုတာကို ရွေးလိုက်ပြီး သုံးကြည့်ပါ။ Ultra Surf ဆော့ဝဲ မရှိသေးသူများ ဒီမှာ ဒေါင်းလုပ်လုပ်ပါ။ http://www.mediafire.com/?fkmzutm1nmd
- Gmail ကို https နဲ့  အလုပ်လုပ်သေးတယ်လို့  ပြောပါတယ်။ စမ်းသုံးကြည့်ပါ။
- ISA ခံထားသော server ဖြင့် သုံးစွဲသူများအနေနဲ့  ISA server က webchanting မှာ direct connection ကို ပြောင်းလိုက်ပါ။ Proxies Setting မှာ direct connection or server IP တစ်ခုထဲကိုဘဲ ပြောင်းသုံးကြည့်ပါ။
- အကယ်လို့  Direct Connection နဲ့  သုံးနေတဲ့အချိန်မှာ Network Error (tcp_error) ဆိုတာ အောက်ပါအတိုင်းပြလာရင် Refresh ကို နှိပ်ပါ။
A communication error occurred: "" The Web Server may be down, too busy, or experiencing other problems preventing it from responding to requests. You may wish to try again at a later time. For assistance, contact your network support team.
ဆာဗာ Server အသစ်ဖြစ်လို့  Cache ထဲမှာ မရှိသေးလို့ ပါ။
- ပုဂံ proxy အစား www.proxy4free.com ကို သုံးကြည့်ပါ။ ရ မရ။ ပုဂံနက်ဆာဗာပြောင်းလိုက်ပေမယ့် ဆက်သုံးလို့ ရနေသေးတယ်လို့  ကြားရပါတယ်။ စမ်းသပ်ကြည့်ပါ။
- ပုဂံနက်သုံးစွဲသူများ သေချာစွာလေ့လာပြီးမှ မိမိတို့ လုံခြုံရေးအတွက် သတိထား သုံးစွဲကြဖို့  အသိပေးလိုပါတယ်။
Posted by
Niknayman
at
4:39 PM
သြစတြေလျနိုင်ငံ၊ ဗီတိုးရီးယားပြည်နယ်မှ ပြည်နယ်ဝန်ကြီးချူပ်နှင့် ပါလီမန်အမတ်များမှ ပြောကြားချက်။
Posted by
Niknayman
at
9:02 AM
Burmese democratic forces and friends of Burma around the world, calling for an immediate international intervention for food and freedoms in Burma
Posted by
Niknayman
at
9:01 AM
Thursday, May 29, 2008
နိုင်ငံတော်သိက္ခာကျရတာ နအဖကြောင့်။ မုန်တိုင်းဒုက္ခသည်တွေကြောင့် မဟုတ်ပါ။
လေဘေးသင့ိဒုက္ခသည်များရှိရာသို့  သွားရောက် လှူဒါန်း ပြီးပြန်လာသော ကားများအား ရန်ကုန်တိုင်းအ၀င်ရှိ စစ်ဆေးရေးဂိတ်များမှ အထက်ပါ စာများ ပေးဝေလျက် ရှိနေပါတယ်။ ထိုလက်ကမ်းစာစောင်ပါ ရေးသားချက် များသည် ငတ်မွတ်ခေါင်းပါသည့် ဒါဏ်ကို မခံနိုင် ကြပဲ ထမင်းတလုပ်ကို မရှက်မကြောက် တောင်းရမ်းစားသောက်နေကြရသည့်  ဒုက္ခသည်များကို ထောက်ထားစာနာစိတ်မရှိသည့်  လုပ်ရပ်ဖြစ်ပါသည်။
မြန်မာ လူမျိုးတို့ သည် အင်တန်မှ အရှက်အကြောက် ကြီးမားသည်ကိုလည်း ပြည်သူများ သိကြပါသည်။ သို့ သော် ၎င်းစာပါ (မူလ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ လုပ်ကိုင်လိုစိတ်ကို ပျက်ပြားစေပါသည်) ဟူသောအချက်အား ပြောရလျှင် လေဘေးဒဏ်ခံရသောဒေသများရှိ ဒုက္ခသည်များ၏ အဓိက အသက် မွေးဝမ်းကြောင်းမှာ လယ်ယာလုပ်ငန်း ဖြစ်ပါသည်။ လေဘေးသင့် ပြီးသည့် နောက်ပိုင်းတွင် လယ်ယာလုပ် ငန်း လုပ်ကိုင်ကြသူများအဖို့  ခိုင်းစရာ ကျွဲ နွားမရှိ ၊ စိုက်စရာ မျိုးစပါးမရှိ ၊ စားစရာ ၀မ်းစာစပါး မရှိ ၊ ပိုင်ဆိုင်သည့်  လယ်များမှာလည်း ရေဖုံးလွမ်းလျက် ရှိနေပါသေးသည်။ ထိုဒုက္ခသည်များ၏ လတ်တလော ၀မ်းရေးတနပ်စာကိုပင်လျှင် မည် သို့ ဖြေရှင်းကြရမည်နည်း။
တိုင်းပြည်ကို မတရားအုပ်ချူပ်နေသော နအဖအနေဖြင့် လည်း ထိရောက်သော ကူညီကယ်ဆယ်ရေးလုပ်ငန်း များကို လုပ်ကိုင်ခဲ့  ပါသလား။ နအဖအနေဖြင့်  ဖြစ်နိုင်ရင် လေဘေးသင့် သည့် ကိစ္စအား ဖုံးကွယ်ထားချင်နေ ခဲ့သည်၊ မျက်ကွယ်ပြုချင်နေခဲ့သည်။ ဆုံးရှုံးမှု့ တွေ ကြီးမားလွန်းလို့  နိုင်ငံတကာက ၀င်ရောက်လာသောအခါမှသာလျှင် နအဖက ယခင်ပြောထားသော ကယ်ဆယ်ရေးလုပ်ငန်းတွေ ပြီးဆုံး သွားပါပြီ။ ပြန်လည်ထူထောင်ရေးလုပ်ငန်သာ ကျန်ပါတော့ သည်ဆို ပြီး ခပ်တည်တည် နှင့်  နိုင်ငံတကာကို လိမ်ညာခဲ့ သည်များမှာ ဘူးပေါ်သလို ပေါ်ပါတော့ သည်။
ယခုအချိန်တွင် နိုင် ငံတကာမျက်မှောက်မှာ ပြည်သူတွေ ဒုက္ခရောက်လွန်းလို့  တောင်းရမ်းစားသောက်နေရတာ တွေြ့ပန်တော့ လည်း တောင်းစား နေရတဲ့ သူတွေက မရှက် ရဘဲ၊ တာဝန်ကင်းမဲ့ခဲ့တဲ့ သူတို့  နအဖကဘဲ ပြန်ပြီး ရှက်နေပြန်သေးတယ်။ ပြည်တွင်းပြည်ပအလှူရှင်တွေဆီကလည်း ဖြတ်ဘုံးထားတာတွေလည်း ပေါ်ကုန်ပြီ။ ဘယ်အလှူရှင်ကမှလည်း နအဖနဲ့  လက်ပါးစေတွေကို မယုံကြည်ကြဘူး။ လမ်းခုလပ်ကနေ တားဆီးလုယူလိုတဲ့ သူတို့  နအဖလက်ပါးစေတွေ လက်ထဲတော့  အလှူပစ္စည်းတွေ မထားခဲ့ နိုင်ဘူးဆိုပြီး လာတဲ့ အလှူကားတွေ ပြန်လှည့် သွားကြလို့ ၊ ကာလမ်းတလျှောက်ရှိ ကားလမ်းဘေးဝဲယာ မှာရှိကြတဲ့ ကျေးရွာများမှ မုန်တိုင်းဒုက္ခသည်တွေ ထမင်းတစ်နပ် ရေတစ်ခွက်အတွက် ငတ်မရှက်ဖြစ်ရပြီး ဘ၀အသက်ဆက်ရဖို့ အတွက် အလှူရှင်တွေကို မျှော်ပြီး လာရောက်တောင်းရမ်းကြရတာပါ။
တကယ်ဒုက္ခရောက်လို့  ငတ်နေကြလို့  ရိုးရိုးသားသား လာရောက်တောင်းစားတာဟာ နိုင်ငံတော်ဂုဏ်သိက္ခာကို ကျစရာအကြောင်း မရှိပါဘူး။ တကယ်ဂုဏ်သိက္ခာကျစေတာက တိုင်းပြည်နဲ့ ပြည်သူကို ဒုက္ခပေါင်းစုံပေးနေတဲ့ နအဖတွေရဲ့  အသုံးမကျမှု၊ လစ်လျူရှုမှု၊ တာဝန်ကင်းမဲ့မှု၊ ယုတ်မာရိုင်းစိုင်းမှု၊ ခိုးယူတောင်ရမ်းမှုတွေ လုပ်နေကြတဲ့ နအဖတွေနဲ့  လက်ပါးစေတွေကြောင့်သာ နိုင်ငံတော်ဂုဏ်သိက္ခာကျရတာပါ။ ဒါကို ငပြူးက ငပြဲပြန်လုပ်ပြီး မုန်တိုင်းဒုက္ခသည်တွေဖြစ်တဲ့ ဒုက္ခသည်အစစ်တွေကိုများ၊ နိုင်ငံတော်ကျက်သရေယုတ်တွေဖြစ်တဲ့ နအဖတွေကများ ပြန်ပြီး လက်ညှိုးထိုးနေတာ အတော်ဆိုးလှပါတယ်။
အခုလည်း အဲ့ဒီစာထဲမှာ သက်ဆိုင်ရာ ခယက၊ မယက ၊ရယက များနှင့်  ဆက်သွယ် လှူဒါန်းပါတဲ့ ။ သူတို့ ကို ဘယ်အလှူရှင်ကမှ လုံးဝကို မယုံကြည်ကြဘူး။ ဒုက္ခသည်တွေကလည်း မယုံကြည်ကြဘူး။ အဲ့ဒီတော့ လှူဒါန်းလိုတဲ့ အလှူရှင်တွေက နအဖတွေ နဲ့  မပါတ်သက်ချင်လို့  မလှူဒါန်းကြရင် ဒုက္ခသည်တွေဘဲ ငတ်သထက်ငတ်ကြရပါတယ်။ တကယ်ဆိုရင် နအဖအနေနဲ့  ပြည်တွင်းပြည်ပက အလှူရှင်တွေကို ဘာမှ ကန့် သတ်တာ တားဆီးတာ ချုပ်ချယ်တာ နှောင့်ယှက်တာ မရှိဘဲ လွတ်လွတ်လပ်လပ် လှူဒါန်းခွင့် ပြုသင့် ပါတယ်။
အခုလို ပြည်သူတွေထဲက မိမိတို့  တစ်နိုင်တစ်ပိုင် လှူဒါန်းကြတာလည်း နအဖ မလုပ်နိုင်တဲ့၊ နအဖဘဲ လုပ်မနိုငတဲ့ တာဝန်တစ်ရပ်ကို ပြည်သူတွေကနေ အမျိုးသားရေးစိတ်ဓါတ်နဲ့  အသိစိတ်ဓါတ်ရှိစွာနဲ့ ကူညီနေကြတာ ဖြစ်တယ်ဆိုတာ အားလုံးအသိဘဲဖြစ်တယ်။ မိမိလူမျိုးတို့ ၏ ဂုဏ်သိက္ခာကျစေရန် ဘယ်ဒုက္ခသည်မှ ဘယ်အလှူရှင်မှ ရည်ရွယ်ပြီး အလှူခံနေတာ လှူဒါန်းနေတာ မဟုတ်ပါကြောင်း တင်ပြလိုက် ရ ပါတယ်။
ပြည်တွင်းနဲ့  ပြည်ပက လှူနေကြတဲ့ အလှူငွေတွေ အလှူပစ္စည်းတွေကို နအဖနဲ့ ဘက်တော်သားများက ကိုယ်ကျိုးအတွက် ဖြတ်စားလပ်စားလုပ်နေတာတွေ၊ တကယ်ကူညီတာမဟုတ်ဘဲ နာမည်ကောင်းယူရေးအတွက် အလှူရှင်လက်ဘက်နဲ့  မျက်နှာကောင်းလုပ်နေတာတွေ၊ ဒုက္ခသည်တွေကို ဘန်းပြပြီး နအဖက နိုင်ငံခြားငွေတွေကို သူတို့ လက်ထဲ တိုက်ရိုက်ပေးဖို့  ဘီလီယံနဲ့ ချီပြီးတောင်းခံနေတာတွေကို ရပ်တန်းက ရပ်ဖို့ ကိုလည်း ပြောလိုပါတယ်။
(ပြည်တွင်းမှ မြန်မာပြည်သူများ)။
Posted by
Niknayman
at
7:24 PM
ပြိုင်တူ တွန်းလျှင် ရွေ့ နိုင်ပါသည်။
Posted by
Niknayman
at
5:22 PM
Wednesday, May 28, 2008
လှည်းတန်း၊ ယုဇနပလာဇာ၊ မြေနီကုန်းနဲ့  ဒဂုံမြို့ သစ်တစ်ဝိုက်မှာ မျိုးဆက်သစ်လူငယ်များအစည်းအရုံး (Generation Wave) မှ ကြေညာချက်များ လိုက်လံဖြန့် ဝေ။
Posted by
Niknayman
at
9:08 PM
ဘိုကလေးမြို့ မှ ဖြစ်ပျက်နေသော အဖြစ်အပျက်များ။
Posted by
Niknayman
at
8:46 AM
အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ် (လွတ်မြောက်နယ်မြေ) မှ ထုတ်ပြန်ချက်။
Posted by
Niknayman
at
6:10 AM
Tuesday, May 27, 2008
ယနေ့  ဆန္ဒပြပွဲတွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့သူတစ်ဦးမှ ပြောပြချက်။
ကျွန်တော်တို့  ချီတက်ဆန္ဒပြဖို့  ဆိုင်းဘုတ်တွေ ပြင် ဆင် နေ ကြ တယ်။ နေ့ လည် (၁) နာ၇ီကျော်ကျော်လောက်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ် ရုံးရှေ့ မှာ တန်းစီပြီ စတင်ဆန္ဒ ပြ ကြ ပါတယ်။ ပြီး တာ နဲ့  အရှေ့  ဘက် ရွှေဂုံတိုင် မီး ပွုင့်  ဘက် ကို စီတန်း ပြီး လမ်း လျှောက် ကြ တယ်။ အဲ့ ဒီအချိန် မှာ မိုးက လည်း ပို ကောင်း လာ တယ်။ ကင် မရာ သမားတွေ လဲ မိုးထဲ မှာ ပဲ အပြေး အလွှား ရိုက် နေ ကြ တယ်။ ကျွန်တော်တို့  တရုတ်ဘုံ ကျောင်းရှေ့  ရောက် တော့  လုံထိန်းကားတစီး ထွက် လိုက် လာ တယ်။ သူတို့  က လမ်း တဖက် မှာ ကျွန်တော်တို့  လူငယ်တွေက ဒီဘက် မှာ ဆန္ဒပြချီတက်နေကြတယ်။
Posted by
Niknayman
at
8:55 PM
ယနေ့  ဒေါ်အောင်ဆန်းစုကြည်နေအိမ်သို့ ဆန္ဒပြသွားကြသူများထဲမှ အဖမ်းခံရသူများစာရင်း။
၁။ ထွန်းထွန်းဝင်း (စမ်းကျောင်းတာဝန်ခံ - ၁)၊
၂။ ရန်နိုင်းထွန်း (ကြည့်မြင်တိုင်တာဝန်ခံ - ၁)၊
၃။ ကျော်မျိုးနိုင် (တာမွေတာဝန်ခံ - ၂)၊
၎။ ကိုထွန်းဝင်းသိန်း (မင်္ဂလာဒံ)၊ု
၅။ ကိုလှမျိုးနိုင် (မင်္ဂလာဒုံ)၊
၆။ ဆရာအောင်ဖေ (တွံ့တေး)၊
၇။ ထက်ထက်ဦးဝေ (ရွှေပြည်သာ)၊
၈။ မျိုးကျော်ဇင် (လှိုင်သာယာ)၊
၉။ သက်နိုင်ထွန်း (လှိုင်သာယာ)၊
၁၀၊ ဆန်းနိုင် (လှိုင်သာယာ)၊
၁၁။ ကျော်နိုင် (လှိုင်သာယာ)၊
၁၂။ ပြည့်ပြည့် (စမ်းချောင်း)၊
၁၃။ ထက်စိုးလင်း (ဒလတာဝန်ခံ - ၁)၊
၁၄။ စောပြည့်ဖြိုးအောင် (ဒလ)၊
၁၅။ ၀င်းမြင့်မောင်
Posted by
Niknayman
at
6:02 PM
ဒီနေ့  ဒေါ်အောင်ဆန်းစုကြည်အိမ်ဆီသို့  ချီတက်ဆန္ဒပြကြတဲ့ NLD အမျိုးသမီးအဖွဲ့ နဲ့ လူငယ်တွေပါ။
Posted by
Niknayman
at
4:38 PM
လွတ်လပ်ရေးကို အရင်တိုက်ယူရသည်။
ကျွန်တော်တို့  လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် တောင်းဆိုနေရုံနဲ့ မရ၊ ပြည်သူလူထုတစ်ရပ်လုံးက နအဖကို တော်လှန်တိုက်ပွဲဝင်မှ ဒေါ်အောင်ဆန်းစုကြည်နဲ့  နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေးအတွက် လက်တွေ့  ကြိုးစားရာရောက်မယ်။
Posted by
Niknayman
at
10:34 AM
Monday, May 26, 2008
လှူတဲ့သူတွေကိုရော နအဖက လိုက်ဒုက္ခပေးနေတာ ဆိုးလွန်းတယ်။
Posted by
Niknayman
at
8:58 PM
သြစတြေလျကလည်း စစ်လေယာဉ်တစ်စင်း စေလွှတ်မယ်။
Posted by
Niknayman
at
8:32 PM
တော်လှန်တိုက်ပွဲ တက်ညီလက်ညီ ဆင်နွဲကြစို့ ။
Posted by
Niknayman
at
8:00 PM
မစိုးရိမ်ကျောင်းတိုက်ကြီးမှလည်း တစ်ဆင့် လှူဒါန်းနိုင်ပါသည်။

လှူဒါန်းဆက်သွယ်ရန် လိပ်စာ(မြန်မာပြည်တွင်း)။
နာယကဆရာတော်များအဖွဲ့
မစိုးရိမ်ကျောင်းတိုက်ကြီး
ဦးဓမ္မသာမီဘိဝံသ- ဖုန်း- ၀၉-၂၀၃၅၆၄၅
ဦးသီလာနန္ဒာဘိဝံသ-ဖုန်း-၀၉-၂၀၃၅၆၇၄
မစိုးရိမ်ကျောင်းတိုက်ကြီး
၈၇ လမ်း၊ ၃၆x၃၇ လမ်းကြား၊ မန္တလေး။
လှူဒါန်းဆက်သွယ်ရန် လိပ်စာ(ပြည်ပ)။
ဦးပညာဇောတ
မော်စန္ဒရ၀မ်း မန္တလေးကျောင်းတိုက်
မယ်စရီယန်မြို့
ထိုင်းနိုင်ငံ
ဖုန်း- ၀၈၆-၁၈၂၉၅၂၆
Email: pinnajota@gmail.com
Bank Account: 509-1638199
Bank: Krung Thai Bank
Posted by
Niknayman
at
4:47 PM
မြန်မာပြည်မှ သူခိုးကြီးများသို့ ။
Posted by
Niknayman
at
3:50 PM
ဘန်ကောက်ရှိ နအဖသံရုံးမီးလောင်။
ဘန်ကောက်က နအဖသံရုံးး မီးလောင်ပါတယ်။ မီးသတ်ကား လေးစီး သံရုံးထဲကို ၀င်သွားပါတယ်။ ထိခိုက်ဒဏ်ရာရသူ မရှိပါ။ မီးလောင်ရတဲ့အကြောင်းရင်း မသိရပါ။ သံရုံးအထပ်တစ်ထပ်ပျက်စီးသွားတယ်လို့  ကြားရပါတယ်။ သံရုံးအဆာက်အဦး ဒုတိကအထပ်ကနေ စတင်မီးလောင်တာလို့  သိရပါတယ်။ နအဖသံရုံးက အမည်မဖေါ်လိုသူတစ်ဦးပြောတာကတော့ လျှပ်စစ်ဝါယာကြိုးက စလောင်တာလို့ ပြောပါတယ်။ သူရဲ့ ပြောဆိုမှု မှန်ကန်ကြောင်း အတည်မပြုနိုင်သေးပါ။ နအဖသံရုံးမီးလောင်မှုဟာ နအဖရဲ့ မရိုးသားမှုတွေရှိနေနိုင်တယ်၊ နအဖရဲ့  လုပ်ကြံမီး ဖြစ်နိုင်တယ်လို့ လည်း ပြောဆိုနေကြပါတယ်။
Posted by
Niknayman
at
9:47 AM
Sunday, May 25, 2008
နအဖမဲရုံမှူးများ မူးနေကြသည်။
ဘာလည်းဗျ။ ဆန္ဒခံယူပွဲဆိုတာ။ ပြောပုံကတမျိုး လုပ်နေကြတာက တမျိုးပါလား။ လူတယောက်ချင်းစီ ရဲ့ဆန္ဒကို လူကြုံထည့်ပေးလို့ ရလား။ ကိုယ်စားထည့်ပေးလို့ ရ လား။ ခင်ဗျားတို့ ရဲ့ ရပ်ကွက် အာဏာပိုင်တွေက ခင်ဗျားတို့ မဲရုံကို မလာနိုင်ရင်လဲ ခင်ဗျားတို့  ကိုယ်စား ကျနော်ဘဲ မဲ ထည့် ပေးလိုက်ပါ့ မယ်ဆိုပြီး ကယ်တင်ရှင်ကြီးတွေ ပုံစံလုပ်ပြီး ခင်ဗျားတို့ ကိုယ်တိုင် မဲအစားထည့်ပေးလို့  ရမလား။
လျွှိဝှက်မဲပေးစနစ်ဆိုတာ မိမိကလွဲရင် တခြားမည်သူတဦးတယောက်မျှ သိခွင့် မရှိ ကြရဘူးဆိုတာ နားမလည်ကြဖူးလား။ အခုဟာကတမျိုးပါလား။ ကျနော် မဲသွားထည့်တော့  မဲရုံမှူးကို ကျနော်ပြောတယ် အိမ်က ကျနော့်မိသားစုတွေ ခရီးထွက်သွားကြတယ်ဆိုတော့၊ မဲရုံမှူးတစ်ယောက်က “ဒါဆိုရင် မင်းပဲသူတို့ ကိုယ်စား ထည့်သွားလိုက်ပေါ့ တဲ့။ မင်းဘာထည့်ရမှန်း မသိရင် ငါတို့  ထည့်ပေးလိုက် ပါ့ မယ်တဲ့ ” အဲ့ဒီလို မဲဆန္ဒပေးလို့  ရ လို့  လား။ ကျနော်တော့  နားလည်ထားတာက တစ်မျိုး သူတို့ လုပ်နေတာတွေ က တစ်မျိုး မြင်တွေ့ ခဲ့ ရ တော့  စဉ်းစားမိတယ်။ မဲရုံမှူးးသင်တန်းမှာ အခုလို အချက်တွေ သင်ခဲ့ရလားပေါ့။ ဒါမှမဟုတ် နိုင်ငံတော်အကြီးအကဲဆိုသူတွေက သူတို့  ကိုယ်တိုင်မသမာမှုတွေ နဲ့  အနိုင်ယူချင်ကြလို့  ကလိမ်ကကျစ် နည်းတွေကို မဲရုံ မှုးများကို ပို့  ချခဲ့ လေသလား။
ကျနော်တို့  နိုင်ငံမှာ လည်း လူတချို့  က ကိုယ့် ထမင်းကိုယ်စားပြီး ဘကြီးနွားကျောင်းနေတဲ့ သူတွေ ရှိ နေ တယ် ဗျ။ ထမင်းတစ်လုပ်အတွက် ကိုယ်သိက္ခာကို အကျခံတာ အံ့ပါရဲ့ ဗျာ။ ပုံမှာပါရှိတဲ့  မဲ ရုံ မှုး နှစ်ဦး ကတော့  ညနေ မဲရုံပိတ်အပြီးမှာ အရက်ဆိုင်သို့ ရောက်လာပြီး ဘယ်သူတွေ က ကြက်ခြေခတ်ထည့်သွားတဲ့အကြောင်း၊ အဲ့လို ကြက်ခြေခတ်ထည့်သွားသူတွေကို မှတ်ထားကြောင်း၊ အဲ့ဒီသူတွေကို နောင်တစ်ချိန်မှာ ပြသနာရှာမယ်ဆိုတဲ့ အကြောင်းများကို အရက်ဆိုင်အတွင်းမှာ အော်ကြီးဟစ်ကျယ်နဲ့ ၀င့်  ၀င့်ကြွားကြွား လေလုံးထွားစွာနဲ့  စွာပြောဆိုနေတာကို ကျနော်ကိုယ်တိုင် နားနှင့်  ဆက်ဆက်ကြားခဲ့ ရ ပါတယ်။
ဒီလို ပြည်သူများက မိမိဆန္ဒအမှန်ကို ထုတ်ဖော်ရာမှာ အငြိုးအတေးတွေထားခွင့် ရှိပါသလား။ အဲ့ဒီလို ရိုင်းစိုင်းစွာ ပြောဆိုနေကြတဲ့သူများကိုလည်း အခြခံဥပဒေ ရေးဆွဲနေသည့်သူများက ဥပဒေကင်းလွတ်ခွင့် ပေးထား ကြပါသလား ဆိုတာကိုတော့  တစ်ဆင့် စကားတစ်ဆင့် နားနှင့်  ပြော ပြကြစမ်းပါဗျာ။
Posted by
Niknayman
at
10:17 PM
ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များ၏ သဘောထားထုတ်ပြန်ကြေညာချက် (မေလ ၂၃၊ ၂၀၀၈)။
Posted by
Niknayman
at
7:06 PM
ဂျပန်နိုင်ငံမှ မျိုးချစ်မြန်မာများရဲ့  မုန်တိုင်းဘေးဒုက္ခသည်များအတွက် အလှူကောက်ခံမှု။
Posted by
Niknayman
at
8:57 AM
Saturday, May 24, 2008
မြန်မာပြည်မှ မုန်တိုင်းဘေးဒဏ်သင့်ကလေးများအတွက် ကူညီမှု။
Bunnings Warehouse ဟာ သြစတြေလျတစ်နိုင်ငံလုံးမှာ ထင်ပေဓကျော်ကြားတဲ့ဆိုင်ကြီးတွေရှိပါတယ်။ မြန်မာပြည် နာဂစ်မုန်တိုင်းဘေးဒဏ်ခံရသူ ကလေးသူငယ်များကို ကူညီဖို့  အတွက် ရံပုံငွေရှာဖွေရေးအတွက် တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့  လုပ်ကြပါတယ်။ အစားအသောက်ရောင်းချပြီး ရလာတဲ့ငွေများအားလုံးကို Save The Children ဆိုတဲ့ အဖွဲ့ အစည်းကနေ မြန်မာပြည်တွင်းရှိ ဒုက္ခသည်ကလေးများထံ တိုက်ရိုက်ပေးပို့ သွားမှာ ဖြစ်ပါတယ်။ မြန်မာပြည်တွင်းမှာ သွားရောက်ကူညီနေတဲ့ Save The Chilredn အဖွဲ့ ခွဲကနေ တစ်ဆင့် ကူညီမှုလုပ်ငန်းတွေကို လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့  သိရှိရပါတယ်။ မျိုးချစ်မြန်မာများလည်း သွားရောက်အားပေးကြကြောင်းသိရှိရပါတယ်။
(သတင်းပေးပို့ လာတဲ့ ကိုသီဟအား ကျေးဇူးတင်ရှိပါတယ်)။
Posted by
Niknayman
at
9:13 AM
Friday, May 23, 2008
မုန်တိုင်းကြောင့် မသေ၊ ရောဂါတွေကြောင့် သေတော့မယ်။
ကွမ်းခြံကုန်းမြို့နယ် ကျွန်းချောင်းကျေးရွာအုပ်စုတွင်းမှာရှိတဲ့ ရွာတွေအနီးမှာ မုန်တိုင်းဒဏ်ကြောင့် ကျွဲနွားတိရိစ္ဆာန်တွေပါ သေကြေပျက်စီးကြပါတယ်။ ဒါပေမယ့်  အခုချိန်ထိ ဒီတိရိစ္ဆာန်အသေကောင်တွေ ရေတွေထဲ လယ်တွေထဲမှာ ပုပ်စော်နံစွာနဲ့  ရှိနေပါတယ်။ အခုဆိုရင် ဒုက္ခသည်တွေမှာ ၀မ်းရောဂါတွေ ရနေပါတယ်။ သူတို့ ကို နအဖဘက်ကလည်း လုံးဝ စောင့်ရှောက်တာ မရှိပါ။ မုန်တိုင်းကြောင့် မသေဘဲ ကျန်နေခဲ့ပေမယ့် ၊ ရောဂါဆိုးတွေကြောင့် အသက်ဆုံးရှုံ့းမယ့်  အခြေအနေရောက်နေပါတယ်။ အားလုံးဝိုင်းဝန်းကူညီပေးကြပါဗျာ။ သက်ဆိုင်ရာမိမိတို့  နိုင်ငံဒေသက ကျန်းမာရေးဘက်ဆိုင်ရာဌာနတွေကို အသိပေးပေးကြပါဗျာ။ ဆေးဝါးအကုအညီတွေ သူတို့ ထံ တိုက်ရိုက်ရောက်အောင် ဆောင်ရွက်ပေးကြပါ။ ဆေးပညာရှင်တွေ မိမိတို့ တတ်ကျွမ်းတဲ့ပညာနဲ့  အသက်ကယ်ပေးကြပါဗျာ။







Posted by
Niknayman
at
11:25 PM